25-5-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
သရက် ကုန်ချောထုတ် စက်ရုံများနှင့် ထုတ်ပိုးပစ္စည်း စက်ရုံများ ရှိလာသဖြင့် ယခုနှစ် သရက်သီးဈေးကွက် ပိုမို တွက်ခြေ ကိုက်လာနိုင်ဖွယ် ရှိနေ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1012
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
မော်လိုက်မြို့နယ် ကလေးဝမြို့နယ်အတွင်း တည်ရှိသည့် မဟာမြိုင်တောကို ဘေးမဲ့တောအဖြစ် သတ်မှတ်မည်

စစ်ကိုင်းတိုင်းဒေသကြီး မော် လိုက်မြို့နယ်နှင့် ကလေးခရိုင် ကလေးဝမြို့နယ် မင်းကင်းမြို့နယ်တို့ အတွင်း တည်ရှိနေသည့် မဟာမြိုင် တောကို သဘာဝထိန်းသိမ်းရေးနယ် မြေ ဘေးမဲ့တောအဖြစ် သတ်မှတ် နိုင်ရန် စီစဉ်နေပြီဖြစ်ကြောင်း စစ် ကိုင်းတိုင်းဒေသကြီး သစ်တောဦးစီး ဌာနမှ တာဝန်ရှိတစ်ဦးက ဖေဖော်ဝါ ရီ ၂ဝ ရက်က ပြောသည်။

''မဟာမြိုင်တောဟာ သစ်တော ဧရိယာကလည်း ကျယ်ဝန်းပြီး အဖိုး တန်သစ်ကြီးဝါးကြီးတွေ ကျန်ပါ သေးတယ်။ အမြန်ဆုံး ထိန်းသိမ်းဖို့ လိုအပ်နေတာဖြစ်ပါတယ်။ အထူးသ ဖြင့် အခုနှစ်ပိုင်းတွေမှာ မဟာမြိုင် တောထဲက အဖိုးတန် သစ်ဝါးနဲ့ ရှား ပါးတောတိရိစ္ဆာန်တွေရဲ့ တန်ဖိုးတွေ ကလည်း မြင့်မားလာနေတာဖြစ်တဲ့ အတွက် ကာကွယ်တားဆီးမှုတွေကို အရင်ဆုံးလုပ်နိုင်ဖို့ လိုပါတယ်''ဟု သဘောဝချစ်သူများအဖွဲ့ (ကလေး) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကလေးဝ၊ မင်းကင်း၊ မော်လိုက် မြို့နယ် အတွင်းရှိ မဟာမြိုင်တော သည် သစ်တောဦးစီးဌာန၏ သစ် တောကြိုးဝိုင်းအဖြစ် သတ်မှတ်ထား သော နေရာဖြစ်သော်လည်း တရား မဝင်သစ်ဝါးခုတ်ယူနေမှု၊ တောပျော် တိရစ္ဆာန်များ တရားမဝင်ဖမ်းဆီး သတ်ဖြတ်နေမှုတို့ကို တာဝန်ရှိများက တားဆီးအရေးယူမှုများဆောင်ရွက် နေရာ ဝန်ထမ်းအင်အားနည်းပါးမှု၊ သစ်တော ကြိုးဝိုင်းနေရာ ကျယ်ဝန်းမှု တို့ကြောင့် ထိထိရောက်ရောက် ကာ ကွယ်ဆောင်ရွက်နိုင်မှုအားနည်းနေ သေးကြောင်း သစ်တော ဝန်ထမ်း တာဝန်ရှိတစ်ဦးက ပြောသည်။

မဟာမြိုင်တောကို သစ်တောဦး စီးဌာနမှ သစ်တောကြိုးဝိုင်းအဖြစ် သတ်မှတ်ထားခဲ့ခြင်းဖြစ်ပြီး ၂ဝဝ၂ ခုနှစ်တွင် ဘေးမဲ့တောအဖြစ် သတ် မှတ်ရန် သက်ဆိုင်ရာသို့ အဆိုပြု ထားခဲ့ခြင်းဖြစ်ရာ လာမည့် မတ်လ တွင် သဘာဝဘေးမဲ့ တောအဖြစ် စတင်အတည်ပြု သတ်မှတ်နိုင်မည် ဖြစ်ကြောင်း သစ်တောဦးစီးဌာနမှ ထုတ်ပြန်သည့် သတင်းများအရ သိရ သည်။

မဟာမြိုင်ဘေးမဲ့တောအတွင်း ရွက်ပြတ်တော၊ အင်တိုင်းတောများပါ ရှိပြီး ယင်းတောအတွင်း ရှားပါးတော ရိုင်း တိရိစ္ဆာန်များ ငှက်များရှိကြောင်း နှင့် မော်လိုက်မြို့နယ်၊ ကလေးဝမြို့ နယ် အတွင်း သစ်တောဧရိယာသည် ၄၅၅ ဒသမ ၇၅ ဧက ကျယ်ဝန်း သည်ဟု သိရသည်။

ယခုအခါ သစ်တောဦးစီးဌာန များမှ ဘေးမဲ့တောအတွင်းကွင်းဆင်း လေ့လာခြင်း၊ စစ်ဆေးခြင်း၊ စိစစ်ခြင်း၊ အတည်ပြုပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ မကြာမီကာလ အတွင်း လုပ်ငန်းအတည်ပြု ဆောင် ရွက်နိုင်မည်ဖြစ်ကြောင်း စစ်ကိုင်း တိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ ထုတ်ပြန်သည့် သတင်းများအရ သိရ သည်။

ကြာကြာကွတ်
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.