25-5-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ကလေး ခရိုင်အတွင်း ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွင်း သစ်ထုတ်လုပ်ခွင့်ပြုမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1012
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
နှစ်နိုင်ငံ ပူးတွဲရေမိုင်လှည့်ကင်းဆောင်ရွက်ခြင်းကို တစ်လတစ်ကြိမ် ပြုလုပ်လိုကြောင်း ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ရင်း BGB မြန်မာနယ်ခြားစောင့်ရဲကို ကမ်းလှမ်း

နှစ်နိုင်ငံပူးတွဲရေမိုင်လှည့်ကင်း ဆောင်ရွက်ခြင်းကို တစ်လတစ်ကြိမ် ပြုလုပ်လိုကြောင်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ရင်း  BGB မြန်မာနယ်ခြားစောင့်ရဲကို ကမ်းလှမ်း ထားကြောင်း သတင်းရရှိသည်။
    မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နယ် ခြားမြစ်ဖြစ်သည့် နတ်မြစ်အတွင်း ပူးတွဲရေမိုင်လှည့်ကင်းဆောင်ရွက် ခြင်းကို ဖေဖော်ဝါရီ ၁၆ ရက်မှ ၁၉ ရက်ထိ ဆောင်ရွက်ခဲ့သည်။
    ယင်းသို့ ရေမိုင်လှည့်ကင်း ဆောင်ရွက်မှုအပြီး မောင်တောနယ် စပ်နယ်ခြားစောင့်ရဲတပ်ဖွဲ့ တာဝန်ရှိ သူများနှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြား စောင့်တပ်ရင်း တာဝန်ရှိသူများ တွေ့ ဆုံဆွေးနွေးမှုတစ်ရပ်ကို ဖေဖော်ဝါရီ ၁၉ ရက်က မကျည်းချောင်းဝတွင် ပြုလုပ်ခဲ့ရာ တစ်လတစ်ကြိမ် ပူးတွဲ ရေမိုင်လှည့်ကင်းဆောင်ရွက်ရန် ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း နယ်ခြား စောင့်ရဲအရာရှိတစ်ဦးက ပြောသည်။
    ထို့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်မှ မြန်မာနိုင်ငံအတွင်းသို့ တရား မဝင်ဝင်ရောက်လာသော ဘင်္ဂလား ဒေ့ရှ်နိုင်ငံသားများအား ဥပဒေအရ အရေးယူကာ နှစ်နိုင်ငံ ချစ်ကြည်ရေး အနေဖြင့် လွှဲပြောင်း၊ လက်ခံဆောင် ရွက်စေလိုကြောင်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တာဝန်  ရှိသူများက ကမ်းလှမ်းခဲ့သည်ဟု အထက်ပါ ရဲ အရာရှိက ပြောသည်။
    မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်ခြား မြစ်ဖြစ်သည့် နတ်မြစ်အတွင်း လေး ရက်ကြာ ပြုလုပ်ခဲ့သည့် နှစ်နိုင်ငံပူး တွဲ ရေမိုင် လှည့်ကင်း ဆောင်ရွက်ရာ တွင် ထူးခြားမှုတစ်စုံတစ်ရာမရှိခဲ့ ကြောင်း သတင်းရရှိသည်။

မောင်ကံ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.