14-12-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1041
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
နယ်ခြားစောင့်ရဲစခန်းများ တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ တာဝန်ရှိသူတစ်ချို့ကို အရေးယူ

မောင်တောမြို့နယ်မြောက်ပိုင်း ကျီးကန်းပြင်ကျေးရွာအခြေစိုက် အမှတ် ၁ နယ်ခြားစောင့် ရဲကွပ်ကဲ မှုအဖွဲ့မှူးရုံး (ဌာနချုပ်) အပါအဝင် ငါးခူရနှင့် ကိုးတန်ကောက် ရဲစခန်းများ အကြမ်းဖက်တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ နယ်ခြားစောင့်ရဲကွပ်ကဲ ရေးမှူး ရဲမှူးချုပ် မောင်မောင်ခိုင်ကို ထောင်ဒဏ် နှစ်နှစ်၊ ဒုကွပ်ကဲရေးမှူး ရဲမှူးကြီး ဇေယျဟန်ကို ထောင်ဒဏ်တစ်နှစ်နှင့် အမှတ် နှစ် နယ်ခြားစောင့် ရဲကွပ်ကဲမှုအဖွဲ့ခွဲ ဒုရဲမှူးကြီးကျော်တေဇကို ထောင်ဒဏ်သုံးနှစ်စီ ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။
    ''ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးရေး ခုံရုံးဖွဲ့တယ်။ ပြီးတော့ ရဲတရားရုံးရှိတယ်။ အဲဒီလို လုပ်တာလို့ သိရတယ်''ဟု နိုင်ငံတော် သမ္မတရုံးပြော ရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြော သည်။
    ၂ဝ၁၆ ခုနှစ် အောက်တိုဘာ ၉ ရက် နံနက်အစောပိုင်းက မောင် တောအခြေစိုက် နယ်ခြားစောင့်ရဲ ဌာနချုပ်အပါအဝင် ငါးခူရနှင့် ကိုး တန်ကောက်ရဲစခန်း အကြမ်းဖက် တိုက်ခိုက်ခံရမှုကြောင့် ရဲတပ်ဖွဲ့ဝင် ကိုးဦး သေဆုံးခဲ့ပြီး ရဲတပ်ဖွဲ့ဝင်နှင့် အရပ်သားဆယ်ဦး ထိခိုက်ဒဏ်ရာရ ရှိခဲ့ကာ လက်နက် ၆၇ လက်၊ ကျည် ၁ဝ၉၃ဝ၊ ကျည်အိမ် ၁၇၃ ခု၊ လုံးစွပ် ၄၇ ပါ ဆုံးရှုံးခဲ့ရသည်။
    ယင်းသို့ နယ်ခြားစောင့်ရဲဌာနချုပ် အပါအဝင် ရဲစခန်းများ အကြမ်းဖက်တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ ကွပ်ကဲရေးမှူးအပါအဝင် ဒုတိယ ကွပ်ကဲရေးမှူးနှင့် နယ်ခြား စောင့်ရဲတပ်ဖွဲ့ခွဲ တပ်ရင်းမှူးတို့ကို ပြည်ထဲရေး ဝန်ကြီးဌာနတာဝန်ရှိသူ များက အကြမ်းဖက်တိုက်ခိုက်ခံရပြီး ရက်ပိုင်းအတွင်း နေပြည်တော်သို့ ခေါ်ဆောင်ကာ လိုအပ်သော စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရ သည်။
    အခင်းဖြစ်ပွားသည့် ၂ဝ၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်တွင် နယ်ခြားစောင့်ရဲတပ်ကွပ်ကဲရေးမှူး ရဲမှူးချုပ် မောင်မောင်ခိုင်သည် မောင်တောမြို့နယ်တွင် မရှိဘဲ မင်းပြားမြို့ နယ်သို့ ရောက်ရှိနေကြောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် အများစုက ပြောသည်။
    မောင်တောအခြေစိုက် နယ်ခြားစောင့်ရဲဌာနချုပ်နှင့် ရဲစခန်းများ အကြမ်းဖက်တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ တာဝန်ရှိသူများကို ရဲတရားရုံးများ ဖွင့်လှစ်ကာ စုံစမ်းစစ်ဆေးမှု များပြုလုပ်ခဲ့ပြီး လိုအပ်သော အရေးယူမှုများကို ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။      

မောင်ကံ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.