25-5-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
သရက် ကုန်ချောထုတ် စက်ရုံများနှင့် ထုတ်ပိုးပစ္စည်း စက်ရုံများ ရှိလာသဖြင့် ယခုနှစ် သရက်သီးဈေးကွက် ပိုမို တွက်ခြေ ကိုက်လာနိုင်ဖွယ် ရှိနေ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1012
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
ချင်းတွင်းမြစ်အတွင်း သဲသောင်ဖြစ်ထွန်းမှု များခြင်းကြောင့် စက်လှေများနှင့် အမြန်ရေယာဉ်များ သွားလာရေး အခက်ကြုံ

စစ်ကိုင်းတိုင်းဒေသကြီး မော် လိုက် ကလေးဝ မင်းကင်းမြို့နယ် အ တွင်း ဖြတ်သန်းစီးဆင်းသည့် ချင်း တွင်းမြစ်ကြောင်း အတွင်း သဲသောင် ဖြစ်ထွန်းမှု နှစ်တိုင်းထက်များပြားလာသည့်အတွက် ရေကြောင်းသွား စက် လှေများနှင့် အမြန်ရေယာဉ်များ အခက် အခဲဖြစ်နေကြရကြောင်း မုံရွာ အခြေစိုက် MGRG အမြန်ရေယာဉ် အသင်းမှ ရေယာဉ်ပိုင်ရှင်တစ်ဦးက ပြောသည်။

''ဟိုတုန်းက အမြန်ရေယာဉ်၊ သင်္ဘောတွေဆိုတာ မင်းကင်းဆိပ် ကမ်းမှာ ဝင်ဆိုက်ကပ်လို့ရတယ်။ အခုတော့ မင်းကင်း အထက် ဘက် တောင်ယာတောရွာဆိပ်ကမ်းမှာ ဆိုက်ကပ်နေရတယ်။ မင်းကင်းမြို့ အထက်ဘက်မှာ သဲသောင်ထွန်းမှုက လည်း တစ်နှစ် ထက်တစ်နှစ်ကြီးမား လာသလို၊ မင်းကင်းဆိပ်ကမ်းနဲ့ မျက်နှာချင်းဆိုင်ကျွန်းတော်မှာလည်း သဲနုံးတင်မှုကြီးမားလာတဲ့အတွက် ချင်းတွင်းမြစ်မှာ ရေလက်ကြားတွေ ဖြစ်လာပြီးဆိပ်ကမ်းအဝင်အထွက် အခက်အခဲဖြစ်လာသလို ရေယာဉ် တွေအတွက် အသွားအလာလည်း ခက်လာတယ်''ဟု မင်းကင်းမြို့ဒေသ ခံ တစ်ဦးက ပြောသည်။

 မော်လိုက်မြို့နယ်၊ ကလေးဝမြို့နယ်၊ မင်းကင်းမြို့နယ်တို့အတွင်း ဖြတ်သန်းစီးဆင်းသော ချင်းတွင်းမြစ် ကြောင်းသည် တစ်နှစ် ထက်တစ်နှစ် ရေကြောင်း ပြောင်းလဲမှုကြီးမားစွာ ဖြစ်ပေါ်နေပြီး ယခင်နှစ်များက သဲ သောင်ထွန်းမှုထက် ယခုနှစ် သဲ သောင်ထွန်း မှုမှာ အကြီးမားဆုံးဖြစ် ကြောင်း မော်လိုက်မြို့ ရေယာဉ်များ စနစ်တကျပြေးဆွဲရေး ကော်မတီမှ တာဝန်ရှိတစ်ဦးက ပြောသည်။

ချင်းတွင်းမြစ်ကြောင်းအတွင်း ပြေးဆွဲနေသည့် ကုန်တင်ရေယာဉ်၊ ခရီးသည်တင် ရေယာဉ်များသည် ချင်းတွင်းမြစ်အတွင်း သဲသောင် ခုံ ဖြစ်ထွန်းမှုများသည့်အတွက် ရေ ကြောင်းကောင်းမွန်ချိန် တစ်ညအိပ် ခရီးကို နှစ်ညအိပ်ခရီးအဖြစ် သွား လာနေရကြောင်း ကလေးဝမြို့ဒေသ ခံ ခရီးသွားတစ်ဦးက ပြောသည်။

''ကျွန်တော်တို့ မော်လိုက်ဆိပ် ကမ်းနဲ့ ကလေးဝ၊ မင်းကင်း၊ ဖောင်း ပြင်ဆိပ်ကမ်းတာဝန်ရှိတွေအနေနဲ့ တော့ ကုန်တင်ရေယာဉ်၊ ခရီးသည် ရေယာဉ်တွေကို အန္တရာယ်ဖြစ်နိုင်တဲ့ အနေအထားတွေ့ရင် ရှေ့ဆက်ရမယ့် ခရီးကို မလွှတ်ပါဘူး။  စိတ်ချရမှ လွှတ်ပါတယ်''ဟု မော်လိုက်မြို့ ပုဂ္ဂလိက ရေယာဉ်များစနစ်တကျ ပြေးဆွဲရေးကော်မတီမှ တာဝန်ရှိတစ် ဦးက ပြောသည်။

ချင်းတွင်းရေကြောင်းသည် ယခု ဆောင်းကုန်ရာသီတွင် မုံရွာ-ဟုမ္မ လင်းအကြား သဲသောင်ထိုး ရေ ကြောင်းကျပ် သည့် နေ ရာပေါင်း    ၅ဝ ဝန်းကျင် ရှိသည်ဟု ဆိုသည်။ ကလေးဝမြို့ အခြေစိုက်မြစ်ချောင်း ဖွံ့ ဖြိုးရေးနှင့် ရေအရင်းအမြစ်ဌာန၏ ထုတ်ပြန် ချက် အရ မော်လိုက်မြို့ အထက်ဘက် ရိုးလာနေရာတွင် လည်းကောင်း၊ ရှားပင်ရွာ၊ ကြာအင်း ရွာအနီးတွင်လည်းကောင်း၊ ကလေးဝ မြို့နယ်တွင် ဆင်ခေါင်း၊ မထုလေး၊ မန်လုံ၊ ခုံကြီး နေရာများတွင် ရေ ကြောင်းကျပ်သဲသောင်ထိုးနေပြီး မင်း ကင်းနယ် တွင် ကြွေရွာအနီး၊ မင်း ကင်းမြို့အဝင် ပင်တင်းလက်ချိတ်ရွာ ဝန်းကျင်တို့တွင် သဲသောင်ခုံများ ကြောင့် ရေကြောင်းကျပ်နေကြောင်း သိရသည်။

ကြာကြာကွတ်
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.