23 - 3 - 2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
လေးမြို့မြစ်ရေ တိုက်စားမှုကြောင့် မင်းပြားမြို့နယ် လက်မ(ရခိုင်) ကျေးရွာမှ နေအိမ် ၈ဝ ကျော် ဘေးလွှတ်ရာသို့ပြောင်း
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1006
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
ချင်း အမျိုးသားနေ့ ပွဲတော် ရက်ဝန်းကျင် ချင်းရိုးရာ အထည်မျိုးစုံ ဝယ်ယူမှု မြင့်တက်ဟု ဆို

ချင်းပြည်နယ် ချင်းတိုင်း ရင်းသားတို့၏ အမျိုးသားနေ့ ကျင်းပရက်ဖြစ်သည့် ဖေဖော် ဝါရီလအတွင်း စတိုးဆိုင်ကြီး များတွင် ဆိုင်တင်ရောင်းချ သည့် ချင်းရိုးရာ အထည်မျိုးစုံ အရောင်းအဝယ်သွက်လျက် ရှိပြီး မြန်မာနိုင်ငံ ဒေသအနှံ့ရှိ မြို့ကြီးများနှင့် စင်ကာပူ၊ ယိုး ဒယား၊ အနောက်နိုင်ငံများမှ မှာယူမှုများကြောင်း ဟားခါး မြို့ ချင်းတိုင်းရင်းသား  အ ထည် မျိုးစုံရောင်းချသည့် သဇင်စတိုးပိုင်ရှင် ကိုတိုးက ပြောသည်။
    ချင်းတိုင်းရင်းသားရိုးရာ အထည်စစ်စစ်မှာ ရိုးရာ ဂျပ်ခုတ်ထည်များဖြစ် ပြီး အထည်တစ်ထည် ရရှိရန် နှစ်လမှ သုံးလအထိ ရက်လုပ်ရပြီး ဂျပ်ခုတ် ထည်ကို ပြည်ပနိုင်ငံများမှ အများဆုံး ဝယ်ယူသုံးစွဲမှုရှိကြောင်း သိရသည်။
    မြန်မာပြည်တွင်း ချင်းတိုင်းရင်းသား ရိုးရာအထည် ဝယ်ယူသူ အများစုမှာ စက်ရက်ကန်းစင်များမှ ရက်လုပ်သော ဈေးနှုန်း ချိုသည့် ချင်းတိုင်းရင်းသား ရိုးရာထည်များကို ဝယ်ယူသုံး စွဲမှုများကြောင်း သိရသည်။
    ''ကျွန်မတို့ ချင်းရိုးရာထည်တွေမှာ ဂျပ်ခုတ်ထည်၊ စက်ရက်ကန်းထည် ဆိုပြီး နှစ်မျိုးရှိပါတယ်။ ဂျပ်ခုတ်ထည် ဆိုတာကတော့ ကျွန်မတို့ ချင်းတောင် ပေါ်မှာ ရိုးရာအလိုက် အိမ်မှာ ရက်လုပ်တဲ့ အထည်တွေဖြစ်ပါတယ်။             စက်ရက်ကန်းထည်ဆိုတာကတော့ ကလေးမြို့ ပခုက္ကူ၊ မုံရွာ စသည် အားဖြင့် ချင်းရိုးရာထည်ကို လှမယ့် ဒီဇိုင်းမျိုးစုံ၊ အရောင်အသွေးအမျိုးမျိုး ထည့်ရက် လုပ်တာဖြစ်ပါတယ်။ စက်ရက်ကန်းဆိုတာကတော့ တစ်ရက်ကို လုံချည်သုံး လေးငါးကွင်းပြီးတယ်''ဟု ဟားခါးမြို့နယ် ချွန်ကျုံးရွာမှ ဂျပ် ခုတ်ထည်ရက် လုပ်ရောင်းချသည့် ဒေါ်ငွန်ဆွီးက ပြောသည်။
    ချင်းတိုင်းရင်းသား ရိုးရာအထည်များတွင် ချင်းတိုင်း ရင်းသား လူမျိုးအလိုက် အဆင့်ကွဲပြားခြားနားမှုရှိရာ အကြမ်းအားဖြင့် တီးတိန်၊ ဖလမ်း၊ ဟားခါး၊ ကန်ပက် လက်၊ မတူပီ၊ မင်းတပ်၊ လူရှိုင်းစသည်ဖြင့် အဆင်အမျိုး မျိုးရက်လုပ်ကြသည်။  
    ယင်းအထည်များကို ဖလမ်းမြို့သူ ရုပ်ရှင်မင်းသမီး အကယ်ဒမီ သက်မွန်မြင့်က ဝတ်ဆင်သည့်အခါ ဖလမ်းဆင်၊ သက်မွန်မြင့်ဆင်ဟူ၍ လည်းကောင်း၊ ဟားခါးမြို့သူ အဆိုတော် ဆုန်သင်းပါရ် က ဟားခါး ရိုးရာအဆင်ကို ဝတ်ဆင်၍ သီချင်း ဆိုပြလိုက် သည့်အခါ ဟားခါးဆင်မှ ဆုန်သင်းပါရ်ဆင်ဟုလည်းကောင်း ဈေးကွက်အတွင်း အရောင်းသွက်သွား သည်။

ယခုဖေဖော်ဝါရီလအတွင်း ချင်းပြည်နယ်မြို့များတွင် ချင်းအမျိုး သားနေ့ ကို အကြောင်းပြု၍ ပြည်တွင်း ပြည်ပ ခရီးသွားများ သွားလာမှုများ လျက်ရှိရာ ချင်းရိုးရာ အထည်မျိုးစုံကို ချင်းတောင်ရောက် အမှတ်တရအဖြစ် ဝယ်ယူမှု များပြားလျက်ရှိသည်။

 ဖေဖော်ဝါရီလကုန်ရက်ပိုင်း ချင်းတိုင်းရင်းသား ရိုးရာအထည်များတွင် ပိုးသားများဖြင့် ရက်လုပ်သည့် ပုဆိုး၊ ထမီ၊ ကုတ်အင်္ကျီ တို့မှာ ငွေကျပ် ၁ဝဝဝဝဝ ကျပ်မှ ၂ဝဝဝဝဝ ကျပ် အထိ ဈေးရှိနေပြီး၊ ချင်းရိုးရာခြုံထည် များမှာ ၃ဝဝဝဝ ကျပ်မှ ၁ဝဝဝဝဝ ကျပ်တန် အထိ အစားအစားအရောင်း အဝယ်ဖြစ်ကြောင်း သိရသည်။

ချင်းရိုးရာအထည်များတွင် ကလေးမြို့တွင် ရက်လုပ်သည့် ချင်းရိုးရာအ ဆင်ဆန်း အထည်များမှာ ဈေးနှုန်းချိုသည့် အတွက် ပြည်တွင်း ပြည်ပ ဧည့်သည်တိုင်း ဝယ်ယူမှုရှိနေပြီး ဈေးနှုန်းများမှာလေးငါးထောင်တန်မှ ငါးသောင်း ဝန်ကျင်အထိ ဈေး ရှိကြောင်း သိရ သည်။

ကြာကြာကွတ်
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.