29-6-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ရခိုင်ကမ်းရိုးတန်းတွင် ငါးဖမ်းဆီးရရှိမှုနည်းပါးလာသည့်အတွက် ငါးဖမ်းကိရိယာများ ပြောင်းလဲသုံးစွဲလာကြ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1017
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
ဂန့်ဂေါနယ်ထွက် ဖရဲများ ကလေးမြို့ ဈေးကွက်မှ တစ်ဆင့် အိန္ဒိယနိုင်ငံ မီဇိုရမ်သို့ အလုံးအရင်းဖြင့် တင်ပို့ရောင်းချ

မကွေးတိုင်းဒေသကြီး ဂန့်ဂေါ နယ် ထယ်လှော်၊ တောင်ယာတော၊ ရွှေဘိုရွာဝန်းကျင်တွင် အများဆုံး စိုက်ပျိုးပြီး ရွှေဘိုဖရဲ ဟု ဈေးကွက် အတွင်း အရောင်းအဝယ်ဖြစ်သော ရွှေဘိုဖရဲသီးများ ဖေဖော်ဝါရီလ ဆန်းရက်မှစတင်၍ ချင်းပြည်နယ် ရိဒ်နယ်စပ်မှ အလုံး အရင်းဖြင့် ဝယ် ယူလျက်ရှိနေကြောင်း သိရသည်။

''ပြီးခဲ့တဲ့နှစ်တွေတုန်းကတော့ တမူးနယ်စပ်ကို တင်ပို့ရောင်းချပါ တယ်။ ဒါပေမယ့် နယ်စပ်မှာ အ ကြောင်းအမျိုးမျိုးကြောင့် အရောင်း အဝယ် နှေးကွေးသွားတာ သုံးလေး နှစ်ရှိပြီးဖြစ်ပါတယ်။ အခုနှစ်တော့ ချင်းပြည်နယ် ရိဒ်နယ်စပ်က ဝယ်ယူ မှုရှိလာတဲ့အတွက် ကျွန်တော်တို့ ဂန့် ဂေါနယ်ဖရဲစိုက်တောင်သူတွေ အနေ နဲ့ ကလေးမြို့ ဈေးကွက်သာမကဘဲ ချင်းပြည်နယ်ရိဒ်နယ်စပ်အထိ တင်ပို့ရောင်းချပါတယ်''ဟု ဂန့်ဂေါ နယ်ရွှေဘိုရွာမှ ဖရဲစိုက်တောင်သူ ဦးလှအောင်က ပြောသည်။

ယခုရက်ပိုင်း ဂန့်ဂေါနယ်ထွက် ဖရဲသီးများ ချင်းပြည်နယ်သွား ဟိုင်မွာလ်ဂျစ်များဖြင့် တင်ပို့ရောင်းချမှု များပြားနေပြီး ဟိုင်မွာလ် ဂျစ်ကား တစ် စီးလျှင် ဖရဲသီးအလုံး ၁ဝဝ မှ ၂ဝဝ ဝန်းကျင်အထိ တင်ကြောင်း သိရ သည်။ ရိဒ်နယ်စပ်တွင် ဖရဲသီးတစ် လုံးလျှင် မြန်မာငွေဖြင့်ကျပ် ၃ဝဝဝ မှ ၃၅ဝဝ ကျပ်အထိ အရောင်းအ ဝယ်ဖြစ်သည်။ ယခုဖေဖော်ဝါရီလ ၂၂ ရက် ရိဒ်နယ်စပ်တွင် မြန်မာ- အိန္ဒိယငွေလဲလှယ်နှုန်းမှာ မြန်မာငွေ ၁၉၉ဝ ကျပ်လျှင် အိန္ဒိယ ငွေ ၁ဝဝ ရူပီးဖြစ်ကြောင်း သိရသည်။

ကြာကြာကွတ်
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.