19-10-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ၄ လတာ ကာလအတွင်း နိုင်ငံတကာ ခရီးသွားဧည့်သည် တစ်သန်းကျော် လာရောက်လည်ပတ်ရန် ခန့်မှန်းထား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1033
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
မူဆယ် ကုန်စည် အဝင်နည်းသည့်အတွက် ရိဒ်နယ်စပ်သွား ဟိုမွာလ်ဂျစ်များ ကုန်ရှားပါးမှု ကြုံနေ

ပွင့်လင်းခြောက်သွေ့ရာသီ လမ်း ပန်းဆက်သွယ်ရေးကောင်းမွန်ချိန် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ နှင့် ချင်းပြည်နယ် မြန်မာ-အိန္ဒိယ နယ်စပ် ကုန်သွယ်ရေးစခန်းရိဒ်နယ် စပ်သွား ဟိုင်မွာလ်ဂျစ်ကားများ တရုတ်နယ်စပ်၊ မူဆယ်၊ မန္တလေးကုန် သည်များ ဝင်ရောက်မှုနည်းပါးသည့် အတွက်ကုန်အရ နည်းပါးပြီး အချို့ ကားများ ရပ်နားထားရကာ ကားဂိတ် ကိုမှီ၍ လုပ်ကိုင်သူများအတွက် စား ဝတ်နေ ရေးအခက်အခဲကြုံတွေ့နေ ကြရကြောင်း ပန်းချယ်ရီကားဂိတ်မှ ဂိတ်တာဝန်ရှိတစ်ဦးက ပြောသည်။

''အခုရက်ပိုင်းမှာ ကျွန်တော်တို့ ဟိုင်မွာလ်ဂျစ်ကားတွေ အနေနဲ့ တရုတ်ကုန်စည်တွေကို အားကိုးပြေး ဆွဲရတာပါ။ တရုတ်ကုန် လို့ပြောရင် မူဆယ် မန္တလေးကုန်စည်တွေပါတာ ပေါ့။ သစ်သီး၊ အထည်အလိပ်၊ လူသုံးကုန်စည်တွေပါ။ အခု နှစ်သစ်မှာ အဝင် နည်းနေတဲ့အတွက် ကုန်အရ နည်းပြီး တစ်ရက်ကားတစ်စီးထွက်ဖို့ အခက်ကြုံနေပါတယ်။ ကွမ်းသီးလို ကုန်တွေကျတော့လည်း အခုရက်ပိုင်း ကားကြီးတွေက တင်သွားကြတယ်'' ဟု ဟိုင်မွာလ်ကားဒရိုင်ဘာတစ်ဦးက ပြောသည်။

ကလေး-ရိဒ်နယ်စပ်ပို့ကုန်များ တွင်ယခုရက်ပိုင်း ကွမ်းသီးကို အဓိက ထားတင်ပို့လျက်ရှိရာ လမ်းပန်းဆက် သွယ်ရေး ကောင်း မွန်သည့် ရာသီဖြစ် သည့်အတွက် ကုန်စည်တန်ဆာခ ဈေးချိုသော ဆယ်ဘီး၊ ဆယ့်နှစ်ဘီး ကားကြီးများဖြင့် တင်ပို့မှုများကြောင်း သိရသည်။

''ကျွန်တော်တို့ ကားသေးလေး တွေက ကလေး-ရိဒ်တစ်ခေါက်ကို သုံးသိန်းဝန်းကျင်ရမှ ထွက်နိုင်တာပါ။ အခု ရက်ပိုင်း ကွမ်းသီး အိတ်နဲ့တင် ထွက်မယ်ဆိုရင်လည်း မကိုက်ဘူးဖြစ် နေတယ်။ မူဆယ်၊ မန္တလေး ကုန်စုံ တင်ရရင်တော့ ကျွန်တော်တို့ မဆိုး ဘူး။ ပြီးတော့ ခရီးသည်တင်ဖို့က လည်း အခုရက်ပိုင်း မီနီမှန်လုံ ဘတ်စ်ကားတွေ ပြေးနေတော့ ကျွန် တော်တို့နဲ့ ခရီးသည် မလိုက်တော့ ဘူး။ အခုရက်ပိုင်းတစ်ပတ်ဆယ်ရက် ကားနားနေရတယ်။ ဒရိုင်ဘာ၊ စပယ် ယာကိုလည်း လစာပေးနေရတယ်'' ဟု ဟိုင်မွာလ်ဂျစ်ကားပိုင် ဦးသက် နောင်က ပြောသည်။

ကလေးမြို့ အခြေစိုက် ရိဒ်နယ် စပ်ပြေးဆွဲသည့် ဟိုင်မွာလ်ဂျစ်ကား သင်း ခုနစ်သင်းရှိပြီး ယခုပွင့်လင်းရာ သီတွင် အချို့ ကားသင်းများက ကုန် ကားကြီးများအစားထိုး၍လည်း ကောင်း၊ မိနီဘတ်စ်ကားငယ်များ အ စားထိုး၍လည်းကောင်း ပြေးဆွဲလျက် ရှိကြောင်း သိရသည်။ ယခုရက်ပိုင်း ကလေး-ရိဒ်နယ်စပ် ခရီးကို ဟိုင် မွာလ်ဂျစ်ဖြင့် ခရီးသည်တစ်ယောက် လျှင် ၈ဝဝဝ ကျပ်ပေးရပြီး ကုန် တစ်ပိဿာကို ဝန်ပွတစ်ပိဿာ ၂ဝဝ ကျပ်၊ ဝန်ကျစ် တစ်ပိဿာ ၁၅ဝ ကျပ်ဖြစ်ကြောင်း သိရသည်။ မှန်လုံ မီနိဘတ်စ် ကားခမှာ ခရီးသည်တစ်ဦး ကို ၁၂ဝဝဝ ကျပ်ပေးရပြီး၊ ဆယ်ဘီး ကားဖြင့် ကုန်တင်ပါက ကုန်တစ် ပိဿာ ၁၅ဝ ကျပ် ဝန်းကျင် ပေးရ ကြောင်း ခရီးသည်တစ်ဦးက ပြော သည်။ 

ကြာကြာကွတ်
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.