25-5-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
သရက် ကုန်ချောထုတ် စက်ရုံများနှင့် ထုတ်ပိုးပစ္စည်း စက်ရုံများ ရှိလာသဖြင့် ယခုနှစ် သရက်သီးဈေးကွက် ပိုမို တွက်ခြေ ကိုက်လာနိုင်ဖွယ် ရှိနေ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1012
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
မြန်မာနိုင်ငံတွင် လက်ရှိလေယာဉ်ကွင်း ၆၉ ကွင်း ရှိသည့်အနက် အပြည်ပြည်ဆိုင်ရာ လေဆိပ် သုံးခုအပါအဝင် ပြည်တွင်း လေဆိပ် ၃၄ ခုတို့၌ ခရီးစဉ်များ ပျံသန်းပြေးဆွဲလျက်ရှိ

မြန်မာနိုင်ငံတွင် လက်ရှိ လေ ယာဉ်ကွင်း ၆၉ ကွင်းရှိသည့်အနက် အပြည်ပြည်ဆိုင်ရာ လေဆိပ်သုံးခု အပါအဝင် ပြည်တွင်းလေဆိပ် ၃၄ ခုတို့၌ ခရီးစဉ်များ ပျံသန်းပြေးဆွဲ လျက်ရှိနေကြောင်း  ဖေဖော်ဝါရီ ၂၄ ရက်က ပြုလုပ်သော အမျိုးသားမြို့ပြ လေကြောင်း လုံခြုံရေးကော်မတီ (၁/၂ဝ၁၇) အစည်းအဝေး သတင်း များအရ သိရသည်။ အမျိုးသား မြို့ပြ လေကြောင်း လုံခြုံရေးကော်မတီ NCASC ကို ပြည်ထောင်စုအစိုးရ အဖွဲ့၏ အမိန့်ကြော်ငြာစာဖြင့် ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်သည်။

 မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် မှစ၍ အပြည်ပြည်ဆိုင်ရာ မြို့ပြလေ ကြောင်း အဖွဲ့ချုပ် ICAO တွင် အဖွဲ့ ဝင်နိုင်ငံဖြစ်သည့်အတွက် မြို့ပြလေ ကြောင်းဆိုင်ရာ ပင်မကွန်ဗင်းရှင်း တစ်ခုဖြစ်သည့် ချီကာဂိုကွန်ဗင်းရှင်း ကို လိုက်နာရန် တာဝန်ရှိနေသကဲ့သို့ အပြည်ပြည် ဆိုင်ရာ မြို့ပြလေ ကြောင်း အဖွဲ့ချုပ် ICAO မှ စစ်ဆေး ရေးအဖွဲ့များသည်လည်း မြန်မာနိုင်ငံ ကို ၂ဝဝ၄ မှ ၂ဝဝ၉ ခုနှစ်အထိ သုံးကြိမ် လာရောက် စစ်ဆေးခြင်းကို ပြုလုပ်ခဲ့ပြီး အဆိုပါ ဆေးတွေ့ရှိချက် များအရ လိုအပ်ချက်နှင့် အားနည်း ချက်များ ရှိပါက ပြင်ဆင် လိုက်နာ ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

ယခုအခါ ကမ္ဘာပေါ်တွင် ဖြစ် ပေါ်လျက်ရှိသည့် လေကြောင်းဆိုင်ရာ အကြမ်းဖက်တိုက်ခိုက်မှုများနှင့် ပတ်သက်၍လည်း သက်ဆိုင် ရာ ကဏ္ဍအလိုက် သင်ခန်းစာယူ၍ ပြင်ဆင်ဖြည့်ဆည်း ဆောင်ရွက်ရန် လိုအပ်လျက်ရှိရာ လက်ရှိမြန်မာ နိုင်ငံတွင် လက်ရှိလေယာဉ် ကွင်း ၆၉ ကွင်းရှိသည့်အနက် အပြည်ပြည်ဆိုင် ရာ လေဆိပ်သုံးခု အပါအဝင် ပြည် တွင်း လေဆိပ် ၃၄ ခုတို့အား ခရီး စဉ်များ ပျံသန်းပြေးဆွဲလျက်ရှိသဖြင့် အဆိုပါ လေဆိပ်များနှင့် လေယာဉ်စီး ခရီးသည်များ၏ ဘေးကင်းလုံခြုံရေး အတွက် သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ ကိုယ်စားလှယ်များက ကဏ္ဍအလိုက်ဝိုင်းဝန်း အကြံပြု ဆွေး နွေးပေးနိုင်ရေး အတွက် အဆိုပါ အ စည်းအဝေးကို ကျင်းပရခြင်းဖြစ် ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က အဖွင့်အမှာ စကားပြောကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ကြောင်း သိရသည်။

ဒသမ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.