24-8-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
၂ဝ၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ သြဂုတ်လ ၃ ရက်နေ့အထိ လေးလတာကာလအတွင်း တာချီလိတ်နယ်စပ်ဝင်ပေါက်မှ နိုင်ငံတကာ ခရီးသွားဧည့်သည်ရှစ်ထောင့်ငါးရာကျော်ဝင်ရောက်လည်ပတ်ခဲ့
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1025
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
AIIB မှ မြန်မာနိုင်ငံ အပါဝင် ခြောက်နိုင်ငံ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးမှု စီမံကိန်းပေါင်း ကိုးခုဆောင်ရွက်ရန် ချေးငွေ ခွင့်ပြုပေးခဲ့

အာရှအခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်မှုဘဏ် AIIB မှ မြန်မာ နိုင်ငံ အပါအဝင် ပါကစ္စတန်၊ ဘင်္ဂ လားဒေ့ရှ်၊ တာဂျစ်ကစ္စတန်၊ အင်ဒို နီးရှားနှင့် အိုမန်နိုင်ငံများတွင် အခြေ ခံအဆောက်အအုံ ဖွံ့ဖြိုးမှု စီမံကိန်း ပေါင်း ကိုးခုဆောင်ရွက်ရန် ချေးငွေ ခွင့်ပြုပေး ခဲ့ကြောင်း တရုတ်နိုင်ငံ ပေ ကျင်းမြို့ရှိ မြန်မာနိုင်ငံ သံရုံးမှ စီးပွား ရေးသံမှူး၏ သတင်းပေးပို့ချက်များ အရ သိရသည်။

အဆိုပါ အာရှအခြေခံ အ ဆောက်အအုံရင်းနှီးမြှုပ်နှံမှုဘဏ် AIIB  ကို ၂ဝ၁၆ ခုနှစ် ဇန်နဝါရီ ၁၆ ရက်တွင် စတင်တည်ထောင်ခဲ့ပြီး ပထမအကြိမ် နှစ်ပတ်လည် အခမ်း အနားကို ၂ဝ၁၇ ခုနှစ် ဇန်နဝါရီ ၂ဝ ရက်၌ တရုတ်နိုင်ငံ ပေကျင်းတွင် ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ဘဏ်ဥက္ကဋ္ဌ Mr.Jin က ဘဏ် စတင်လည်ပတ်ခဲ့သည့် တစ်နှစ်အ တွင်းတိုးတက်မှု များစွာ ရှိခဲ့ပြီး မြန်မာ နိုင်ငံ အပါအဝင် ပါကစ္စတန် ဘင်္ဂ လားဒေ့ရှ်၊ တာဂျစ်ကစ္စတန်၊ အင်ဒို နီးရှားနှင့် အိုမန်နိုင်ငံများတွင် အခြေ ခံ အဆောက်အအုံဖွံ့ဖြိုးမှု စီမံကိန်း ပေါင်း ကိုးခုဆောင်ရွက်ရန် ချေးငွေ ခွင့်ပြုပေးခဲ့ကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ အဆိုပါ နိုင်ငံ များ တွင် ဆောင်ရွက်သွားမည့် အခြေခံ အ ဆောက်အအုံ ဖွံ့ဖြိုးမှုစီမံကိန်းအများ စုမှာ ပို့ဆောင်ရေး၊ စွမ်းအင်၊ မြို့ပြ ဖွံ့ဖြိုးမှု လုပ်ငန်းများဖြစ်ပြီး စုစုပေါင်း အမေရိကန် ဒေါ်လာ ၁ ဒသမ ၇၃ ဘီလီယံ တန်ဖိုးရှိကြောင်းလည်း ပြော ကြားခဲ့ကြောင်း သိရသည်။

AIIB အနေဖြင့် ၂ဝ၁၇ ခုနှစ် အတွက် ဦးစားပေးလုပ်ငန်းစဉ်သုံးခု ကို ကြေညာခဲ့သည်။ အဆိုပါ ဦးစား ပေးလုပ်ငန်းစဉ်သုံးခုမှာ အဖွဲ့ဝင်နိုင်ငံ များ၏ ဖွံ့ဖြိုးမှုနှင့် သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းမှုပန်းတိုင်အတွက် အထောက်အကူဖြစ်စေမည့် Green Infrastructure  ကို အလေးပေး ဆောင်ရွက်ရန်၊ ရေကြောင်းလမ်းမကြီး အရှေ့အာရှ၊ အရှေ့တောင် အာရှနှင့် အရှေ့အလယ် ပိုင်း ဒေသ တစ်လျှောက် နယ်စပ်ဖြတ်ကျော်ကား လမ်း၊ ရထားလမ်း၊ ဆိပ်ကမ်း၊ တယ် လီကွန်မြူနီကေးရှင်းနှင့် စွမ်းအင်ဖူလုံ မှု အခြေခံအဆောက်အအုံဆက် သွယ်မှု Cross-Border Connectivity ကို ဦးစားပေးရန်နှင့် Multinational Development Bank (MDBs) များ၊ အစိုးရများနှင့်  အခြား ပုဂ္ဂလိက အဖွဲ့အစည်းများနှင့် ပူး ပေါင်း၍ Private Capital Mobilization ကို တွန်းအားပေးရန် စသည့် လုပ်ငန်းစဉ်များဖြစ်သည်။ မကြာမီက တူရကီကို ဖြတ်ကျော်ကာ အဇာဘိုင် ဂျန်နှင့် ဥရောပတောင်ပိုင်းကို ဆက် သွယ်သည့် သဘာဝဓာတ်ငွေ့ပိုက် လိုင်းကို ကမ္ဘာ့ဘဏ်အပါအဝင် အခြားဘဏ္ဍာရေး အဖွဲ့အစည်းများက အမေရိကန်ဒေါ်လာ သန်း ၆ဝဝ ထောက်ပံ့ ကူညီခဲ့ကြောင်း သိရသည်။ 

ဒသမ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.