25-5-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
သရက် ကုန်ချောထုတ် စက်ရုံများနှင့် ထုတ်ပိုးပစ္စည်း စက်ရုံများ ရှိလာသဖြင့် ယခုနှစ် သရက်သီးဈေးကွက် ပိုမို တွက်ခြေ ကိုက်လာနိုင်ဖွယ် ရှိနေ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1012
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်အတွင်း ငွေကျပ် ၅၆ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၈ သန်းကျော်ကို ဖမ်းဆီးရမိခဲ့

ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်အတွင်း ငွေကျပ် ၅၆ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွရူး သွပ်ဆေးပြား ၁၈ သန်းကျော်ကို ဖမ်း ဆီးရမိခဲ့ပြီး စိတ်ကြွရူးသွပ်ဆေးပြား နှင့်အတူ လူ ၁၄၉ ဦးကို ဖမ်းဆီးနိုင် ခဲ့ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွား ရေး ၀န်ကြီး ဦးကျော်အေးသိန်း က ပြောသည်။
    ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျင်းပပြုလုပ်သည့် ရခိုင်ပြည်နယ်လွှတ် တော် စတုတ်္ထပုံမှန်အစည်းအဝေးတွင် စစ်တွေ မဲဆန်္ဒနယ်အမှတ် (၁) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအေးသိန်းက ရခိုင်ပြည်နယ် မြို့ နယ်များတွင် ဖမ်းဆီးရမိသည့် မူး ယစ်ဆေးဝါးစာရင်းနှင့် ကာလတန်ဖိုးများသို့ သိရှိလိုကြောင်း မေးမြန်းချက်ကို ဦးကျော်အေးသိန်းက အထက်ပါ အတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။
    ရခိုင်ပြည်နယ်သို့ လာရောက် သော ကားလမ်းနှင့် ရေလမ်းစခန်း၊ ဂိတ်များတွင် မူးယစ်တားဆီးရေးအဖွဲ့များ တာဝန်ချထားပေးရန်နှင့် မူးယစ်ဆေးစွဲသူများအား ပြတ်တောက် သွားစေရန် ပြန်လည်ထူထောင်ရေး စခန်းများကို ဖွင့်လှစ်ပေးရန် လိုအပ် နေကြောင်း ဦးအေးသိန်းက ဆိုသည်။
    ရခိုင်ပြည်နယ်တွင် မေယုစစ် ဆင်ရေးအမည်ဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးစီမံချက်ကို ယခု ဖေဖော်ဝါရီ ၁ ရက်က စတင်ကာ တစ်လကြာ ဆောင်ရွက်နေသည်။
    မူးယစ်ဆေးဝါးများသည် မြန်မာ နိုင်ငံ အရှေ့မြောက်ဒေသများ တစ်ဆင့် ရခိုင်ပြည်နယ်သို့ စီးဆင်းနေ ခြင်းဖြစ်ပြီး စစ်တွေမြို့တွင် ပေါ်ပေါ် ထင်ထင် ရောင်းချမှုများရှိနေကြောင်း  ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအေးသိန်းက ပြောသည်။

မောင်ကံ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.