30 - 3 - 2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ပြည်ပသို့ သွားရောက် အလုပ်လုပ်နေသူများထံမှ အမေရိကန် ဒေါ်လာ သန်း ၁ဝဝဝ ကျော်ကို တရားဝင် လမ်းကြောင်းဖြင့် ရရှိခဲ့
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1007
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
တနင်္သာရီတိုင်း ဒေသကြီး တစ်ခုလုံးတွင် လိုင်စင်ရ ဟိုတယ်နှင့် တည်းခိုခန်း ၃၆ လုံးအထိ ရှိလာခဲ့ပြီး ၂ဝ၁၆ ခုနှစ်တွင် ကမ္ဘာလှည့် ခရီးသွား ဧည့်သည် သုံးသိန်းသုံးသောင်းကျော် လာရောက် လည်ပတ်ခ

တနင်္သာရီတိုင်းဒေသကြီး တစ်ခု လုံးတွင် လိုင်စင်ရ ဟိုတယ်နှင့် တည်း ခိုခန်း ၃၆ လုံးအထိ ရှိလာခဲ့ပြီး ၂ဝ၁၆ ခုနှစ်တွင် ကမ္ဘာလှည့်ခရီးသွားဧည့် သည် ၃၃၈၉၃၈ လာရောက် လည်ပတ်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီး သွားလာရေးဝန်ကြီးဌာန၏ ဖေဖော် ဝါရီ ၁၃ ရက် သတင်းများအရ သိရ သည်။                         

တနင်္သာရီတိုင်းဒေသကြီးသည် ပင်လယ်ပြင်နှင့် ထိစပ်မှုရှိနေပြီး ရေ မြေတောတောင် သဘာဝအလှအပ များနှင့် စိတ်ဝင်စားဖွယ်ရာ ဆလုံ တိုင်းရင်းသားများ၏ ဓလေ့စရိုက် သဘာဝများရှိခြင်း၊ ထိုင်းနိုင်ငံ ဖူးခတ် ကမ်းခြေနှင့် နီးကပ်စွာရှိနေသဖြင့် စက်တပ် ရွက်လှေခရီးစဉ်များနှင့် လာရောက်လည်ပတ်နိုင်သည့်အပြင် ထိုင်းနိုင်ငံမှတစ်ဆင့် မြဝတီ၊ ကော့ သောင် စသည့် နယ်စပ် ကုန်သွယ် ရေး စခန်းများမှလည်း ဝင်ရောက် လည်ပတ်နိုင်သည်။

ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ တနင်္သာရီတိုင်းဒေသ ကြီးအတွင် ဟိုတယ်နှင့် ခရီးသွားလုပ် ငန်းဆိုင်ရာ သင်တန်းများ ကို ဖွင့်လှစ် ပို့ချပေးလျက်ရှိရာ ဒေသဆိုင်ရာ ဧည့်လမ်းညွှန် (အခြေခံ) သင်တန်း ၃၁/၁၁၇ သင်တန်းကို  ဖေဖော်ဝါရီ လ ၁၃ ရက်က မြိတ်မြို့ Grand Jade Hotel ၌ ဖွင့်လှစ်ပို့ချပေးခဲ့သည်။ အဆိုပါ ဖွင့်လှစ်ပေးခဲ့သည့် ဒေသ ဆိုင်ရာ ဧည့်လမ်းညွှန် (အခြေခံ) သင်တန်းသည် တနင်္သာရီတိုင်းဒေသ ကြီးအတွင်းတွင် တတိယအကြိမ် မြောက် ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး သင် တန်းသား သင်တန်းသူ ၈၆ ဦး တက်ရောက်သင်ကြားလျက်ရှိသည်။ သင်တန်းကာလမှာ ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါ ၁၃ ရက်မှ မတ်လ ၁ဝ ရက်ထိဖြစ်ကြောင်း သိရသည်။

ဒသမ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.