30 - 3 - 2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မန္တလေး မြရည်နန္ဒာတိုက်ခန်း ၄၁ ခန်းကို ပထမဆုံးအကြိမ် မဲနှိုက်ရောင်းချ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1007
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
ချင်းတွင်းမြစ်ကူး တံတားကို ဗိုလ်ချုပ်အောင်ဆန်း တံတားအဖြစ် နာမည်ပေးရန် ပြည်သူ့ဆန္ဒ ကောက်ခံမည်

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် တည်ရှိသည့် ချင်းတွင်းမြစ်ကူးတံတားကို ဗိုလ်ချုပ် အောင်ဆန်းတံတားအဖြစ် နာမည် ပေး သတ်မှတ်နိုင်ရန် ကလေးဝမြို့ ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးဆောင်၍ လူထုသဘောထားကို ဖေဖော်ဝါရီ ၁၄ ရက်မှ စတင်ကောက်ခံ လျက်ရှိ ကြောင်း ကလေးဝမြို့ ဒီမိုကရေစီ အဖွဲ့ ချုပ်မှ တာဝန်ရှိ တစ်ဦးက ပြောသည်။

''ကျွန်တော်တို့ ကလေးဝချင်း တွင်းတံတားကို ဒီဒေသရဲ့ အမှတ် တရရှိတဲ့ နာမည်၊ သူရဲကောင်းနာ မည်စသဖြင့် ပေးဖို့ရာ ရည်ရွယ် ခဲ့ ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းတံ တားဆိုတာကို ပိုပြီးသဘောကျတဲ့ အတွက် ဒေသခံရဲ့ သဘောထားတွေ ကို ကောက်ယူနေတာဖြစ်ပါတယ်။ ကောက်ခံပြီးသွားရင် ကျွန်တော်တို့ သက်ဆိုင်ရာကို တင်ပြတောင်းခံသွား မှာဖြစ်ပါတယ်''ဟု ယင်းက ပြောသည်။

တံတားအမည်၊ လမ်းအမည်ပေး ရာတွင် ဒေသခံများအတွက် အမှတ် ထင်ထင်ရှိသော အမည်ပေးရန် လို အပ်နေပြီး မွန်ပြည်နယ် သံလွင်တံ တားမှာ ယခုအခါ ဗိုလ်ချုပ်အောင် ဆန်း တံတားဟု အမည်ပေးမှုအပေါ် ကန့်ကွက်မှုများကြုံရပြီး ယခုအခါ မွန်လူမျိုးတို့နဲ့ ကိုက်ညီသည့် အမည် ကို ပေးရန်တိုင်းဒေသကြီး အစိုးရက စီစဉ်လျက်ရှိကြောင်းနှင့် ကလေးဝမြို့ တွင်လည်း လူထု အများထောက်ခံမှု အဓိကဖြစ်ကြောင်း ကလေးဝမြို့မိ မြို့ဖတစ်ဦးက ပြောသည်။

ကလေးဝမြို့အနီး ချင်းမြစ်ဖြတ် တံတားသည် ချင်းတွင်းမြစ်ပေါ်တွင် ပခုက္ကူဆင်ဖြူရှင်တံတား၊ မုံရွာချင်း တွင်းတံတားပြီးလျှင် တတိယမြောက် တည်ဆေက်သော တံတားဖြစ်သည်။  ချင်းတောင်၊ ကလေး၊ တမူးဒေသနှင့်  မဟာမြိုင်ဖြတ် ရေဦး မုံရွာဆက် သွယ် သွားလာရေးအတွက် တည် ဆောက်သော တံတားဖြစ်သည်။ တံတာကို ၂ဝ၁၄ ခုနှစ် စက်တင်ဘာ လက စတင်တည်ဆောက် ခဲ့ခြင်းဖြစ် ပြီး လာမည့် ဧပြီလတွင် ဖွင့်လှစ်နိုင် ရန် ဆောင်ရွက်လျက်ရှိကြောင်း တံ တား တည်ဆောက်ရေးမှ တာဝန်ရှိ တစ်ဦး က ပြောသည်။

ကလေးဝချင်းတွင်းမြစ်ကူး တံ တားမှာ အလျား ၈၅၄ ဒသမ ၈၈ မီတာ၊ တံတားအကျယ် ၁ဝ ဒသမ ၂ မီတာရှိပြီး သံမဏိ သံပေါင်တပ်သံ ကူကွန်ကရစ် အမျိုးအစား၊ ခံနိုင်ဝန် အား ၇၅တန်ဖြစ်ကြောင်း သိရသည်။ ယင်းတံတားကို လမ်းတံတားဦးစီး ဌာန တံတားအထူး အဖွဲ့နှစ်မှ တည်ဆောက်နေခြင်းဖြစ်ပြီး နိုင်ငံ တော်မှ ကျပ်သန်း ၂၁၉၂၅ အကုန် အ ကျခံ တည်ဆောက် ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ကြာကြာကွတ်
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.