27-7-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ချင်းတွင်းမြစ်ရေကြီးမှုကြောင့် ကလေးခရိုင်အတွင်း စပါးစိုက်ခင်း ဧက ၄ဝဝ ကျော် ရေဝင်ပျက်စီး
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1021
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု အဆင့်သတ်မှတ်ချက် အားလုံးကို လာမည့် သုံးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်

မြန်မာနိုင်ငံ လုပ်သားများ ကျွမ်း ကျင်မှု 'စံ' သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ NSSA မှ သတ်မှတ်ထားသည့် မြန်မာ နိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု အ ဆင့်သတ်မှတ်ချက်အားလုံးကို လာ မည့်သုံးနှစ်အတွင်း အကောင်အ ထည်ဖော်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း အလုပ်သမား လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနသတင်းများအရ သိရသည်။

ထိုသို့ ဆောင်ရွက်နိုင်ရေးအ တွက် ယခု ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာ နှစ်အတွက် အမျိုးသားအဆင့် အ လုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု စစ် ဆေးအကဲဖြတ်နိုင်ရန် အလုပ်အကိုင် ၂၅ မျိုး ရွေးချယ်ထားခြင်းဖြစ်သည်။         

အဆိုပါ သတ်မှတ်ထားသည့် အလုပ်အကိုင်များ မှာ လေအေးပေး စက်တပ်ဆင်သူ၊ လျှပ်စစ်တပ်ဆင်မှု ကျွမ်းကျင်၊ ပရိဘောဂ လက်သမား၊ အ ဆောက်အအုံလက်သမား၊ ဂဟေ ဆက်လုပ်သား၊ ဟိုတယ်စားပွဲထိုး ဝန် ထမ်း၊ အရောင်းဆိုင်ငွေကိုင် ဝန်ထမ်း၊ အရောင်းဝန်ထမ်း၊ အုတ်စီလုပ်သား၊ အထည်ချုပ်ကျွမ်းကျင်သူ၊ အိပ်ခန်း ဆောင်ဝန်ထမ်း၊ မော်တော်ယာဉ် စက်ပြင်၊ မော်တော်ယာဉ် စက်စစ် ဆေးသူ၊ ဟိုတယ်ဧည့်ကြိုဝန်ထမ်း၊ ကွန်ကရိ ဖျော်လုပ်သား၊ သံရည်ကျိုပုံ သွန်းလုပ်သား၊ ဓာတ်ငွေ့ဂဟေဆက် လုပ်သား၊ တွင်ခုံ၊ ဖောက်ခုံလုပ်သား၊ သတ္တုတွင်းတူးလုပ်သား၊ လယ်ယာ သုံးစက် ကိရိယာစက်ပြင်၊ ပိုက်ဆက် လုပ်သား၊ြေ<ွကပြား ကပ်လုပ်သား၊ အသေးစားစက်ပြင် Pubilc Area Attendant နှင့် Pneumatic Technian စသည့် လုပ်ငန်းရပ်များ ဖြစ်သည်။

အလုပ်အကိုင်များအတွက် ကျွမ်းကျင်အဆင့်သတ်မှတ်ရာတွင် တစ်စိတ်တစ်ဒေသ ကျွမ်းကျင်လုပ် သား၊ အဆင့်မြင့်ကျွမ်းကျင် လုပ်သား၊ ကြီးကြပ်သူအဆင့်ဟူ၍ အဆင့်လေး ဆင့် သတ်မှတ်ထားသော်လည်း လက်ရှိတွင် ကျွမ်းကျင်လုပ်သား အ ဆင့်အထိ သင်တန်းများ ပို့ချပေးနိုင် ပြီဖြစ်သည်။

အဆိုပါ လုပ်ငန်းရပ်များအနက် ယခု ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်အ တွက် အမျိုးသားအဆင့် အလုပ်အ ကိုင်ဆိုင်ရာ ကျွမ်းကျင်မှု စစ်ဆေး အကဲဖြတ်နိုင်ရန် အလုပ်အကိုင် ၁၉ မျိုးအတွက် ကျွမ်းကျင်လုပ်သား အဆင့်အထိ သင်တန်းများပေးပြီး ဆောင်ရွက် လျက်ရှိသည်။

ဒသမ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.