12 - 1 - 2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြောက်ဦး ရှေးဟောင်းမြေ အတွင်း၌ သောက်စား မူးယစ်ကာ ဆောင်းဘောက်တီး ကခုန်ခြင်းများကို တရားဝင် တားမြစ်သွားမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 996
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
သက်ကြီးရွယ်အိုများ အတွက် အရပ်ဘက်နှင့် လူမှု အဖွဲ့အစည်းများမှ ဘိုးဘွားရိပ်သာ ၈၁ ခုကို အသိအမှတ် ပြု၍ ငွေကြေး၊ ပစ္စည်းနှင့် သက်ကြီးသူများ ပြုစုစောင့်ရှောက်နည်း ပညာများ ကူညီပေးနေ သကဲ့  

သက်ကြီးရွယ်အိုများအတွက် အရပ်ဘက်နှင့် လူမှုအဖွဲ့အစည်း များမှ တည်ထောင်ထားသော ဘိုး ဘွားရိပ်သာ ၈၁ ခုကို နိုင်ငံတော် အနေဖြင့် အသိအမှတ်ပြု၍ ငွေ ကြေး၊ ပစ္စည်းနှင့် သက်ကြီးသူများ ပြုစုစောင့်ရှောက်ခြင်း နည်းပညာ များကို ကူညီထောက်ပံ့ပေးလျက် ရှိသကဲ့သို့ လူမှုဝန်ထမ်းဦးစီးဌာနမှ သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့် ရှောက်ရေး စံပြဂေဟာတစ်ခုကို လည်း ဖွင့်လှစ်ဆောင်ရွက်ပေး လျက်ရှိကြောင်း ပျဉ်းမနားဘိုးဘွား ရိပ်သာတွင် ငွေပဒေသာပင် စိုက် ထူလှူဒါန်းခြင်းနှင့် ဆရာတော် သံဃာတော်များအား ဆွမ်းဆန် စိမ်းလောင်းလှူပွဲ အခမ်းအနား သတင်းများအရ သိရသည်။ အဆို ပါ အခမ်းအနားကို ၂ဝ၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် ပျဉ်းမ နားဘိုးဘွားရိပ်သာ၌ ကျင်းပပြုလုပ် ခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော် အနေ နှင့် လူ့ဘဝတစ်လျှောက်လုံးအ တွက် မွေးစမှသည် သက်ကြီးရွယ် အိုအထိ အခြေခံလူ့အခွင့်အရေး နှင့် ဒီမိုကရေစီစံနှုန်းများနှင့်အညီ လူ့ဂုဏ်သိက္ခာ အပြည့်အဝရရှိ နိုင်မည့် လူမှုအသိုက်အဝန်းတစ် ရပ် ပေါ်ပေါက်လာစေရေးအတွက် မူဝါဒများ ချမှတ်ဆောင်ရွက်လျက် ရှိရာတွင် သက်ကြီးရွယ်အိုများအ တွက်လည်း အထူးအလေးပေး ဆောင်ရွက်လျက်ရှိရာ ယခုအခါ သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေ ပေါ်ထွက်လာပြီဖြစ်သဖြင့် အဆိုပါ ဥပဒေကို အကောင်အထည်ဖော် မည့်နည်း ဥပဒေကိုလည်း ဆက် လက်ရေးဆွဲသွားမည်ဖြစ်ကြောင်း၊ သက်ကြီးရွယ်အိုများအတွက် အ ရပ်ဘက်နှင့် လူမှုအဖွဲ့အစည်းများမှ တည်ထောင် ထားသော ဘိုးဘွားရိပ်သာ ၈၁ ခုကို နိုင်ငံတော်အနေဖြင့် အသိအမှတ်ပြု၍ ငွေကြေး၊ ပစ္စည်း နှင့် သက်ကြီး သူများ ပြုစုစောင့် ရှောက်ခြင်း နည်းပညာများကို ကူ ညီထောက်ပံ့ပေးလျက်ရှိသကဲ့သို့ လူမှုဝန်ထမ်းဦးစီးဌာနမှ သက်ကြီး ရွယ်အိုများနေ့ပိုင်း စောင့်ရှောက် ရေးစံပြဂေဟာတစ်ခုကိုလည်း ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ ကျေးရွာ၊ ရပ်ကွက်နှင့် ရပ် ရွာအတွင်းရှိ အသက်အရွယ်အို မင်းသော်လည်း စွမ်းဆောင်ရည် ရှိသော သက်ကြီးရွယ်အိုများ အတွက် သက်ကြီးသူချင်း ကူညီစောင့် ရှောက်ရေး အစီအစဉ်များလည်း ချမှတ်ဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း၊အဆိုပါ ပျဉ်းမနားဘိုးဘွား ရိပ်သာ ငွေပဒေသပင် စိုက်ထူလှူ ဒါန်းပွဲ အခမ်းအနားတွင် လူမှုဝန် ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာ ချထားရေး ဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာဝင်း မြတ်အေးက အမှာစကားပြော ကြားရာတွင် ထည့်သွင်းပြောကြားခဲ့ ကြောင်း သိရသည်။

ဒသမ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.