6 - 4 - 2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အင်းလေးကန်အတွင်း ရေပေါ်ဈေးသစ် တစ်ဈေး မေလတွင် စတင် အကောင်အထည်ဖော်ရန် စီစဉ်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1008
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
မန္တလေးကျောက်စိမ်းဈေးကွက် အေးစက်စက်

မန္တလေးမြို့ မဟာအောင်မြေ မြို့နယ် ဒေးဝန်းအရှေ့ ၈၇ လမ်း၊ ၃၈ လမ်းနှင့်၊ ၄၁ လမ်းကြားရှိ ကျောက်မျက် ရတနာ ရောင်း ဝယ် ရေး ကျောက်ဝိုင်းတွင် အဖွင့်ဝိုင်း၊ လွှာချပ်ဝိုင်း၊ လက်ကောက်ဝိုင်း၊ ဂွင် ဝိုင်း၊ ပျံကျ မီးထိုးဝိုင်းနှင့်၊ မီးကုပ်နီ၊ ပြာဝိုင်းတို့တွင် အရောင်းအဝယ် မသွက်ဘဲ  အေးစက်စက်ဖြစ်နေ သည်။

အပွင့်နှင့် လွှာချပ်တို့မှာ ဥ ထားရသော အမျိုးအစားမျိုး မဟုတ်၊ အမြဲလည်ပတ်ရောင်းဝယ် နေရသော အမျိုးအစားဖြစ်ရာ နှစ် သစ်ကူးအခါတွင် အရောင်းအ ဝယ်မဖြစ်၍ ငွေအောင်း၊ ငွေသေ နေကြောင်း သိရှိရသည်။

လက်ကောက်အနေဖြင့် အ ရည်ဝင် ကျောက်တစ်ကွင်းလျှင် အနည်းဆုံး ငွေကျပ် နှစ်သိန်းမှ ငါးသိန်းအထိ ရရှိနိုင်သည်။ ပဲဒ လန့်၊ လန့်ကွင်း၊ အသားခါး သာ သာ အနာလွတ်ပါက သိန်းဂဏန်း ဝန်းကျင်ရရှိနိုင်ပြီး ပဲချွမ်ခါး ကွင်း သန့်ပါက ကျပ်ငါးသောင်းအောက်၊ ပန်းကြားသန့်ပါက ကျပ်သိန်း ဂဏန်းထိ ရရှိနိုင်သည်။

ယခုအခါ အောက်ကွင်းများ အလုပ်မဖြစ်ဘဲ ကျပ်ဆယ်ကြီးပိုင်း ဆိုလျှင် တရုတ်ဝယ်လက်မှ အ ဝယ်လိုက်နေပြီး ပစ္စည်းကောင်း လျှင် ဈေးကောင်းရလျက်ရှိသည်။ ကျောက်များလောလောဆယ်အလုပ် မဖြစ်သော်လည်း အောင်းထား လျှင် အချိန်ကောင်း အခါကောင်း ကြုံလျှင် ဈေးကောင်းရနိုင်ပြီး အရှုံး မရှိကြောင်း သိရသည်။ အဖွင့်အ လွှာချပ်နှင့် မီးထိုးများ ဝယ်လက်မ ရှိပဲ ဖြစ်နေ သည်။ ကျောက်သွေး၊ ကျောက်ဖြတ် အလုပ်သမားများအနေဖြင့် အလုပ်မပြတ်လုပ်ရ လျက်ရှိပြီး၊ လုပ်ငန်းရှင်များက ကျောက်ကောင်း လျှင်ကောင်းသလို ဆယ်ဂဏန်း၊ ရာဂဏန်းမျှ ဝင်ငွေ ရရှိအဆင်ပြေလျက်ရှိသည်။

မန္တလေးသတင်း

-
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.