6 - 4 - 2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အင်းလေးကန်အတွင်း ရေပေါ်ဈေးသစ် တစ်ဈေး မေလတွင် စတင် အကောင်အထည်ဖော်ရန် စီစဉ်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1008
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
မန္တလေး ဆန်ဈေးကွက် ဆန်သစ်များ အရောင်းသွက်

ဇန်နဝါရီ ပထမပတ်အတွင်း၌ ဆန်ကြမ်းအသစ်များပေါ်ချိန်ဖြစ် ၍ အရောင်းသွက်လျက်ရှိပြီး၊ ဆန် အဟောင်းများမှာ ဈေးအနည်းငယ် ကျလျက်ရှိသည်။ ယခုရက်ပိုင်းအ တွင်း ဝယ်လက်များက ကျပ် ၂၂ဝဝဝ၊ ဝန်းကျင် ဆန်သစ်ဆန် ကြမ်းများ အဝယ်လိုက်၍ ရွှေဘို ဆန်ဟောင်းများ၊ ဈေးနှုန်းကျဆင်း လာခဲ့သည်။ ယခင်က ဆန်သစ် ပေါ်ချိန်တွင် ရွှေဘိုဘေးကျား ပေါ် ဆန်းအဝါများသာ ဈေး ကျလေ့ရှိ ရာ မှာ ယခု ရွှေဘိုဘေးကျား ပေါ် ဆန်းအဖြူစများပါ ငါးရာကျပ်မှ တစ်ထောင်ထိ ဈေးနှုန်းကျဆင်း သွားခဲ့သည်။

''ဒီကြားထဲ မူဆယ်ဘက်မှာ ကလည်း လမ်းပိတ်ဆို့မှုတွေ၊ စစ်ပွဲ တွေရှိနေတော့ ကားခဈေးတက် တာရောကြောင့် အရောင်းအဝယ် မကောင်းတော့ဘဲ အရှုံးနဲ့ ရင်ဆိုင် ကြရတယ်''ဟူ၍ မန္တလေး ဆန် ကုန်သည်ကြီး တစ်ဦးမှ ပြောပြခဲ့ သည်။

လက်ရှိ ဆန်ဈေးနှုန်းမှာ ရွှေ ဘိုဘေးကျားပေါ်ဆန်းမွှေးအ ဟောင်းမှာ တစ်အိတ်လျှင် ကျပ် ၄၂ဝဝဝ မှ၊ ၄၄ဝဝဝ ခန့်၊ အသစ် တစ်အိတ်လျှင် ငွေ ကျပ် ၃၄ဝဝဝ မှ ၃၅ဝဝဝ ခန့်၊ ရန်ကုန်ပေါ်ဆန်း အသစ်တစ် အိတ်လျှင် ကျပ် ၂၉ဝဝဝ မှ၊ ၃၂ဝဝဝ ခန့်၊ ရန်ကုန် ဇီယာ အသစ်တစ်အိတ်လျှင် ကျပ် ၂ဝဝဝဝ မှ ၂၁ဝဝဝ ခန့်၊ လုံး သွယ်မွှေး အသစ်တစ်အိတ်လျှင် ငွေကျပ် ၃၃ဝဝဝ၊ ဆင်းသုခ အ ဟောင်းတစ်အိတ်လျှင် ကျပ် ၃၈ဝဝဝ မှ၊ ၃၉ဝဝဝ ခန့် ပေါက် ဈေးရှိနေကြောင်းလည်း သိရသည်။

-
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.