23 - 2 - 2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ချင်းတွင်းရေကြောင်း ကျပ်တည်းလာမှုကြောင့် ခရီးသွားလာသူနည်းပါး
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1002
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
ပဲမျိုးစုံဈေးကွက် အကျမြန် အတက်နှေးနေ

ဒီဇင်ဘာလကုန်ပိုင်းက တရုတ်နိုင်ငံဘက်မှ ကုန်သည်များ ဆင်းခဲ့ပြီး အဝယ်လိုက်သဖြင့် ကု လားပဲဈေးနှုန်း အနည်းငယ်မျှမြင့် တက်လာခဲ့သည်။ ပြည်တွင်း ကုန် စည်လက်ကျန်နည်းပါးနေသဖြင့် လည်း ဈေးကောင်း ရရှိခဲ့သည်။ ဇန်နဝါရီလဆန်းပိုင်း၌မူ ပဲဈေး အနည်းငယ်ကျဆင်းလာပြီး ဈေးကွက်တွင်လည်း ဒေါ်လာ ငွေလဲ နှုန်းပြန်လည်ကျဆင်းလာမှုကြောင့် ဈေးကွက်တည်ငြိမ်မှုမရှိ ဖြစ်နေ သည်။

မန္တလေးမြို့နှင့် ဆက်စပ် လျက်ရှိသော ပဲမျိုးစုံ ဈေးကွက်မှာ ကျဆင်းလျက်ရှိသည့်တိုင် ကုန်ကြမ်းပြတ်တောက်နေမှုကြောင့် ကုလား ပဲဈေး မှာ မြင့်တက်လျက် ရှိသည်။ အရောင်းအဝယ်ပိုင်း၌မူ အေးနေကြောင်း သိရသည်။

ပဲဆီဈေးနှုန်းမှာ ယခင်ရက် ပိုင်းက မြေပဲ ကုန်ကြမ်းဈေးမြင့် တက်မှုကြောင့် မြင့်တက်မြဲမြင့် တက်လျက်ရှိသည်။

ကုလားပဲ ဈေးနှုန်းမှာလည်း ပြည်တွင်းဈေးကွက်၌ တည်ငြိမ်မှုမ ရှိဘဲ အကျမြန်အ တက်မြန်လျက် ရှိသည်။ ကျန်သီးနှံများမှာ ပြည် တွင်းဈေးကွက်တွင်တရုတ်နှင့် အိန္ဒိယဝယ်လက်များကြောင့် ပုံမှန် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။

ယခုရက်ပိုင်း၌ ကုလားပဲြ၂ သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၈၄၈ဝဝဝ၊ ပဲတီစိမ်း သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၆၅ဝဝဝ ခွဲမှ၊ ၇၅ဝဝဝ ခန့်၊ ထိုင်ဝမ်ကုလား ပဲ သုံးတင်းဝင် တစ်အိတ်လျှင်  ကျပ် ၁၇၅ဝဝဝ၊ ၉၂၉ သုံးတင်းဝင် တစ်အိတ်လျှင် ကျပ် ၁၃၅ဝဝဝ ခန့်၊ နှမ်းညိုသုံးတင်းဝင် တစ် အိတ်လျှင် ငွေကျပ် ၈ဝဝဝဝ မှ၊ ၈၅ဝဝဝ ခန့်၊ နှမ်းဖြူသုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၈၅ဝဝဝ မှ ၉ဝဝဝဝ ခန့်၊ နှမ်းနက်သုံး တင်း ဝင်တစ်အိတ်လျှင် ၁၁ဝဝဝဝ မှ ၁၂ဝဝဝဝ ခန့် ပေါက်ဈေးရှိနေ ကြောင်း မန္တလေးပဲဈေးကွက်မှ သိရှိရသည်။

-
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.