19-10-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ၄ လတာ ကာလအတွင်း နိုင်ငံတကာ ခရီးသွားဧည့်သည် တစ်သန်းကျော် လာရောက်လည်ပတ်ရန် ခန့်မှန်းထား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1033
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
စတင် လှုပ်ရှားလာသော မန္တလေး မြေဈေးကွက်

မန္တလေးမြို့ ဝန်းကျင်မြေဈေးကွက်တွင် အတန်ကြာမျှ အေး စက်စက်ဖြစ်လာခဲ့ရာ ၂ဝ၁၇ နှစ် ဦး ဇန်နဝါရီ ပထမပတ်မှ စတင်၍ ပြန် လည်လှုပ်ရှားလာနေသည်။ အထူးသဖြင့် အရောင်းအဝယ် ဈေးကွက်ထက် အငှားဈေးကွက် က ပို၍ သွက်လက်လာသည်။ ယခင်နှစ်ကထက် ၂ဝ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းထိ တိုးတက်လာခဲ့ သည်ဟု အိမ် ခြံ မြေ ဈေးကွက်အ တွင်းမှ သိရှိရသည်။

အငှားဈေးကွက်တွင် လူနေ ဆိုင်ခန်းများအနေဖြင့် ၆၉ လမ်း (၃၅ x ၄၁ လမ်းအတွင်း) ၊ ၇၃ လမ်း (လမ်း ၃ဝ မှ တက္ကသိုလ်ထိ)၊ သိပံ္ပလမ်း (၅၉ မှ ၆၉ လမ်းထိ)၊ ဆေးတက္ကသိုလ်ဝန်းကျင် ရပ်ကွက် များ၊ မင်္ဂလာဈေးစီမံကိန်းဝန်းကျင် ရပ်ကွက်များ၊ ကျုံးဘေးတိုက်ခန်း များ (၂၆ လမ်းမှ လမ်း ၈ဝ ဝန်း ကျင်) ၆၂ လမ်းတစ်လျှောက် (လမ်း ၃ဝ မှ ၄၂ လမ်းအတွင်း) ၃၅ လမ်းမကြီး (၆၂ လမ်းမှ ၇၈ လမ်းထိ)၊ လမ်း ၈ဝ၊ ၂၈ လမ်းမှ ဘုရားကြီး အနောက်မုခ်ထိနှင့် ဘူတာကြီးဝန်းကျင်တွင် ငှားရမ်း လိုသူများ လျက်ရှိကြောင်း သိရ သည်။

 မြို့သစ်ပိုင်း အိမ် ခြံ မြေ ဈေး ကွက်တွင် တတ၊ ထထ၊ ဒဒ မြေ ကွက်များမှာ ကျပ်သိန်း ၂ဝဝဝ၊ ဝန်းကျင်၊ ကြားကွက်များမှာ ကျပ် သိန်း ၅ဝဝ ခန့်ဝန်းကျင်၊ စက်မှု (၁) အနီးလမ်းမတန်းများမှာ ကျပ် သိန်း ၂၅ဝဝ ခန့်၊ အောင်ပင်လယ် ထန်းကိုးပင်အနီးရပ်ကွက်များ တွင် ကျပ်သိန်း ၁၂ဝဝ မှ ၂၅ဝဝ ပေါက်ဈေးရှိနေသော်လည်း လက် တွေ့တွင်မူ ဝယ်သူရောင်းသူ တိုက် ရိုက်တွေ့ဆုံမှသာ ညှိနှိုင်းဈေးဖြင့် အ လုပ်ဖြစ်ကြကြောင်း သိရှိရသည်။

-
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.