6 - 4 - 2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အင်းလေးကန်အတွင်း ရေပေါ်ဈေးသစ် တစ်ဈေး မေလတွင် စတင် အကောင်အထည်ဖော်ရန် စီစဉ်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1008
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
ဂျပန် စီးပွားရေး ကိုယ်စားလှယ် အဖွဲ့ စာတမ်း ဖတ်မည်

ဂျပန်-မြန်မာ စီးပွားရေး လုပ် ငန်းရှင်များ ပူးပေါင်းဆောင်ရွက် နိုင်ရန်အတွက် ဂျပန်နိုင်ငံမှ စီးပွား ရေးလုပ်ငန်းရှင်ကိုယ်စားလှယ် ၇ဝ ဦးပါဝင်သော စီးပွားရေးကိုယ်စား လှယ်အဖွဲ့ လာရောက်၍ စာတမ်း များကို ဖတ်ကြားဆွေးနွေးကြ မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကုန် သည်များနှင့် စက်မှုလက်မှု လုပ် ငန်းရှင်များ အသင်းချုပ် UMFCCI ၏ ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့ ထုတ်ပြန် သတင်းများ အရသိရသည်။

အဆိုပါ စီးပွားရေး ကိုယ်စား လှယ်အဖွဲ့အား ဂျပန်နိုင်ငံ Japan Chamber of Commerce and Industry (JCCI) ဥက္ကဋ္ဌ Dr.Akio Mimura ဦးဆောင်ကာ ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့မှ ၂၈ ရက်နေ့အထိ မြန်မာနိုင်ငံသို့ လာရောက်ကာ စီးပွားရေး ဆွေး နွေးလေ့လာမှုများကို ပြုလုပ်ကြ မည်ဖြစ်သည်။

အဆိုပါ စီးပွားရေး ကိုယ်စား လှယ် အဖွဲ့တွင် အကြီးစား ဆောက် လုပ်ရေး လုပ်ငန်းရှင်များ၊ မော် တော်ကား (Honda) ထုတ် လုပ် ရေးလုပ်ငန်း၊ Airline ၊ ဘဏ် လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ် ငန်း၊ ထုတ်လုပ်မှုလုပ်ငန်း၊ ဝန် ဆောင်မှုလုပ်ငန်း၊ Logistics လုပ် ငန်း၊ စီးပွားရေး သုတေသနနှင့် အကြံပေး လုပ်ငန်းရှင်များ ပါဝင် လာကြမည် ဖြစ်သည်။

အဆိုပါ ဆွေးနွေးပွဲတွင် မြန် မာ-ဂျပန်နှစ် ဖက်အဖွဲ့အစည်းမှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင် ပုဂ္ဂိုလ်များက စာတမ်းများ ဖတ် ကြားဆွေးနွေးပြ ကြမည်ဖြစ်ပြီး UMFCCI-JCCI Economic Dialogue တစ်ရပ်ကိုလည်း ကျင်း ပပြုလုပ်ကြမည်ဖြစ်ကြောင်း သိရ  သည်။

ဒသမ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.