23 - 2 - 2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ချင်းတွင်းရေကြောင်း ကျပ်တည်းလာမှုကြောင့် ခရီးသွားလာသူနည်းပါး
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1002
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
၆၉ နှစ်မြောက် ချင်းအမျိုးသားနေ့ကို ကလေးမြို့တွင် စည်ကားစွာ ကျင်းပမည်

ချင်းတိုင်းရင်းသားမျိုးစုံနေ ထိုင်သည့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီလ ၂ဝ ရက်နေ့တွင် ကျရောက်သည့် ၆၉ နှစ်မြောက် ချင်းအမျိုးသားနေ့ကို ကလေး မြို့၊တာဟန်းရပ်ကွက် ဘောလုံး ကွင်းအတွင်းကျင်းပပြုလုပ်သွား မည်ဖြစ်ပြီး နိုင်ငံတော်အကြီးအကဲ များကို အထူးဖိတ်ကြားမည်ဖြစ် ကြောင်း ကလေးမြို့ချင်းအမျိုးသား နေ့ ကျင်းပရေးကော်မတီမှ တာဝန် ရှိ ဦးဒိုင်ကျင့်ပေါင်က ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့သည် ချင်းပြည်နယ်နှင့် ၉ မိုင်သာဝေးသည့် မြို့ဖြစ်သည့် ပြင် ချင်းတိုင်းရင်းသားမျိုးစုံရှိသည့် မြို့ဖြစ်သည့် အားလျော်စွာ ချင်း တိုင်းရင်းသားတို့၏ နှစ်စဉ်ကျင်းပ မြဲဖြစ်သည့် ခွာဒိုပွဲ၊  ကောက်သစ် စားပွဲ၊ ကြပ်ကြာရ်ကုသ်ပွဲတို့ကို စည်ကားစွာ ကျင်းပမှုရှိရာ ယခု နှစ် ချင်းအမျိုးသားနေ့ကို ချင်းရိုး ရာ ဓလေ့ပြခန်းများ၊ ချင်းသမိုင်း ပြခန်းများ၊ ချင်းစာပေပြခန်းများ နှင့် ချင်းရိုးရာယဉ်ကျေးမှုကပွဲများ ချင်းရိုးရာနဘမ်းပွဲများဖြင့် စည် ကားစွာ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း ယင်းက ပြောသည်။

''ကျွန်တော်တို့ ချင်းတိုင်းရင်း သား ရိုးရာယဉ်ကျေးမှုအဖွဲ့တွေ၊ ကလေးခရိုင်၊ မြို့နယ်အုပ်ချုပ်ရေး အဖွဲ့တွေ ဦးဆောင်ပြီး၊ ကလေးမြို့  ချင်းအမျိုးသားနေ့ကို ကျင်းပသွား မှာဖြစ်ပါတယ်။ အထူးသဖြင့် အခု နှစ်မှာ ကျွန်တော်တို့ ချင်းယဉ် ကျေးမှုကော်မတီ အနေနှင့် နိုင်ငံ တော် သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံတော် အဆင့်အကြီးအကဲ၊ တိုင်းဒေသကြီး အကြီးအကဲတွေကို ဖိတ်မန္တကပြု ပြီးဆောင်ရွက်ဖို့ စီစဉ် ထားပါတယ်''ဟု ချင်းယဉ်ကျေးမှု ကော်မတီမှ တာဝန်ရှိတစ်ဦးက ပြောသည်။

ကလေးမြို့သည် ချင်းတိုင်းရင်း သားမျိုးစုံသိန်းချီနေထိုင်သော မြို့ ဖြစ်ရာ နှစ်စဉ်ချင်းရိုးရာပွဲတော်များ ကို၊ ကလေးမြို့တွင် ကျင်းပပြုလုပ် မှုများရှိရာ ယခုနှစ်တွင် ချင်းပြည်နယ်အဆင့်ချင်းအမျိုးသားနေ့ကို ဖလမ်းမြို့တွင်ပြုလုပ်ကျင်းပမည် ဖြစ်ပြီး ဖလမ်းမြို့နှင့် မိုင် ၇ဝ သာ ဝေးသည့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင်လည်း ချင်းအမျိုး သားနေ့ကို ဖေဖော်ဝါရီလ ၁၈ ရက်မှ စတင်၍ ဖေဖော်ဝါရီလ ၂ဝ ရက်နေ့အထိ စည်ကားစွာ ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။

ကြာကြာကွတ်
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.