6 - 4 - 2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အင်းလေးကန်အတွင်း ရေပေါ်ဈေးသစ် တစ်ဈေး မေလတွင် စတင် အကောင်အထည်ဖော်ရန် စီစဉ်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1008
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
ပြည်တွင်း ပြည်ပ ဧည့်သည်များ တည်းခိုနိုင်ရေး အတွက် ချင်းပြည်နယ်၊ ခိုင်ကမ်းမြို့တွင် အဆင့်မြင့် ဟိုတယ် ဆောက်လုပ်မှုများ စတင်

ချင်းပြည်နယ်တွင် ကျေး လက်အခြေပြု ခရီးသွားလုပ်ငန်း ဖော်ဆောင်မှု၏ အစီအစဉ်တစ် ရပ်အဖြစ်၊ ချင်းပြည်နယ်အတွင်း မြို့ကြီးများနှင့် အချက်အခြာကျ သည့်နေရာဒေသများတွင် ပြည် တွင်း ပြည်ပ ခရီးသွားများ စား သောက်နေထိုင်ရေး၊ သွားလာရေး အဆင်ပြေမှု ရှိစေရန် အဆင့်မြင့် ဟိုတယ်ကြီးများ တည်ဆောက်ရန် ချင်းပြည်နယ်အစိုးရမှ ဦးဆောင် စီစဉ်လျက်ရှိရာ ၂ဝ၁၇ ဇန်နဝါရီ လဆန်းပိုင်းတွင် စစ်ကိုင်းတိုင်း ဒေသကြီးနှင့် ချင်းပြည်နယ်အစပ် တွင် တည်ရှိသည့် ခိုင်ကမ်းမြို့တွင် တည်ဆောက်မည့် အဆင့်မြင့် ဟို တယ် တည်ဆောက်ရေးကို စတင် ဆောင်ရွက်နေပြီဖြစ်ကြောင်း ခိုင် ကမ်းမြို့ အထွေထွေအုပ်ချုပ်ရေး ဌာနမှ တာဝန်ရှိ ဦးရှယ်မွန်က ပြောသည်။

''ကျွန်တော်တို့ ခိုင်ကမ်းမြို့ ဟိုတယ်ဆောက်လုပ်ရေးလုပ်ငန်း တွေ စတင်နေပြီဖြစ်ပါတယ်။ အခု လတ်တလောမှာတော့ မြေညှိ လုပ် ငန်းလုပ်ကိုင်နေပါတယ်။ တောင်ဇလပ်ဟိုတယ် ကုမ္ပဏီက ဆောင် ရွက်နေတာဖြစ်ပါတယ်။ ဒေါက် တာကမ်ကျင့်ဒါးလ်ရဲ့ လုပ်ငန်း က တော့ ရှင်းရှင်းလင်းလင်း မသိရ သေးပါဘူး''ဟု ဦးရှယ်မွန်က ဇန်န ဝါရီလ ၆ ရက်နေ့က ပြောသည်။

ချင်းပြည်နယ်အတွင်းပြည် တွင်းပြည်ပ ခရီးသွားများ အဆင် ပြေမှုရှိစေရေးအတွက် ဟားခါးမြို့၊ ဖလမ်းမြို့၊ တီးတိန်မြို့၊ ပလက်ဝ မြို့၊ မတူပီမြို့နှင့် ခိုင်ကမ်းမြို့များ တွင် ဟိုတယ်များ တည်ဆောက် ရေး ၂ဝ၁၆ မိုးတွင်းကာလမှ  စတင်စီစဉ်ခဲ့ခြင်းဖြစ်ရာ ယခုအခါ ချင်းပြည်နယ်မြို့တော် ဟားခါးတွင် KL.Amazing Company- King Solomon Company နှင့် ချမ်းသာရွှေမြေ ကုမ္ပဏီတို့မှ လည်း ကောင်း၊ ဖလမ်းမြို့တွင် Adventures Myanmar Company နှင့် Falam Cherry Company တို့က လည်းကောင်း၊ တီးတိန်မြို့တွင် Unique Asia Gate Sontruction Company နှင့် ရွှေစင်နန်းတော် ကုမ္ပဏီတို့မှ လည်းကောင်း၊ ချင်း ပြည်နယ်တောင်ပိုင်း ပလက်ဝမြို့ တွင် Sweet Hotel Group က လည်းကောင်း၊ မတူပီမြို့တွင် ရွှေ ပြည်တံခွန်နှင့် ချင်းတွင်း ဧရာတို့မှ လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသ ကြီးကလေးမြို့အနီး ခိုင်ကမ်းမြို့ တွင် တောင်ဇလပ်ဟိုတယ်နှင့် ဒေါက်တာ ကမ်ကျင့်ဒါးလ်တို့က လည်းကောင်း ဟိုတယ်ဆောက် လုပ်ခွင့်ရရှိထားကြောင်း သိရသည်။

''ကျွန်တော်တို့ ပြည်တွင်းပြည် ပ ခရီးသွားတွေကို သွားလာမှုအ ဆင်ပြေစေဖို့ကလေးမြို့ကို ရောက် တာနဲ့ ချင်းတောင်ခြေရင်း ခိုင်ကမ်း မြို့မှ တည်ခိုးနေထိုင်နိုင်အောင် ဆောင်ရွက်ပါမယ်၊ အဲဒီကမှ တစ် ဆင့် ဘယ်ကိုသွားမလဲ အစီအစဉ် တွေ ဆောင်ရွက်ပေး ပါမယ်။ ကလေး မြို့ကနေ ဆောင်ရွယ်မယ်ဆိုရင် ခက်ခဲမှုတွေရှိတယ်။ ဒီဖက်ကို ရောက်တာနဲ့ ချင်းတောင်ရဲ့ အ ငွေအသက်ကို လည်း ခံစားရမယ် ပြီးတော့ သွားလာရေး၊ စားသောက် ရေးကိုလည်း တိုက်ရိုက်စီစဉ်ပေး မယ်''ဟု ချင်းပြည်နယ် စည်ပင် သာယာဝန်ကြီး အိုက်ဇက်ခင်က ပြောသည်။

ချင်းပြည်နယ်တွင် ပြည်တွင်း ပြည်ပခရီးသွားလုပ်ငန်းကို အရှိန် မြင့်တင်ဆောင်ရွက်လျက်ရှိရာ ယခု ပွင့်လင်းရာသီတွင် အဆင့်မြင့် ဟို တယ် ၁ဝ လုံးကို စတင်အကောင် အထည်ဖော်ဆောင်ရွက်နေပြီဖြစ် ကြောင်း သိရသည်။ ယခု လက်ရှိ အားဖြင့် ချင်းပြည်နယ် တွင် ပြည်တွင်းပြည်ပ ခရီးသွားများ တည်းခို နေထိုင်စားသောက်နိုင်ရန် ချင်း ပြည်နယ်တောင်ပိုင်းကန်ပက် လက် မြို့တွင် အဆင့်မီ ဟိုတယ် ရှစ်လုံး နှင့်မတူပီ၊ ကန်ပက်လက်မြို့တို့တွင်  ဆောက်လုပ်ဆဲ ဟိုတယ် သုံးလုံးရှိ ကြောင်း ချင်းပြည်နယ် အစိုးရရုံး မှ တာဝန်ရှိတစ်ဦးက ပြောသည်။

ကြာကြာကွတ်
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.