23 - 3 - 2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
လေးမြို့မြစ်ရေ တိုက်စားမှုကြောင့် မင်းပြားမြို့နယ် လက်မ(ရခိုင်) ကျေးရွာမှ နေအိမ် ၈ဝ ကျော် ဘေးလွှတ်ရာသို့ပြောင်း
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1006
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
ချင်းတွင်းမြစ် အထက်ပိုင်း သောင်ထွန်းမှု မြင့်တက်လာ

စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်း တွင်းမြစ်အထက်ပိုင်း၊မော်လိုက်မြို့ ဝန်းကျင်၌ ယခုနှစ်ချင်းတွင်းမြစ် ရေကျရာသီတွင် ယခင်နှစ်များ ထက် သဲသောင်ထွန်းမှုပိုမိုမြင့် တက်များ ပြားလာလျှက်ရှိကြောင်း မုံရွာ-ဟုမ္မလင်းအမြန် ရေယာဉ် မောင်းနှင်သူ ဦးထွန်းမောင် က ပြော သည်။

မုံရွာ-ဟုမ္မလင်း ချင်းတွင်း ရေ ကြောင်းလမ်းသည် ယခုဆောင်း ကာလမှာပင် ယခင်နှစ်များထက် ချင်းတွင်းရေကျဆင်းမှုပိုမိုလျက်ရှိ ပြီး ရေကြောင်းပြောင်းလဲမှုကြီးမား စွာဖြစ်ပေါ်နေရာ မုံရွာ-ကလေးဝ အကြား အလုံ၊ နတ်ကြီး၊ ကြွေအစ ရှိသည့်နေရာများ တွင် ရေကြောင်း ကျပ်ပြီး၊ ကလေးဝမြို့ အထက်ပိုင်း မော်လိုက်မြို့အဝင်နေရာများတွင် သောင်ထွန်း မှုနှင့် ရေလက်ကြား ပေါ်ပေါက် မှုမှာ ယခင်နှစ်များ ထက် ပိုဆိုးကြောင်း ယင်းရေယာဉ် မောင်းက ပြောသည်။

''ကျွန်တော်တို့ ချင်းတွင်း ရေ ကြောင်းမှာ သွားလာတဲ့ ရေယာဉ် တွေ အန္တရာယ်ကင်းရှင်းဖို့ သီတင်း ကျွတ်ရာသီက စလို့ ဆောင် ရွက်နေ တာဖြစ်ပါတယ်။ အခုလည်း ဆောင်းတွင်းရေကျရာသီဖြစ်တဲ့အ တွက် တဇုန်းနှုတ်လုပ်ငန်း၊ ရေ ကြောင်းပြမှတ်တိုင် စိုက်လုပ်ငန်း နှင့် ရေကြောင်းထိန်းသိမ်းရေး လုပ် ငန်းတွေကို လုပ်ဆောင်နေပါ တယ်''ဟု ကလေးဝမြို့ အခြေစိုက်၊ ရေမြစ်ဖြိုးဌာနမှ တာဝန်ရှိတစ်ဦး က ပြောသည်။

ချင်းတွင်းမြစ်အထက်ပိုင်း တွင် လွန်ခဲ့သည့် အနှစ်သုံးဆယ် ဝန်းကျင်မှ အစပြု၍ ရေဝေ၊ ရေ လဲ သစ်တောများပြုန်းတီးလာ သည့် အပြင်၊ နှစ်စဉ်တောင်ကျ ချောင်းများမှ သဲနုံးသယ်ဆောင်စီးဆင်းမှု ကြီးမားသည့်အတွက် နှစ်စဉ်မြစ်အတွင်း သဲသောင်ကြီး များ ပေါ် ထွန်းမှု၊ ရေနည်းပါးမှုများဖြစ် ပေါ်လျက်ရှိကြောင်း ကလေးဝမြို့ မှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေး အဖွဲ့မှ ဦးထွန်းလှိုင်က ပြော သည်။

''ကျွန်တော်တို့ ချင်းတွင်းမြစ် ကြောင်းတစ်လျှောက်မှာရှိတဲ့ သစ် တောဝါးတောတွေကို အခုချိန်က စတင်ပြီး ထိန်းသိမ်းစောင့်ရှောက် မယ်၊ ပြန်လည်စိုက်ပျိုးမယ်၊ ပြီး တော့ သစ်တော၊ ဝါးတောပျက်စီး စေတဲ့ မြေပေါ်မြေအောက် သယံ ဇာတထုတ်လုပ်မှုတွေကို ကန့် သတ်မှသာလျှင် ကျွန်တော်တို့ရဲ့ ချင်းတွင်းမြစ်ကြီးဟာ အရှည်သ ဖြင့် တည်တံ့မှုရှိမှာဖြစ်ပါတယ်''ဟု ကလေးဝမြို့ဒေသခံတစ်ဦး က ပြော သည်။

ချင်းတွင်းမြစ်သည်နွေနှင့် ဆောင်းရာသီတွင် မုံရွာမြို့နှင့် ဟုမ္မ လင်းအကြား ရေယာဉ်များသွား လာရေး ခက်ခဲသည့် နေရာပေါင်း ၄ဝ ကျော်ရှိကြောင်း သိရပြီး သင်္ကြန်ဝန်းကျင် ရာသီများတွင်  ရေကြောင်းကျပ်သည့်အတွက် အချို့နေရာများတွင် ကုန်တင်ရေ ယာဉ်၊ ခရီးသည်ရေယာဉ်အစီး လေးငါးဆယ်ဝန်းကျင်အထိသောင် တင်နေသည်ကို တွေ့မြင်ရကြောင်း ယင်းဒေသခံက ပြောသည်။

ကြာကြာကွတ်
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.