19-10-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ၄ လတာ ကာလအတွင်း နိုင်ငံတကာ ခရီးသွားဧည့်သည် တစ်သန်းကျော် လာရောက်လည်ပတ်ရန် ခန့်မှန်းထား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1033
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
ပုဂံယဉ်ကျေးမှုဇုန် နယ်မြေ သတ်မှတ်ရာတွင် ဧရာဝတီမြစ်ကိုပါ ထည့်သွင်း သတ်မှတ်နိုင်ရန် စီမံဆောင်ရွက်နေ

ပုဂံရှေးဟောင်းယဉ်ကျေးမှု ဇုန်နယ်မြေသတ်မှတ်ရာတွင် ဧရာ ဝတီမြစ်ကိုပါ ထည့်သွင်းသတ်မှတ် နိုင်ရန် စီမံဆောင်ရွက်နေကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန် ကြီးဌာန၊ ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက် ဦးစီးဌာန သတင်းများအရ သိရသည်။

လက်ရှိတွင် ပုဂံရှေးဟောင်း ယဉ်ကျေးမှုဇုန် နယ်မြေသတ်မှတ် ဆောင်ရွက်ရန်အတွက် ဇုန်ပြင် ဆင်ရေးကော်မတီ ဖွဲ့စည်းဆောင် ရွက်လျက်ရှိပြီး လက်ရှိ ဧရာဝတီ မြစ်၏ အခြေအနေမှာ သဘာဝ အခြေအနေများနှင့် ရာသီဥတု အခြေအနေများ အရ သောင် များ ဖြစ်လျက်ရှိနေခြင်း၊ ရေလမ်း ကြောင်းများ ကျဉ်းမြောင်းလာပြီး သောင်များမှာလည်း တဖြည်းဖြည်း ခိုင်မာမှုရှိလာခြင်း၊ မိုးရာသီ မြစ် ရေများချိန်မှ လွဲ၍ ကျန်အချိန်များ တွင် ဧရာဝတီမြစ်အလယ်တွင် မြေပြင်များ ဖြစ်ပေါ်လျက်ရှိနေရာ အဆိုပါ မြစ်လယ်ရှိ ကုန်မြေများတွင် စိုက်ခင်းများ လုပ်ကိုင်ဆောင် ရွက်ကြနေကြခြင်းတို့ရှိနေပြီး စီးပွား ရေး လုပ်ငန်းရှင်များမှ ခိုင်မာမှုရှိနေ သည့် ရေ လယ်ကုန်းမြေများတွင် အဆောက်အအုံများ ဆောက်လုပ် လာသည့် စိုးရိမ်ဖွယ် အခြေအနေ များဖြစ်လာနိုင်သည့်အတွက် ပုဂံ ရှေးဟောင်းယဉ်ကျေးမှုဇုန်နယ်မြေ သတ်မှတ်ရာတွင် ဧရာဝတီမြစ်ကိုပါ ထည့်သွင်းသတ်မှတ်နိုင်ရန် စီမံ ဆောင် ရွက်နေခြင်းဖြစ်ကြောင်း သိ ရသည်။

ထို့အပြင် ဧရာဝတီမြစ်၏ တစ်ဖက်ကမ်းအထိ Buffer Zone အဖြစ် သတ်မှတ်ကာကွယ်ထိန်း သိမ်းသွားရန် အစီအစဉ်များလည်း ရှိနေသည်ဟုဆိုသည်။

ထိုသို့ဇုန် သတ်မှတ်နိုင်ရေး အတွက် ပညာရှင်များပါဝင်သော အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီးမှ တာဝန်ရှိသူများ ပါဝင်သည့် ဇုန်ရေးဆွဲရေးအဖွဲ့ ဖွဲ့ စည်းဆောင်ရွက်သွားမည့်အပြင် အများပြည်သူကိုလည်း ချပြဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါ ဇုန်ရေးဆွဲရေး အဖွဲ့မှ ဒေသခံပြည် သူများ၏ သဘောထားများကို ရယူကာ ဝန်ကြီးဌာနသို့ တင်ပြဆောင် ရွက်သွား မည်ဖြစ်ကြောင်း၊ လက်ရှိ တွင် ဇုန်ပြန်လည်ပြင်ဆင် သတ် မှတ်ရန် အချိန်ကာလကို အတိအ ကျပြောဆို၍ မရနိုင်သေးကြောင်း သိရသည်။

ဒသမ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.