23 - 2 - 2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ချင်းတွင်းရေကြောင်း ကျပ်တည်းလာမှုကြောင့် ခရီးသွားလာသူနည်းပါး
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1002
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
ကလေးဒေသတွင် သစ်၊ ဝါးဈေးမြင့်တက်နေသည့်အတွက် ဒေသတွင်း အိမ်ဆောက်သူများ အခက်ကြုံ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဒေသတွင် ပွင့်လင်းရာသီ သစ်ဈေးဝါးဈေး နှစ်တိုင်းထက်မြင့် တက်နေသည့်အတွက်၊ ကျေး လက် ဒေသနေ အိမ်ဆောက်လုပ်သူများ၊ စပါး၊ ဆန်၊ ပဲသိုလှောင်ရန် ကျီ တိုက်ဆောက်လုပ်သူများအတွက် အခက်အခဲကြုံလျက် ရှိကြောင်း သာ စည်ရွာမှ တောင်သူ ဦးလှဒင် က ပြောသည်။

ကလေးဒေသတွင် လွန်ခဲ့ သည့် အနှစ် ၅ဝ ဝန်းကျင်က သစ် ဝါးအလွန်ပေါများခဲ့သော်လည်း  ဒေသတွင်း လိုအပ်ချက်ကြောင့် သစ်ထုတ်လုပ်မှု ကန်ထရိုက်ရရှိ သည့် သစ်ထုတ်လုပ်ရေးကုမ္ပဏီတို့ ၏ သစ်ဝါးအဆမတန် ထုတ်လုပ် မှုနှင့် အုတ်လုပ်ငန်းရှင်များ ၏ နှစ် စဉ်ထင်းထုတ်လုပ်မှုတို့ကြောင့် ကလေးဒေသတွင် သစ်ဝါးအလွန် ပေါသည့် ဘုန်းချောင်းသစ်တော၊ ကလေး-တမူး လမ်း နဘေးရှိ သစ် တောကြီးများ၊ ထန်တောင်တရိုးရှိ သစ်ဝါးတောကြီးများ ပျောက်ကွယ် ခဲ့ရကြောင်း ကလေးမြို့ဒေသခံ တစ်ဦး က ပြောသည်။

''ကျွန်တော်တို့ ကလေးဒေသ မှာ သစ်တောတွေရှိခဲ့ပေမယ့် သစ် ကောင်းဝါးကောင်း မသုံးရဆိုတာ မျိုး ဖြစ်နေတယ်။ အခုတော့ ကလေးဒေသတစ်ခုလုံးမှာ သစ် တောဝါးတောဆိုတာ အတော်ရှား နေပြီဖြစ်ပါတယ်။ ဝါးဆိုရင်လည်း တမူးဒေသ၊ ဂန့်ဂေါဒေသ၊ မင်း ကင်းဒေသဘက်ကလာတဲ့ ဝါးကို ဝယ်သုံးရမယ်။ သစ်ဆိုရင်လည်း အင်သားကို အကောင်းဆုံးထား သုံးနေရတယ်''ဟု ယင်းဒေသခံက ပြောသည်။

ကလေးဒေသထွက် ဝါးမရှိ တော့သည့်အတွက် တမူး၊ ဂန့်ဂေါ ဒေသထွက်ဝါးကို ဈေးကောင်းပေး ဝယ်သုံးစွဲနေကြရရာ ယခု ရက်ပိုင်း မြင်ဝါးတစ်လုံးကို ၈ဝဝ ကျပ်မှ ၁ဝဝဝ ကျပ်ဝန်းကျင်အထိ ဈေးရှိ နေပြီး တင်းဝါးတစ်လုံးကို ၇၅ဝ ကျပ် ဝန်းကျင်ဈေး ရှိကြောင်း သိရသည်။ ၂ဝ၁၇ နှစ်ဆန်းချိန် ကလေးမြို့ သစ်ဈေးနှုန်း ပျဉ်သား တစ်တန်လျှင်ကျပ် ၉ သန်းနှင့် ကျွန်းတစ်တန်လျှင် ၁ဝ သိန်းမှ ၁၂ သိန်းအထိ ဈေးရှိကြောင်း သိရ သည်။ သစ်တောဌာနတာဝန်ရှိ တစ်ဦး အဆိုအရ သစ်မာများကို ကန့်သတ် တားဆီးစိစစ်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရ ပြီး အမှန်တကယ်လိုအပ်၍ အသုံး ပြုသူများအနေဖြင့် ဒေသတွင်း သစ်စက်များ မှ ဝယ်ယူ သုံးစွဲနိုင် ကြောင်း သိရသည်။

ကြာကြာကွတ်
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.