23 - 2 - 2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ချင်းတွင်းရေကြောင်း ကျပ်တည်းလာမှုကြောင့် ခရီးသွားလာသူနည်းပါး
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1002
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
ကိုရီးယား သမ္မတနိုင်ငံမှ International School Exchange Fellowship 2017-2018 ပညာသင်ဆု အတွက် ဒေါက်တာဘွဲ့ ရရှိပြီးသူ ပညာရှင်များ လျှောက်ထားနိုင်

ကိုရီးယားသမ္မတနိုင်ငံရှိ Korea Foundation for Advanced Studies (KFAS) မှ International School Exchange Fellowship 2017-2018 ပညာ သင်ဆုအတွက် အာရှပညာသင်ဆု ၃၄ ဆု ပေးအပ်ချီးမြှင့်မည်ဖြစ်သ ဖြင့် မြန်မာနိုင်ငံမှ ဒေါက်တာဘွဲ့ ရရှိပြီးသူ ပညာရှင်များ လျှောက် ထားနိုင်ကြောင်း သိရသည်။ အဆို ပါ ပညာသင်ဆုကို ဒေါက်တာဘွဲ့ ရရှိပြီးသူများ လျှောက်ထားနိုင်ပြီး ကိုးရီးယား သမ္မတနိုင်ငံရှိ တက္ကသိုလ်များ (သို့မဟုတ်) သုတေသနအဖွဲ့အစည်းများ၌ တစ်နှစ် (သို့မဟုတ်) ခြောက်လ သုတေသနပြုလုပ်ရမည်ဖြစ်သည်။

အဆိုပါ သုတေသနပြုလုပ်သူများအတွက် အသွားအပြန် လေယာဉ်စရိတ်၊ လစဉ် ထောက်ပံ့ကြေး၊ သုတေသန ပြု လုပ်ရမည့် ထောက်ပံ့ကြေး၊ စာ တမ်းအတွက် လိုအပ်သည့် အ ထောက်အပံ့များနှင့် ထိခိုက်မှု အာမခံကြေးစသည့် ကုန်ကျစရိတ် များကို ကိုရီးယား သမ္မတနိုင်ငံရှိ Korea Foundation for Advanced Studies (KFAS) မှ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပညာသင်ဆုအား မြန်မာနိုင်ငံ ကုန်သည်များနှင့် စက် မှုလက်မှုလုပ်ငန်းရှင်များ အသင်း ချုပ် UMFCCI အသင်းဝင်အသင်း သားများနှင့် ညီနောင်အသင်းများမှ စိတ်ပါဝင်စားသူများ ဖုန်း ဝ၁-၂၃၁၄၃၄၄-၄၉၊ လိုင်းခွဲနံပါတ် ၁၁၈၊ ၁၄ဝ သို့ ဆက်သွယ် စုံစမ်း နိုင်ပြီး ဖေဖော်ဝါရီ ၂၄ ရက်  နောက်ဆုံးထား၍ လျှောက်ထား ရမည်ဖြစ်ကြောင်း သိရသည်။

ဒသမ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.