29-6-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ရခိုင်ကမ်းရိုးတန်းတွင် ငါးဖမ်းဆီးရရှိမှုနည်းပါးလာသည့်အတွက် ငါးဖမ်းကိရိယာများ ပြောင်းလဲသုံးစွဲလာကြ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1017
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
ရခိုင်လူငယ် ညီလာခံကို လာမည့် ၂ဝ၁၇ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပသွားရန် ညီလာခံ အကြိုတွေ့ဆုံပွဲက ဆုံးဖြတ်

ရခိုင်လူငယ်ညီလာခံကို လာမည့် ၂ဝ၁၇ ခုနှစ် ဒီဇင် ဘာလတွင် ကျင်းပသွားရန် ညီလာခံအကြိုတွေ့ ဆုံပွဲက ဆုံး ဖြတ်ခဲ့ကြောင်း သတင်း ရရှိ သည်။
    မာန်အောင်မြို့တွင် ဒီဇင် ဘာ ၂၅ ရက်မှ ၂၉ ရက်ထိ ငါးရက်ကြာ ကျင်းပပြုလုပ်ခဲ့ သော ရခိုင်လူငယ်ညီလာခံ အကြိုတွေ့ဆုံပွဲက အထက်ပါအ တိုင်း ဆုံးဖြတ်ခြင်းဖြစ်ကြောင်း အကြိုညီလာခံကျင်းပရေး ကော်မတီဝင် ကိုအောင်နိုင်က ပြောသည်။
    ''ရခိုင်လူငယ်ညီလာခံကို လာမယ့် ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာ လမှာ ကျင်းပဖို့ ဆုံးဖြတ်ပါ တယ်။ ကျင်းပမယ့် မြို့ကတော့ မသေချာသေးပါ။ တောင်ကုတ် မြို့က ပထမဦးစားပေးပါ။ မြို့ခံ လူထုနဲ့ အစည်းအဝေး ပြန်လုပ် ပြီးတော့ မြို့ကလက်ခံမှ အ တည်ပြုမှာဖြစ်ပါတယ်''ဟု     ကိုအောင်နိုင်က ဆိုသည်။

ရခိုင်လူငယ်ညီလာခံ အကြို တွေ့ဆုံပွဲကို ရခိုင်ပြည်နယ်မြို့နယ် ၁၇ ခုမှ တစ်မြို့နယ်လျှင် လူငယ် ငါးဦးနှုန်းအပြင် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ ချင်း ပြည်နယ်နှင့် ကချင်ပြည်နယ်တို့မှ ရခိုင်လူငယ်နှစ်ရာကျော် တက် ရောက်ခဲ့ကြောင်း သိရသည်။

ငါးရက်ကြာ ကျင်းပခဲ့သည့် အကြိုတွေ့ဆုံပွဲတွင် မျှော်မှန်းချက်၊ ရည်မှန်းချက်နှင့် ဦးတည် ချက်များကို ရေးဆွဲဆုံးဖြတ်ခြင်း၊ လိုအပ်သော လိုဂို၊ ဆောင်ပုဒ်နှင့်ွှ့နာနှသညါ ကို ရွေးချယ်အတည် ပြုခြင်းများ ဆောင်ရွက်ခဲ့ကြောင်း အကြိုတွေ့ဆုံပွဲသို့ တက်ရောက် ခဲ့ သူ တစ်ဦးက ပြောသည်။

ရခိုင်လူငယ်ညီလာခံကျင်းပ ရန် စီစဉ်ရသည့် ရည်ရွယ်ချက်များ မှာ ရခိုင်အမျိုးသား စီးပွားအတွက်  ပြည်တွင်းပြည်ပမှ ရခိုင်လူငယ် များအချင်းချင်း ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်နိုင်ရန်၊ ကဏ္ဍအသီးသီးတွင် စွမ်းရည်ပြည့်ဝသော ရခိုင် လူငယ်ထုတစ်ရပ် စဉ်ဆက် မပြတ် ပေါ်ပေါက်လာစေရန်၊ ရခိုင်အ မျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် လူငယ်များကဏ္ဍတစ်ခု အနေဖြင့် ပူးပေါင်း ပါဝင်နိုင်ရန်တို့ဖြစ် ကြောင်း ကျင်းပရေးကော်မတီ ဝင်များက ပြောသည်။

ထို့အပြင်နိုင်ငံရေးနှင့် အမျိုး သားရေးအခန်းကဏ္ဍများတွင် ရခိုင်လူငယ်များပူးပေါင်းပါဝင်မှု ပိုမိုပီပြင်လာစေရန်၊ ပြည်တွင်း ပြည်ပမှ ရခိုင်လူငယ်များအချင်း ချင်းအပြန်အလှန်ရင်းနှီးချစ်ကြည် မှုရရှိစေရန်၊ ရခိုင်ဒေသတွင်း ရေ ရှည်ဘက်စုံ ဖွံ့ဖြိုးရန်ဒေသခံ လူ ငယ်အဖွဲ့အစည်းများ အချင်းချင်း ချိတ်ဆက်ဆောင်ရွက်ရန် နှင့် ပြည်ထောင်စု တိုင်းရင်းသား လူငယ်အဖွဲ့အစည်း များနှင့် နိုင်ငံ တော် ၏ ကဏ္ဍအသီးသီးတွင် ပူး ပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် တို့ဖြစ်ကြောင်း သိရသည်။

မောင်ကံ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.