19-10-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ၄ လတာ ကာလအတွင်း နိုင်ငံတကာ ခရီးသွားဧည့်သည် တစ်သန်းကျော် လာရောက်လည်ပတ်ရန် ခန့်မှန်းထား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1033
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
ပုဂံဘုရားများ ပြန်လည်ပြုပြင် မွမ်းမံရန် ဇန်နဝါရီလ ၃ ရက်နေ့အထိ အလှူငွေ ကျပ်သန်းငါးထောင်နီးပါး အမေရိကန်ဒေါ်လာ ကိုးသောင်းကျော်နှင့် နိုင်ငံခြားငွေများ အလှူခံရရှိ

၂ဝ၁၆ ခုနှစ်သြဂုတ်လ ၂၄ ရက်နေ့ ညနေပိုင်းတွင် လှုပ်ခတ် သွားခဲ့သော မြေငလျင်ဒဏ်ကြောင့် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအ တွင်းရှိ ပျက်စီး၊ ယိုယွင်းသွားသော ရှေးဟောင်းစေတီ၊ ပုထိုး၊ သာသနိ က အဆောက်အအုံများပြန်လည် ပြုပြင်မွမ်းမံရန် အတွက် ပြည်တွင်း ပြည်ပမှ အလှူရှင်များက လှူဒါန်း လျက်ရှိရာ ၂ဝ၁၇ ခုနှစ် ဇန်နဝါ ရီလ ၃ ရက်အထိ ကျပ်သန်းငါး ထောင်နီးပါး၊ အမေရိကန်ဒေါ်လာ ကိုးသောင်းကျော်နှင့် နိုင်ငံခြားငွေ များကို အလှူခံရရှိခဲ့ကြောင်း သာ သနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန၏ ဇန်နဝါရီ ၃ ရက် ထုတ် ပြန်သော သတင်းများအရ သိရ သည်။

အဆိုပါ အလှူငွေများကို နေပြည်တော် ကောင်စီနယ်မြေ၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီးနှင့် ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေများ၌ ဖွင့် လှစ်ထားသော အလှူငွေကောက်ခံ ရေးဆပ်ကော်မတီများမှ အလှူခံ ရရှိခဲ့ခြင်းဖြစ်သည်။               

 နေပြည်တော် ကောင်စီနယ် မြေမှ ၂ဝ၁၆ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့မှ၂ဝ၁၇ ခုနှစ် ဇန်နဝါရီ လ ၃ ရက်နေ့အထိ အလှူခံရရှိငွေ မှာ ၄၅၃၆ဝ၃၅၅၅ ကျပ်နှင့် အမေရိ ကန်ဒေါ်လာ ၁၃ဝဝဝ ဒေါ်လာ ဖြစ်သည်။             

ရန်ကုန်တိုင်းဒေသကြီး အလှူ ငွေကောက်ခံရေး ဆပ်ကော်မတီမှ ၂ဝ၁၆ ခုနှစ် သြဂုတ်လ ၂၉ ရက်မှ ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလ ၂ ရက်အထိ အလှူခံရရှိ ငွေမှာ ၈ဝ၁၅၁၆၄ဝဝ ကျပ်၊ အမေရိ ကန်ဒေါ်လာ ၈၂၃ဝ၊ ဗကျအ ၁ဝဝ၊ နကမသ ၁၅ဝ အလှူခံရရှိခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး အလှူ ခံ ကောက်ခံရေး ဆပ်ကော်မတီ တွင် ၂ဝ၁၆ ခုနှစ် စက်တင်ဘာ ၆ ရက်မှ ၂ဝ၁၇ ခုနှစ် ဇန်နဝါရီ ၂ ရက်အထိ ငွေကျပ် ၇၅၈၇ဝဝဝ နှင့် အမေရိကန်ဒေါ်လာ ၃ဝဝ အလှူခံရရှိခဲ့ပြီး ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ အလှူငွေ ကောက်ခံရေး ဆပ်ကော်မတီတွင် ၂ဝ၁၆ ခုနှစ် သြဂုတ်လ ၂၅ ရက် မှ ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့အထိ ငွေကျပ် ၃၇၃၁၅၇ ၃၆၉၈ ကျပ်၊ အမေရိကန်ဒေါ်လာ ၆၉၄၈၇ ၊ ထိုင်းဘတ်ငွေ ၂၈၂ဝ၊ ယွမ် ၁၂ဝ၊ SGD  ၂၅၂၊ ရင်းဂစ် ၁၇၊ ဝမ် ၆ဝဝဝ နှင့် Euro ၁ဝဝ၊ အလှူခံရရှိခဲ့သည်။

စုစုပေါင်းအားဖြင့် အလှူငွေ ကောက်ခံရေး ဆပ်ကော်မတီ လေး ခုသို့ ပြည်တွင်း ပြည်ပ အလှူရှင် များ လှူဒါန်းခဲ့သည့် အလှူငွေများ မှာ ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလ ၃ ရက်အထိ ငွေကျပ် ၄၉၉၄၂၈ဝ ၆၅၃ ကျပ်၊ အမေရိကန်ဒေါ်လာ ၉၁ဝ၁၇ ၊ ထိုင်းဘတ်ငွေ ၂၈၂ဝ ၊ ယွမ် ၁၂ဝ၊ SGD  ၂၅၂၊ ရင်းဂစ် ၁၇၊ ဝမ် ၆ဝဝဝ၊ Euro ၂၅ဝ နှင့် Aust ၁ဝဝ ဖြစ်ကြောင်း သိရ သည်။

 စေတနာရှင် အလှူရှင်များ အနေနှင့် လှူဒါန်းလိုပါက အ မျိုးသားပြတိုက်ဦးစီးဌာနရုံးအမှတ် ၃၅၊ နေပြည်တော် ဖုန်း ဝ၆၇ ၄ဝ၈၄၁၈၊ ဝ၉-၇၉၉ ၁၁၆ဝဝ၉၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ရန်ကုန် ဌာနခွဲ)  ဖုန်း ဝ၁-၅၁၅ဝ၇၄၊ ဝ၉-၄၉၂၁၁၂ဝဝ ။ ရှေးဟောင်း သု တေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံ) ဖုန်း ဝ၆၁ ၆ဝ၅၅၆၊ ဝ၉-၄၄၄ဝ၄၁၇ ၁၂၃။ ညောင်ဦး ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ညောင်ဦး မြို့၊ ဖုန်း ဝ၆၁ ၆ဝ၂၆ ၁၆/၆ဝ ၂၆၂၊ ဝ၉-၄၄ ၂ဝဝ ၃ဝ၁၂ သို့ ဆက်သွယ် လှူ ဒါန်းနိုင်ကြောင်း သိရသည်။

ဒသမ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.