6 - 4 - 2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အင်းလေးကန်အတွင်း ရေပေါ်ဈေးသစ် တစ်ဈေး မေလတွင် စတင် အကောင်အထည်ဖော်ရန် စီစဉ်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1008
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
ရှမ်းပြည်နယ်တောင်ပိုင်းထွက် သနပ်ဖက်များ အရည်အသွေးမပြည့်မီ၍ ဆေးလိပ်ခုံများ အခက်တွေ့

မန္တလေးမြို့၊ ချမ်းမြသာစည် မြို့နယ် ရှမ်းပွဲရပ်ရှိသနပ်ဖက်ပွဲရုံမှ ဆေးလိပ်ခုံများသို့ ပြန်လည်၍ဖြန့် ချိကြရာ၊ ယခုနှစ် တင်သွင်းသည့် ရှမ်းပြည်နယ်တောင်ပိုင်းမှ သနပ် ဖက်များ အရည်အသွေးပြည့်မီမှု မရှိသဖြင့် ဆေးလိပ်လုပ်ငန်းရှင် များ ဆေးလိပ်ခုံများ အခက်တွေ့ လျက်ရှိကြောင်း သိရှိရသည်။

သနပ်ဖက်ကို မြန်မာနိုင်ငံအ တွင်း ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဟိုပုံး၊ ပင်းတယ၊ ကက္ကူနှင့် ဘော် ဆိုင်းဒေသတို့တွင် အများဆုံး စိုက် ပျိုးလုပ်ကိုင်ကြသည်။

ယခုနှစ်ပေါက်ဈေးမှာ အ ရွက်သန့် တစ်ပိဿာလျှင် ၃၅ဝဝ ကျပ်၊  အရွက်သေးတစ်ပိဿာ ကျပ် ၂၅ဝဝ ကျပ်ရှိသော်လည်း၊ ဝယ်လိုအားရှိသလောက် ရောင်းချ မပေးနိုင်ကြောင်း သိရသည်။

ယခုနှစ်တွင် ရာသီဥတုမ ကောင်းသဖြင့် သနပ်ဖက်များ အ ထွက်နှုန်း လျော့ကျရုံမျှမက အရည်အသွေး ပြည့်မီခြင်း မရှိဖြစ် နေသည့်တိုင်၊ ဈေးနှုန်းမှာ ယခင် နှစ်များကထက် မြင့်နေသဖြင့် ဆေးလိပ်ခုံပိုင်ရှင်များ လုပ်ငန်း ရှင်များ အခက်တွေ့ကြရ သည်။ သနပ်ဖက်သည် စိုက်ပျိုးပြီး သုံးနှစ် အချိန်မှစ၍ အရွက်ကို ခူးဆွတ် ရောင်းချနိုင်သည်။ တစ်နှစ်လျှင် တစ်ကြိမ် ခုတ်ထွင် ရှင်းလင်းမှုပြု လုပ်ရပြီး ရွက်သစ်နူချိန်တွင် ရာသီ ဥတုမကောင်းပါက အထွက်နှုန်း လျော့ကျကာ အနာများကြောင်း သိရှိရသည်။

-
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.