23 - 2 - 2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ချင်းတွင်းရေကြောင်း ကျပ်တည်းလာမှုကြောင့် ခရီးသွားလာသူနည်းပါး
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1002
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
တစ်ပိုင်တစ်နိုင် လုပ်ငန်း ထူထောင်သူများအတွက် မှတ်ပုံတင်များ ထုတ်ပေး သွားမည်

၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် တွင် မန္တလေးတိုင်းဒေသကြီး အ တွင်းရှိ တစ်ပိုင်တစ်နိုင်လုပ်ငန်း ထူထောင်သော အသေးစား စက်မှု လုပ်ငန်းရှင်များအတွက် လုပ်ငန်း မှတ်ပုံတင် ၃ဝဝ လျာထားထုတ် ပေးသွားရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မန္တလေး တိုင်းဒေသ ကြီး အသေးစား စက်မှုလက်မှု လုပ် ငန်းဦးစီးဌာနမှ တာဝန်ရှိသူများ၏ ပြောပြချက်အရ သိရှိရသည်။

တစ်ပိုင်တစ်နိုင် လုပ်ငန်း တည်ထောင်မှုအတွက် မန္တလေးမြို့ နှင့်၊ နယ်မှလုပ်ကိုင်ဆောင်ရွက်လို သူများလျှောက်ထားခဲ့ကြရာ ၄င်းတို့ လုပ်ကိုင်မည့် နမူနာပစ္စည်းများကို ဓာတ်ခွဲခန်းများတွင် စမ်းသပ် စစ် ဆေးပြီး၊ စည်းကမ်းချက်နှင့် ကိုက် ညီသူများကို လုပ်ငန်း မှတ်ပုံတင် များ ထုတ်ပေးခဲ့ကြောင်း၊ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်အတွင်း တစ်နိုင် တစ်ပိုင် လုပ်ငန်းမှတ်ပုံတင် ၂၄ဝ လျာထား ခဲ့ရာ နိုဝင်ဘာလကုန်ထိ ၁၂၂ ဦးကို လုပ်ငန်းလိုင်စင်များ ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း ကျန်ရှိ နေသည့် လုပ်ငန်းရှင်များကိုလည်း ဆက်လက်ထုတ်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။

လုပ်ငန်းမှတ်ပုံတင် ထုတ်ပေး မည့် လုပ်ငန်းအမျိုးအစားများမှာ စားသောက်ကုန်လုပ်ငန်း၊ အဝတ် အထည်လုပ်ငန်း၊ ပရိဘောဂလုပ် ငန်း၊ လူသုံးကုန်ပစ္စည်းလုပ်ငန်း၊ အိမ်သုံးပစ္စည်းလုပ်ငန်း၊ ပုံနှိပ်ထုတ် ဝေရေးလုပ်ငန်း၊ ဓာတ်သတ္ထုလုပ် ငန်း၊ စိုက်ပျိုးရေး ကိရိယာထုတ် လုပ်ရေး လုပ်ငန်း၊ စက်ကိရိယာ ထုတ်လုပ်ရေးလုပ်ငန်း၊ သယ်ယူပို့ ဆောင်ရေးယာဉ်လုပ်ငန်း၊ လျှပ်စစ် ပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်း၊ အ ထွေထွေအသေးစားလုပ်ငန်းများ ပါဝင်ကြောင်း သိရသည်။

-
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.