23 - 3 - 2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
လေးမြို့မြစ်ရေ တိုက်စားမှုကြောင့် မင်းပြားမြို့နယ် လက်မ(ရခိုင်) ကျေးရွာမှ နေအိမ် ၈ဝ ကျော် ဘေးလွှတ်ရာသို့ပြောင်း
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1006
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
ကလေးမြို့ ကုန်ကားကြီးဝန်းကို ၂ဝ၁၇ နှစ်ဆန်းပိုင်းတွင် အကောင်အထည်ဖော် ဆောင်ရွက်မည်

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ကုန်စည်ပို့ဆောင် ရေးကားကြီးများ၊ မြို့အတွင်းလမ်း မများတွင် သွားလာကုန်တင်ကုန် ချပြုလုပ်နေမှုနှင့်ပတ်သက်၍ မြို့ တွင်းသွားလာကြသည့် မြို့သူ မြို့ သားများ အန္တရာယ်ကင်းရှင်းစေ ရေးအတွက် ၂ဝ၁၇ နှစ်ဆန်း ပိုင်းတွင် ကလေးမြို့ကုန်တင် ကုန်ချ၊ ကုန်ကားကြီးဝန်းကို အပြီး တည် ဆောက်သွားတော့မည်ဖြစ်ကြောင်း ကလေးမြို့ မြို့နယ် စည်ပင်သာယာ ရေးကော်မတီ ဥက္ကဋ္ဌ ဦးသောင်း ရွှေက ပြောသည်။

''ကျွန်တော်တို့ မြေနေရာရပါ ပြီ။ ကုန်ကားကြီးဝန်းနေရာကို ရှင်း လင်းဖို့ အဆောက်အအုံဆောက်ဖို့  မြေညှိဖို့ ကိစ္စတွေ ကားဝန်းနေရာ ကို ခြံခတ်ဖို့ကိစ္စတွေ လုပ်ဆောင်ရ ပါတယ်။ လာမယ့်နှစ်ဆန်းပိုင်းမှာ လုပ်ဆောင်မှာဖြစ်ပါတယ်''ဟု ယင်းက ပြော သည်။

ကလေးမြို့တွင် ကုန်တင် ယာဉ်ကြီးများ သွားလာရေးလွယ် ကူစေရန် မြို့ရှောင်လမ်းကို ပြီးခဲ့ သည့် ၂ဝ၁ဝ ခုနှစ် ဝန်းကျင်မှ စတင်၍  ဖောက်လုပ်ခဲ့ပြီး ယခု ကုန်တင်ကုန်ချဝန်း၊ ကုန်ကားကြီး များ ဝန်းကို ကလေးမြို့ ကလေးဝ လမ်းစိုက်ပျိုးရေးဝန်း၊ အာဇာနည် ကျောက်တိုင်ဝန်းအနီးတွင် သတ် မှတ်ထားကြောင်း သိရသည်။

ယခုအခါ ကုန်တင် ကုန်ချ ဝန်း၊ ကုန်တင်ကားကြီးများ ရပ်နား ရန် နေရာမရှိသည့်အတွက် မြို့ တွင်းလမ်းမများတွင် ကုန်တင်ကုန် ချ ပြုလုပ်ခြင်း ကုန်ကားကြီးများ လမ်းပိတ်ရပ်နားနေမှုများရှိနေမှု ကြောင့် မကြာခဏမလိုလားအပ် သော ပြဿနာများဖြစ်ပေါ်လျက် ရှိရာ ကုန်ကားများ ရပ်နားနေနိုင် သည့် ကုန်တင်ကုန်ချဝန်းကို သက်ဆိုင်ရာမှ အမြန်ဆုံး ဖော် ဆောင်ပေးရန် လိုအပ်လျက်ရှိ ကြောင်း ကလေးမြို့ဒေသခံတစ်ဦး က ပြောသည်။

''ကျွန်တော်တို့ ကလေးမြို့ကို ဗဟိုပြုပြေးဆွဲနေတဲ့ ကုန်ကားလိုင်း၊ ဘတ်စ်ကားလိုင်း၊ ကားသေး၊ ကား ကြီး ခရီးတို၊ ခရီးရှည်ကားများအား လုံးသတ်မှတ်ထားတဲ့ လမ်းစည်း ကမ်းယာဉ်စည်းကမ်းလိုက်နာကြ ပါ။ အခုဆိုရင် ကလေးမြို့မှာ ယာဉ်စီးရေ တိုးပွားလာသလို၊ ကား လိုင်းတွေလည်းတိုးလာပါတယ်။ ဒါကြောင့် မြို့တွင်း ဝင်ထွက်သွား လာတဲ့ကားတွေ အားလုံးစည်းကမ်း ရှိရှိ ကိုယ်ချင်းစာ တရားထားပြီး သွားလာကြဖို့လိုပါတယ်။ အများ သွားလမ်းမကြီးများပေါ်မှာ ပိတ် ရပ်ပြီး ကုန်တင်ကုန်ချပြုလုပ်နေမှု များကိုလည်း စိစစ်အရေးယူသွား  တော့မှာ ဖြစ်ပါတယ်''ဟု မြို့နယ် ပုဂ္ဂလိက ယာဉ်များ စနစ်တကျ ပြေးဆွဲနိုင်ရေး ကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်းက ပြောသည်။

ကြာကြာကွတ်
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.