24-8-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ရင်းနှီးမြှုပ်နှံမှု တိုးတက်နေတဲ့ ဂျာမန် အိမ်ရာဈေးကွက်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1025
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
တတိယအကြိမ်မြောက် နိုဘယ်-မြန်မာ စာပေပွဲတော် ကျင်းပမည်

တတိယအကြိမ်မြောက် နိုဘယ်-မြန်မာစာပေပွဲတော် ရသစာပေ ၂ဝ၁၇ ကို ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်မှ ၂၃ ရက်အထိ ရန်ကုန်မြို့ အမျိုးသား ကဇာတ်ရုံ၌ သုံးရက်တိုင်တိုင် ကျင်းပမည်ဖြစ်ကြောင်း စာပေပွဲတော် ကျင်းပရေး ကော်မတီထံမှ သိရသည်။

 မြန်မာနိုင်ငံ တစ်ဝန်းရှိ စာပေ၊ စာနယ်ဇင်း ပညာရှင် များ၊ စာကြည့်တိုက် ပညာရှင်များ၊ ထုတ်ဝေဖြန့်ချိ သူများ ပူးပေါင်း စီစဉ်သည့် အဆိုပါ စာပေပွဲတော်တွင် ရသစာ တမ်းဖတ်ပွဲများ၊ စာပေဆွေးနွေးပွဲများ၊ စာဖတ်ပွဲများ၊ ကဗျာရွတ်ဆိုခြင်းများ၊ ကာတွန်းပြခန်း၊ မြန်မာ့ ဂန္ထဝင် ဝတ္ထု စာအုပ်ပြပွဲ၊ စာအုပ် မိတ်ဆက်ပွဲ၊ စာအုပ်တိုက် ၂ဝဝ ကျော်၏ အရောင်းပြခန်းများနှင့်အတူ စာပေအနုပညာ သမားများ၏ ပြဇာတ်နှင့် ဖျော်ဖြေရေး အစီအစဉ်များ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ယခုနှစ် ကျင်းပသော နိုဘယ်-မြန်မာစာပေပွဲတော် ကို ရသစာပေပိုမိုထွန်းကားလာရေးအတွက် ရသသဘော ပါသော ဝတ္ထုတို၊ ဝတ္ထုရှည်၊ ကဗျာ၊ ဘာသာပြန် ရသ၊ ရသစာတမ်း စသည့် စာပေလက်ရာများဖြင့် မြန်မာစာပေ ကို အားဖြည့်မြှင့်တင်ရန်၊ ပြည်သူများ စာအုပ်စာပေ ဖတ် ရှုမှုနှုန်း မြင့်လာရန်၊ ရသစာပေဖန်တီးမှု အသစ်များ တိုးပွားလာစေရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်း သိရ သည်။           

မောင်ဘစီ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.