23 - 3 - 2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
လေးမြို့မြစ်ရေ တိုက်စားမှုကြောင့် မင်းပြားမြို့နယ် လက်မ(ရခိုင်) ကျေးရွာမှ နေအိမ် ၈ဝ ကျော် ဘေးလွှတ်ရာသို့ပြောင်း
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1006
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
ကလေးဒေသ တစ်ဝိုက်၌ ယခုနှစ် ရာဘာ စိုက်သူများ ဈေးကောင်းရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဒေသတွင် လွန်ခဲ့သည့် ၁ဝ ကျော် ကာလမှစတင် စိုက်ပျိုးခဲ့ သော ရာဘာစိုက်သူများ ယခုနှစ်တွင် ရာဘာဈေး ကောင်း၊ အဝယ်လိုက်နေသည့်အတွက် ပြီးခဲ့သည့် နှစ် ရှုံးကြွေးများကျေပြီး ယခုနှစ် အမြတ်ကျန် လျက်ရှိကြောင်း ကလေးမြို့နယ် ကံကြီးရွာအနီး ရာ ဘာစိုက်ပျိုးရေးခြံပိုင်ရှင်တစ်ဦးက ပြောသည်။

''ပြီးခဲ့တဲ့နှစ်တွေတုန်းက ကလေးဒေသထွက် ရာဘာက ဝယ်သူလည်းမရှိ၊ ဈေးလည်းမရ ဖြစ်တော့ ရာဘာခြံအတွက် ပြုပြင်လုပ်ကိုင် စရိတ်တွေ အရှုံး ပေါ်ခဲ့ပါတယ်။ နောက်ပြီး ကလေးနယ်မှာ ရှိတဲ့ ရာဘာစိုက်ပျိုးရေးခြံတွေအနေနှင့် ရာဘာပင်စိုက်ပျိုး ရာမှာ ရာဘာပင်အမျိုးအစားရွေးချယ်မှု မှားခဲ့တာ တွေလည်းရှိတဲ့ အတွက် နှစ်ရှည်စောင့်ခဲ့ရပြီး အထွက် နှုန်း နည်းပါးတာမျိုးလည်းရှိတယ်'' ဟု ယင်းခြံပိုင် ရှင်က ပြောသည်။

ကလေးမြို့နယ် လယ်ယာစိုက်ပျိုးရေးနှင့် ဆည် မြောင်းဝန်ကြီးဌာနစက်မှုသီးနှံဖွံ့ဖြိုးရေး ဦးစီးဌာန၏ ဒီဇင်ဘာ ၂၆ ရက်နေ့ ထုတ်ပြန်သည့် စာရင်းဇယား များအရ ကလေးမြို့နယ်တွင် ၂ဝ၁၂-၂ဝ၁၃ ခုနှစ်တွင် ရာဘာစိုက်ပျိုး ဧက ၁၂၈၁ စိုက်ပျိုးပြီး ၁၇ ဧက လှီးခဲ့ရာ ၁၇၈၄.၅ ပေါင်၊ ၂ဝ၁၃-၂ဝ၁၄ ခုနှစ်တွင် ရာဘာ ၁၂၆၈ ဧက စိုက်ပျိုးပြီး ၁၂ဝ ဧက လှီးခဲ့ရာ ၂၈၂၅ ပေါင်၊ ၂ဝ၁၄-၂ဝ၁၅ ခုနှစ်တွင် ရာဘာ ၁၃၄၂ ဧက စိုက်ပျိုးပြီး ၁၂ ဧက လှီးခဲ့ရာ ၇၉.၂၉ ပေါင်၊ ၂ဝ၁၅-၂ဝ၁၆ ခုနှစ်တွင် ရာဘာ ၁၃၉ဝ ဧက စိုက်ပျိုးပြီး ၄ဝ ဧက လှီးရာ ၁၁၅၂ဝ ပေါင်၊ ၂ဝ၁၆-၂ဝ၁၇ ခုနှစ်တွင် ရာဘာ ၁၃၉၄ ဧကစိုက်ပျိုးပြီး ၄၂ ဧက လှီးရာယခုနိုဝင်ဘာလအထိ ၅၃၆၁ ပေါင်ထွက် ရှိနေပြီဖြစ်ကြောင်း သိရသည်။

''ပြီးခဲ့တဲ့နှစ်တွေတုန်းကတော့ ရာဘာတစ်ပေါင် ကို ၅ဝဝ ကျပ်လောက်ရတာပါ။ မကိုက်ပါဘူး။ အခု နှစ်ကတော့ ကလေးမြို့မှာတင် ရာဘာတစ်ပေါင် ၉၅ဝ ကျပ်ပေးကောက်တယ်။ မန္တလေးမှာ တစ်ပေါင် ၁ဝ၂ဝ ကျပ် ဝန်းကျင်ရှိတယ်၊ မှိုင်းခံပြီးဈေးပေါ့။ အမှန် ကတော့ ရာဘာပင်ဟာ လေးနှစ်ဝန်းကျင်ဆိုရင် အ ရွယ်ရောက် ရာဘာစေးထွက်ပါပြီ။ ဒါပေမယ့် နည်း ပညာအရရော လုပ်နည်း ကိုင်နည်း မကျွမ်းတာရော ပေါ့ အနည်းဆုံး အသက်ငါးနှစ်မှာ အစေးထုတ်ကြ တယ်။ တချို့ဆိုရင် ခုနစ်နှစ်ကနေ ၁ဝ နှစ် အထိ တောင်တွေ့ရတယ်။ ကျွန်တော်တို့ ဒီဘက်မှာတော့ ရာ ဘာပင် ၁၆ဝဝ မှာ ရာဘာပေါင် ၈ဝ ဝန်းကျင်ထွက်ပါ တယ်''ဟု ရာဘာခင်းပိုင်ရှင်တစ်ဦးက ပြောသည်။

ကြာကြာကွတ်
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.