23 - 2 - 2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ချင်းတွင်းရေကြောင်း ကျပ်တည်းလာမှုကြောင့် ခရီးသွားလာသူနည်းပါး
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1002
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
နှစ်လကျော်ကြာအောင် ရပ်ဆိုင်းနေသည့် မောင်တောနယ်စပ် ကုန်သွယ်ရေး ပြန်လည်ခွင့်ပြု

အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် လုံခြုံရေးအခြေ အနေအရ နှစ်လကျော်ကြာအောင် ရပ်ဆိုင်းနေရသည့် မောင်တော နယ်စပ်ကုန်သွယ်မှုကို မောင်တော ခရိုင်အုပ်ချုပ်ရေးမှူးက ပြန်လည် ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သတင်း ရရှိသည်။

ဒီဇင်ဘာ ၂၂ ရက်က ပြန် လည်ခွင့်ပြုလိုက်ခြင်းဖြစ်ပြီး ဘင်္ဂ လားဒေ့ရှ်သို့ တင်ပို့မည့် ပို့ကုန်များ ကို တင်ပို့ရန် ပြန်လည်ပြင်ဆင်နေ ပြီးဖြစ်ကြောင်း မောင်တောနယ်စပ် ကုန်သည်များအသင်း အတွင်းရေး မှူး ဦးသိန်းမောင်က ပြောသည်။

''ခရိုင်အုပ်ချုပ်ရေးက ခွင့်ပြု တဲ့စာ တရားဝင်ထွက်လာပါပြီ။ အဲဒီစာကို အသင်းဥက္ကဋ္ဌက နယ် ခြားစောင့်ရဲကွပ်ကဲရေးမှူးဆီကို ပို့ ထားပါပြီ၊ ကွပ်ကဲရေးမှူးရဲ့ ညွှန် ကြားချက်ရရင်တော့ ပို့ကုန်တွေ စပို့တော့မှာဖြစ်ပါတယ်''ဟု ဦးသိန်းမောင်က ဆိုသည်။

 မောင်တောနယ်စပ်နှင့် ဘင်္ဂ လားဒေ့ရှ်သို့ နယ်စပ်ဖြတ်ကျော် သွားလာမှုကို အမှတ် (၁) နယ် ခြားစောင့်ရဲကွပ်ကဲမှု အဖွဲ့မှူးရုံးက တာဝန်ယူထားခြင်းဖြစ်သည်။

 အောက်တိုဘာ ၉ ရက်က မောင်တောအခြေစိုက် နယ်ခြား စောင့်ရဲဌာနချုပ်အပါအဝင် ရဲ စခန်းသုံးခုကို အကာလ်မူလ် မူဂျာ ဟီဒင်န်အဖွဲ့က အကြမ်းဖက်စီးနင်း ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက် လုံခြုံအခြေအနေရ မောင်တော နယ်စပ်ကုန်သွယ်မှု လုပ်ငန်း များမှာ ရပ်ဆိုင်းထားခဲ့ရပြီး တချို့ပို့ကုန် များကို စစ်တွေနယ်စပ်စခန်းမှ တင်ပို့ခဲ့ရကြောင်း သိရသည်။

''မောင်တောနယ်စပ်ရဲ့ အဓိက စီးပွားရေးက နယ်စပ်ကုန် သွယ်မှုပဲဖြစ်ပါတယ်။ ကုန်သွယ်မှု မရှိရင် ကုန်သည်တွေလည်း အ ဆင်မပြေကြဘူး၊ လက်လုပ်လက် စားတွေလည်း အဆင်မပြေကြပါ ဘူး''ဟု ကုန်သွယ်သူတစ်ဦးက ပြောသည်။

မောင်ကံ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.