19-10-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ၄ လတာ ကာလအတွင်း နိုင်ငံတကာ ခရီးသွားဧည့်သည် တစ်သန်းကျော် လာရောက်လည်ပတ်ရန် ခန့်မှန်းထား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1033
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
ဆရာ ဆရာမတို့၏ ပြဿနာ အရပ်ရပ်ကို ဖြေရှင်းနိုင်ရန် မြို့နယ်လုံးဆိုင်ရာ ဆရာများ အဖွဲ့ ဖွဲ့စည်း

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ဒေသအတွင်း ဖြစ်ပွား လျက်ရှိသော ဆရာ ဆရာမတို့၏ အခက်အခဲများကို ကူညီဖြေ ရှင်း နိုင်ရန်အတွက် ဒီဇင်ဘာ ၁၈ ရက် က ရှင်းဟုန်ခန်းမတွင် မြို့နယ် လုံးဆိုင်ရာ ဆရာ ဆရာမအဖွဲ့ကို ဖွဲ့စည်းကြောင်း သိရသည်။

ထိုအဖွဲ့က ဒေသတွင်းဖြစ် ပေါ်လျက်ရှိသော ဆရာ ဆရာမ တို့၏ အခက်အခဲအကြပ်အတည်း တို့ကို ကူညီဖြေရှင်း သွားမည်ဖြစ် ကြောင်း ကလေးမြို့ အထက ၁ မှ ဆရာဦးမျိုးမင်းအောင်က ပြောသည်။

''ကျွန်တော်တို့ ဆရာ ဆရာမ တွေအနေနဲ့ ပညာရေးဝန်ထမ်း တွေအတွက် သီးသန့်အကာအ ကွယ်ပြုတဲ့ ဥပဒေမရှိဘူးဗျ၊ ကလေးမြို့မြောက်ပိုင်းစော်ဘွား ရေရှင်ရွာဘက်မှာ ဆရာမတွေ နေ ထိုင်တဲ့ နေအိမ်ကို ဖောက်ထွင်းခံရ တာ ခုနစ်ကြိမ်ရှိပြီ၊ ထိရောက်တဲ့ အရေးယူပေးမှုမရှိဘူး၊ အကာအ ကွယ်မဲ့နေတယ်။ နောက်တစ်ခါ၊ ကျောင်းအုပ်ကြီးက ကျောင်းဆရာ မကို ပါးရိုက်လိုက်တဲ့ကိစ္စ၊ ဘယ်လို ဖြေရှင်းရမှန်းမသိဖြစ်နေတယ်။ အဲ ဒီလိုမျိုး ကိစ္စတွေကို ကျွန်တော်တို့ အဖွဲ့အနေနဲ့ လောလော ဆယ်ပေါ့၊ အဖြေရှာဆောင်ရွက်ပေးမယ်ဆို တာမျိုးပါ''ဟု ဆရာဦးမျိုးမင်း အောင်က ပြောသည်။

ကလေးဒေသအတွင်း တာ ဝန်ထမ်းဆောင်နေသော ဆရာ၊ ဆရာမများအနေဖြင့် အချို့ကိစ္စ များတွင် သက်ဆိုင်ရာတို့၏ အ ကြောင်းမဲ့ တိုက်ခိုက်ဆောင်ရွက်မှု ကြောင့်လည်းကောင်း၊ ဒေသတွင်း အုပ်ချုပ်ရေးအဖွဲ့များ ကော်မတီ များ၏ အထက် အဖွဲ့အစည်းများသို့ တိုင်ကြားချက်များ ပေးပို့ခြင်းတို့ ကြောင့် အကြောင်းမဲ့ ထိခိုက်ဆုံး ရှုံးမှုများဖြစ်ကြရရာ၊ ယင်းကိစ္စများ နှင့် ပတ်သက်၍ ကျောင်းဆရာ၊ ဆရာမများအတွက် ဖြေရှင်း အ ကာ အကွယ်ပေးမည့်ထိရောက် သော ဥပဒေမရှိဖြစ်နေခြင်း၊ ဝန် ထမ်း ဥပဒေ၊ အရပ်ဥပဒေဖြင့် ဆောင်ရွက်ခြင်းတို့ကြောင့် ဆုံးရှုံး နစ်နာမှုကြီးမားရသည့် ဆရာ ဆရာမအတွက် ရပ်တည်ဆောင် ရွက်ပေးရန် ရည်ရွယ်ကြောင်း ယင်း က ပြောသည်။

''ကျောင်းဆရာ၊ ဆရာမဆို တာကတော့ ခေတ်အဆက်ဆက် ကျောင်းနဲ့ မသက်ဆိုင်တဲ့ အရပ် အလုပ်၊ လူမှုအလုပ်၊ အုပ်ချုပ်ရေး အလုပ်၊ ကြားနေအလုပ်၊ အလုပ် မျိုးစုံလုပ်ကိုင်ကြရတယ်၊ ကျောင်း ဆရာဆိုတာ ကျောင်းတက် စာ သင်ဖို့ဖြစ်ပေမယ့် ဒေသရဲ့ အလုပ် တွေဝင်လုပ်ရတာမျိုးတွေရှိတယ်။ အဲဒီမှာ အဘက်ဘက်ကအ ကြောင်း အမျိုးမျိုးနဲ့ စိန်ခေါ်မှုတွေ ဝင်လာတာမျိုးတွေရှိတယ်။ အဲဒီလို မျိုး ကိစ္စတွေကို ဖြေရှင်းပေးနိုင်တဲ့ သူလိုအပ်ပါတယ်''ဟု ဒေသခံ ကျောင်းဆရာတစ်ဦးက ပြော သည်။

ကလေးမြို့နယ်တွင် ဖွဲ့စည်း သည့် အခြေခံပညာဆရာ ဆရာမ ဖွဲ့စည်းသည့် အခြေခံပညာ ဆရာ ဆရာမအဖွဲ့ကို ဆရာ ဆရာမ ၁ဝဝ ကျော်ဖြင့် ခိုင်မာစွာ ဖွဲ့စည်း ထားပြီး၊ ကလေးဒေသတွင်းရှိ အ ခြေခံပညာရေးဝန်ထမ်း ၂၈ဝဝ ကျော်တို့၏ လိုအပ်ချက်အခက် အခဲများကို ကူညီဖြေရှင်းသွားမည် ဖြစ်ကြောင်း ဆရာမတစ်ဦးက ပြောသည်။

''အခုဖွဲ့စည်းထားတဲ့ ဆရာ ဆရာမအဖွဲ့အစည်းက ဒေသတွင်း ဆရာ ဆရာမတို့ရဲ့ အခက်အခဲကို ကူညီဖြေရှင်းဖို့ဖြစ်ပါတယ်။ အ တိုက်အခံလုပ်ဖို့ မဟုတ်ပါဘူး။ တိုင်တန်းဖို့မဟုတ်ပါဘူး။ ဆန္ဒ ထုတ်ဖော်ဖို့ ဒုက္ခပေးဖို့ မဟုတ်ပါ ဘူး။ ဆရာ ဆရာမတွေအတွက် လိုအပ်နေတဲ့ အချက်အလက်တွေ ဖြည့်ဆည်းဆောင်ရွက်ဖို့ဖြစ်ပါ တယ်'' ဟု မူလတန်းပြဆရာတစ် ဦးက ပြောသည်။

ကြာကြာကွတ်
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.