12 - 1 - 2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြောက်ဦး ရှေးဟောင်းမြေ အတွင်း၌ သောက်စား မူးယစ်ကာ ဆောင်းဘောက်တီး ကခုန်ခြင်းများကို တရားဝင် တားမြစ်သွားမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 996
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
မြန်မာ့ လက်ဖက်ခြောက် ဂျာမဏီသို့ ပို့မည်

ရှမ်းပြည်နယ်ထွက် လက်ဖက် ခြောက်များကို ဂျာမဏီနိုင်ငံ ဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ရန် စီမံ ဆောင် ရွက်နေကြောင်း မြန် မာ နိုင်ငံလက်ဖက်အစုအဖွဲ့ သတင်း များအရ သိရသည်။ လက်ရှိတွင် မြန်မာနိုင်ငံမှ လက်ဖက်ခြောက်ကို တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံ ဈေး ကွက်များသို့သာ အဓိက တင်ပို့ ရောင်းချလျက်ရှိသည်။                 

စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန သတင်းများ အရ ၂ဝ၁၆ ခုနှစ် စက်တင်ဘာလ ၃ ရက်မှ ၉ ရက်အတွင်း အမေရိ ကန်ဒေါ်လာ ၁၇၉ဝ၉ ဒေါ်လာ တန်ဖိုးရှိ လက်ဖက်ခြောက်တန်ချိန် ၄၆ တန်၊ စက်တင်ဘာလ နောက် ဆုံးပတ်တွင် အမေရိကန်ဒေါ်လာ ၄၇၁၃၈ တန်ဖိုးရှိ လက်ဖက် ခြောက် တန်ချိန် ၁၂ဝ ကျော် အောက်တိုဘာလ ၈ ရက်နေ့မှ ၁၄ ရက်အတွင်း  အမေရိကန်ဒေါ်လာ ၁၉၈၉ဝ ဒေါ်လာတန်ဖိုးရှိ လက် ဖက်ခြောက်တန်ချိန် ၅၁ တန် ကျော်နှင့် နိုဝင်ဘာလ ၁ဝ ရက်နေ့ တွင် လက်ဖက်ခြောက်တန်ချိန် ၁၅ တန်ကို တာချီလိပ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချပေးခဲ့ပြီး မူဆယ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ နိုဝင် ဘာလ ၁ဝ ရက်တွင် တရုတ် နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၄၄၈၂ ဒေါ်လာတန်ဖိုးရှိ လက် ဖက်ခြောက်တန်ချိန် ၁၃ တန်ခွဲ တင်ပို့ရောင်းချပေးခဲ့ကြောင်း သိရ သည်။

ဂျာမဏီနိုင်ငံသို့ တင်ပို့ရောင်း ချရာတွင် တစ်ပိဿာလျှင် ကျပ် တစ်သောင်းခွဲဈေးနှုန်းအထက်ရရှိ မည်ဖြစ်သည်။ လက်ရှိပြည် တွင်း ဈေးကွက်၌ လက်ဖက်ခြောက် လက်ကားဈေးမှာ ထိပ်စ တစ် ပိဿာလျှင် ကျပ် ၅၅ဝဝ မှ ၆ဝဝဝ အထိရှိပြီး ဈေးကျချိန်တွင် ငွေကျပ် ၃၅ဝဝ မှ ၄ဝဝဝ အထိရှိ ကြောင်း သိရသည်။

လက်ဖက်ကို ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးခရိုင်၊ မူဆယ် ခရိုင်၊ ကျောက်မဲခရိုင်၊ ကွမ်းလုံ မြို့နယ်၊ လောက်ကိုင်ခရိုင်၊ ရှမ်း ပြည်နယ်တောင်ပိုင်းတောင်ကြီး ခရိုင်၊ လွယ်လင်ခရိုင်၊ လင်းခေး ခရိုင်၊ ကရင်ပြည်နယ်၊ သံတောင် ဒေသနှင့် ချင်းပြည်နယ်တို့ တွင် အ များအပြားစိုက်ပျိုးလျက်ရှိသည်။       

 မြန်မာနိုင်ငံ၌ လက်ဖက် ခြောက်စက်ရုံ ခုနစ်ရုံခန့်ရှိနေပြီး လက်ဖက်စို၊ လက်ဖက်ခြောက်လုပ် ငန်းများ တိုးတက်လာစေရေးအ တွက် မြန်မာနိုင်ငံ လက်ဖက် လုပ် ငန်းရှင်များ အစုအဖွဲ့အနေဖြင့် တောင်သူများအား ခူးဆွတ်မှု၊ သန့် ရှင်းသပ်ရပ်မှုနှင့် ထုတ်လုပ်မှု မှန် ကန်စေရန် ပံ့ပိုးကူညီလုပ်ဆောင် ပေးလျက်ရှိကြောင်း သိရသည်။

ဒသမ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.