12 - 1 - 2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြောက်ဦး ရှေးဟောင်းမြေ အတွင်း၌ သောက်စား မူးယစ်ကာ ဆောင်းဘောက်တီး ကခုန်ခြင်းများကို တရားဝင် တားမြစ်သွားမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 996
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
ပုဂ္ဂလိက ဝါးအခြေခံ သင်တန်းကျောင်း ဖွင့်လှစ်ရန် စီစဉ်

မြန်မာနိုင်ငံ၏ ပထမဆုံး သော ပုဂ္ဂလိက ဝါးအခြေခံ သင် တန်းကျောင်းကို ၂ဝ၁၇ ခုနှစ်၊ နှစ် ဆန်းပိုင်းတွင် ဖွင့်လှစ်နိုင်ရန် စီမံ ဆောင်ရွက်နေကြောင်း မြန်မာ နိုင်ငံ ဝါးစိုက်ပျိုးရေးအသင်း၏ သတင်းများအရ သိရသည်။

အဆိုပါ ဝါးအခြေခံသင်တန်း ကျောင်းကို သစ်တောပြုန်းတီးမှု များကို အတိုင်းအတာတစ်ခုအထိ ကာကွယ်ထိန်း သိမ်းနိုင်ရေးအ တွက် သစ်အသုံးပြု နေသည့်နေ ရာများတွင် ဝါးများကို အစားထိုး အသုံးပြုနိုင်ရန်၊ ဝါးနှင့် ပတ်သက် သည့် အလုပ်အကိုင် အခွင့်အ လမ်းများ ရရှိလာစေရန်နှင့် ဝါး စိုက်ပျိုးသူတောင် သူများ ဝင်ငွေရ ရှိလာစေရန် ရည်ရွယ်ကြောင်း သိရသည်။

အဆိုပါ ပုဂ္ဂလိက ဝါးခြေခံ သင်တန်းကျောင်းကို မန္တလေးမြို့၊ အောင်မြေသာဇံမြို့နယ်တွင် ဖွင့်လှစ်ရန် စီမံရွက်နေသည်ဟု ဆိုသည်။

အဆိုပါ ဝါးအခြေခံ သင်တန်း ကျောင်းတွင် လူသုံးကုန်ပစ္စည်းနှင့် အသုံးအဆောင်ပစ္စည်း ထုတ်လုပ် ခြင်း၊ ဝါးကို သစ်ကဲ့သို့ နှစ်ကြာ ရှည်စွာ ခံနိုင်ရည်ရှိလာစေရန် လုပ် ကိုင်ဆောင်ရွက်ခြင်း၊ လူနေ အ ဆောက် အအုံများဆောက်လုပ် ခြင်း၊ ဝါးမီးသွေးပြုလုပ်ခြင်း၊ ဝါးမှ အနုပညာ ပစ္စည်းများ၊ ပန်းချီ ပန်းပုများပြုလုပ်ခြင်း စသည့် ဝါးကို အသုံးပြု၍ သစ်အစားထိုးအသုံးပြု နိုင်မည့် နည်းလမ်းများကို ဘာသာ ရပ်များခွဲခြားကာ အသက်မွေးဝမ်း ကြောင်း ပညာရပ်တစ်ခုအဖြစ် လုပ်ကိုင်ဆောင်ရွက်နိုင်သည့်အထိ ပညာရှင်များမှ သင်ကြားပို့ချပေး သွားမည်ဖြစ်ကြောင်း သိရသည်။

ဒသမ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.