6 - 4 - 2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အင်းလေးကန်အတွင်း ရေပေါ်ဈေးသစ် တစ်ဈေး မေလတွင် စတင် အကောင်အထည်ဖော်ရန် စီစဉ်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1008
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
မောင်တော ခရိုင်အတွင်း ဒေသခံများ အဓမ္မပြုကျင့်ခံရမှု ရှိပါက ဥပဒေနှင့်အညီ အမှုဖွင့် တိုင်ကြားနိုင်

မောင်တောခရိုင်အတွင်းရှိ ဒေသခံများအနေဖြင့် အဓမ္မပြု ကျင့်ခံရမှုများရှိပါက ဥပဒေနှင့်အ ညီ အမှုဖွင့်တိုင်ကြားနိုင်ပြီး မှန် ကန်မှုရှိပါက တရားဥပဒေနှင့်အ ညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကာ အမှန်တကယ် နစ်နာသူ များအား ထိထိရောက်ရောက် အ ကာအကွယ်ပေးသွားမည်ဖြစ် ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ဒီဇင်ဘာ ၂၃ ရက်က သတင်း ထုတ်ပြန်သည်။

 မောင်တောအကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ် ဖြစ်ပွားပြီး နောက် အမျိုးသမီးအချို့ အဓမ္မ ပြုကျင့်ခံရမှု ကောလာဟလနှင့် ပတ်သက်၍ အင်တာနက်နှင့် လူမှုကွန်ရက်များတွင် မဟုတ်မမှန် လုပ်ကြံဝါဒဖြန့်သော သတင်း များလွှင့်တင်ခြင်း၊ ပြည်ပမီဒီယာ အချို့ကလည်း မဟုတ်မမှန် လုပ် ကြံထားသည့် တစ်ဖက်သတ် စွပ်စွဲချက်သတင်း များကို မီဒီယာ ကျင့်ဝတ်နှင့် မညီဘဲ ထုတ်လွှင့် ခြင်း များ ဆောင်ရွက်၍ အဖျက် သဘောဖြင့် မကောင်းသတင်းများ ကို ဖြန့်ဝေလျက်ရှိကြောင်း ထုတ် ပြန်ချက်တွင် ပါရှိသည်။

အဓမ္မပြုကျင့်မှုများ ရှိသည်ဟု ပြောကြားချက်များ ရှိနေသဖြင့်  ယင်းတို့နှင့် စပ်လျဉ်း၍ ဖြစ်ရပ်မှန် ပေါ်ပေါက်ရေး၊ ကျူးလွန်ခဲ့သူများ အား တရားဥပဒေနှင့်အညီ အရေး ယူနိုင်ရေးနှင့် နစ်နာသူများအား အကာအကွယ်များပေးအပ်နိုင်ရေး အတွက်  ဒီဇင်ဘာ ၂၂ ရက်တွင် တာဝန်ရှိသူများက မေးမြန်းခဲ့သော် လည်း ယင်းသတင်းကို လွှင့်နေသူ မဂျာမာလီဟာနှင့် ဒေါ်သန်းသန်းတို့ မှာ တိမ်းရှောင်လျက် ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 မောင်တောနယ်စပ်တွင် အ ကြမ်းဖက်မှုဖြစ်ပွားပြီးနောက် နယ် မြေတည်ငြိမ်မှုမရှိအောင် အကြမ်း ဖက်သမားများနှင့် ပတ်သက် ဆက်နွယ်နေသည့် ဘင်္ဂါလီများက မဟုတ်မမှန်သတင်းများ လွှင့်နေ သည်ကို တွေ့ရှိနေရပြီး သတင်းမှန် ပြောကြားသူများကို လည်း နှုတ် ပိတ်သည့်အနေဖြင့် သတ်ဖြတ် ခြင်းများရှိလာကြောင်း နယ်ခြား စောင့်ရဲအရာရှိတစ်ဦးက ပြော သည်။

မောင်ကံ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.