23 - 2 - 2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ချင်းတွင်းရေကြောင်း ကျပ်တည်းလာမှုကြောင့် ခရီးသွားလာသူနည်းပါး
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1002
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
မောင်တော အကြမ်းဖက်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ ပဏာမ အစီရင်ခံစာ ရခိုင်ပြည်နယ် လွှတ်တော်သို့ တင်သွင်း

အောက်တိုဘာ ၉ ရက်က စတင်ဖြစ်ပွားခဲ့သည့် မောင်တော အကြမ်းဖက်မှုဖြစ်စဉ်နှင့် ပတ် သက်၍ ရခိုင်ပြည်နယ်လွှတ်တော် က ဖွဲ့စည်းထားသည့် စုံစမ်းလေ့ လာရေးကော်မတီ၏ ပဏာမအစီ ရင်ခံစာကို ပြည်နယ်လွှတ်တော်သို့ တင်သွင်းလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာ ၂၇ ရက် ကျင်းပပြု လုပ်သည့် ရခိုင်ပြည်နယ်လွှတ် တော် တတိယပုံမှန်အစည်းအဝေး တွင် စုံစမ်းလေ့လာရေးကော်မတီ က တင်သွင်းခဲ့ခြင်းဖြစ်ပြီး အစီရင် ခံစာတွင် စာမျက်နှာ ၁၅ မျက်နှာ ပါဝင်ကြောင်း စုံစမ်းလေ့လာရေး ကော်မတီဝင်တစ်ဦးက ပြော သည်။

၉/၁ဝ မောင်တော၊ ရသေ့ တောင် ဘင်္ဂါလီအကြမ်းဖက်ခံရမှု စုံစမ်းလေ့လာရေးကော်မတီ၏ အ စီရင်ခံစာတွင် ဘင်္ဂါလီများတွင် အ လယ်အလတ်လမ်းစဉ်နှင့် အကြမ်း ဖက်လမ်းစဉ်ကို လိုက်နာသူဟူ၍ လူတန်းစားနှစ်မျိုးတွေ့ရပြီး အ လယ်အလတ်လမ်းစဉ်ရှိသူများ သည် ပြည်တွင်းတွင် နေထိုင်ကြ ပြီး လူဦးရေပွားများရေးနှင့် ဘာ သာတရား လွှမ်းမိုးရေးလုပ်ဆောင် ကြသည်ဟု ဖော်ပြထားသည်။

 အကြမ်းဖက်လမ်းစဉ်လိုက် သူ အစွန်းရောက်များသည် ပြည်ပ အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်နွယ်ပြီး ဒေသတွင်း အကြမ်း ဖက်တိုက်ခိုက် နယ်မြေသိမ်းပိုက် ရေးကို လုပ်ဆောင်ကြသည်ဟု ဖော်ပြထားသည်။

''အခုတင်သွင်းတာက ပဏာမအစီရင်ခံစာဖြစ်ပါတယ်။ အခုအစီရင်ခံစာနဲ့ ပတ်သက်ပြီး လွှတ်တော်ထဲမှာ အကြံပြုဆွေးနွေး သွားပါမယ်။ ပြီးရင် ဆက်လက် လေ့လာပြီးတော့ နောက်ထပ် တင် သွင်းရမယ့် အစီရင်ခံစာတွေကို ဆွေးနွေးသွားမှာဖြစ်ပါတယ်''ဟု စုံစမ်းလေ့လာရေးကော်မတီဝင်  မြောက်ဦးမဲဆန္ဒနယ်မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်း သာစိန်က ပြောသည်။

 မောင်တောအကြမ်းဖက်မှု နှင့် ပတ်သက်၍ စုံစမ်းလေ့လာ ရေးကော်မတီကို ပြီးခဲ့သည့် အောက်တိုဘာ ၂၄ ရက်က ပြည် နယ်လွှတ်တော် ကိုယ်စားလှယ် ၁၁ ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး မောင်တော နယ်စပ်ဒေသသို့ နှစ်ကြိမ်လာ ရောက်လေ့လာခဲ့သည်။

မောင်ကံ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.