23 - 2 - 2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ချင်းတွင်းရေကြောင်း ကျပ်တည်းလာမှုကြောင့် ခရီးသွားလာသူနည်းပါး
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1002
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
နေပြည်တော်၌ အငြိမ်းစား ဝန်ထမ်းများနှင့် ဝင်ငွေနည်း ပြည်သူများအတွက် တန်ဖိုးနည်း အိမ်ရာ စီမံကိန်း နှစ်ခု ၂ဝ၁၇ -၂ဝ၁၈ ဘဏ္ဍာနှစ်တွင် စတင် အကောင်အထည်ဖော်မည်

နေပြည်တော်၌ အငြိမ်းစား ဝန်ထမ်းများနှင့် ဝင်ငွေနည်းပြည် သူများအတွက် လက်လှမ်းမီနိုင် မည့် တန်ဖိုးနည်းအိမ်ရာ စီမံကိန်း နှစ်ခု ကို ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန သတင်းများအရ သိရသည်။

အဆိုပါ တန်ဖိုးနည်းအိမ်ရာ များအား နေပြည်တော်ဒက္ခိဏ သီရိမြို့နယ်နှင့် ဥတ္တရသီရိမြို့နယ် တွင် အကောင်အထည်ဖော် တည် ဆောက်သွားမည်ဖြစ်ပြီး ဒက္ခိဏသီ ရိမြို့နယ်တွင် ရန်အောင်မြင်တန် ဖိုး နည်းအိမ်ရာ စီမံကိန်း၊ ဥတ္တရ သီရိမြို့နယ် တွင်  ရွှေနံ့သာတန်ဖိုး နည်းအိမ်ရာ စီမံကိန်းအဖြစ် အ ကောင်အထည်ဖော်ဆောင်ရွက် သွားမည်ဖြစ်သည်။

ထိုတန်ဖိုးနည်း အိမ်ရာ စီမံကိန်းတွင် လူနေအခန်းပေါင်း နှစ် ထောင်ကျော်နှင့် ပန်းခြံ၊ ကျောင်း၊ စိမ်းလန်းမြေ၊ ဈေးနေရာ၊ စာသင် ကျောင်းနေရာ၊ ရုံးခန်း၊ ထရန် စဖော်မာတပ်ဆင်သော နေရာ နှင့်လမ်းနှင့် မီးစသည့် လိုအပ်ချက် များကို ထည့်သွင်း တည်ဆောက် သွားမည်ဖြစ်သည်။ စီမံကိန်းကို ဧကတစ်ရာခန့်မြေ အကျယ်အ ဝန်းတွင် တည်ဆောက်သွားမည် ဖြစ်ပြီး အဆောက် အအုံဆောက် လုပ်မှုအတွက် မြေဧက၏ ၃၁ ရာခိုင်နှုန်းကို အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။

ရန်အောင်မြင်တန်ဖိုးနည်း အိမ်ရာ စီမံကိန်းတွင် အိမ်ခန်း ပေါင်း ၂၁ဝဝ ကျော်နှင့် ရွှေနံ့သာ စီမံကိန်းတွင် အိမ်ခန်းပေါင်း ၄၇၆ ခန်း တည်ဆောက်သွားမည်ဖြစ် ကြောင်း သိရသည်။ အဆိုပါ စီမံကိန်းမှ တိုက်ခန်းများ၏ တန်ဖိုးမှာ ငွေကျပ်သိန်းတစ်ရာမှ ငွေကျပ် သိန်းလေးရာ အထိ ကျသင့်နိုင်မည်ဖြစ်သည်။ အဆိုပါ အိမ်ရာ စီမံကိန်းများကို လာမည့် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် စတင်အ ကောင်အထည်ဖော်ဆောင်ရွက် ကာ နှစ်နှစ်အတွင်းအပြီးဆောက် လုပ်သွားမည်ဖြစ်သည်။

အဆိုပါ အိမ်ရာစီမံကိန်းတိုက် ခန်းများအား အငြိမ်းစားဝန်ထမ်း များနှင့် ဝင်ငွေနည်းပြည်သူများ အား အရစ်ကျ စနစ်ဖြင့် ရောင်း ချပေးသွားမည်ဖြစ်ပြီး ဝယ်ယူလို သူများအနေနှင့် ဆောက်လုပ် ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်တွင် အိမ်ခန်းဝယ်ယူရန် ခေါင်းစဉ်နှင့် လစဉ်ငွေစုထားရန် လိုအပ်ပြီး အိမ်ခန်းတန်ဖိုး၏ ၃ဝ ရာခိုင် နှုန်းပြည့်မီပါက နေထိုင်ခွင့်ပြု ပေးသွားမည်ဖြစ်ပြီး ပိုင်ဆိုင်မှု အထောက် အထားအပြည့်အစုံကို အိမ်ခန်းတန်ဖိုး အကျေဆပ်ပြီးမှ သာ ပေးသွားမည်ဖြစ်ကြောင်း သိ ရသည်။

ဒသမ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.