24-8-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ရင်းနှီးမြှုပ်နှံမှု တိုးတက်နေတဲ့ ဂျာမန် အိမ်ရာဈေးကွက်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1025
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
ပုဂ္ဂလိက ရေနံစိမ်းလက်ယက်တွင်း (တွင်းတိမ်) လုပ်ငန်းများ ပေတစ်ထောင်အထိသာ တူးဖော်ရမည်ဖြစ်ပြီး ခွင့်ပြုမိန့်ရရှိပြီး သုံးလအတွင်း ထုတ်လုပ်နိုင်ခြင်းမရှိပါက လုပ်ကိုင်ခွင့်ပြန်လည် ရု

ပုဂ္ဂလိက လုပ်ငန်းများအား လုပ်ကိုင်ခွင့်ပြုပေးခဲ့သည့် ရေနံ စိမ်းလက်ယက်တွင်း (တွင်းတိမ်) လုပ်ငန်းများအနေနှင့် အနက်ပေ တစ်ထောင်အထိသာ တူးဖော် ဆောင်ရွက်ရမည်ဖြစ်ပြီး လုပ်ကိုင် ခွင့်ပြုမိန့်ရရှိပြီး သုံးလအတွင်း ရေနံထုတ်လုပ်နိုင်ခြင်းမရှိပါက လုပ်ကိုင်ခွင့်ပြန်လည်ရုပ်သိမ်းမည် ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနသတင်းများအရ သိရ သည်။  ထို့အပြင် အဆိုပါ လုပ် ငန်း သက်တမ်းတိုး ခွင့်ပြုမိန့် တရားဝင်ရရှိပြီး သူများသည်လည်း သုံးလအတွင်း ရေနံထုတ်လုပ်သည့် လုပ်ငန်းများကို လုပ်ကိုင်ဆောင် ရွက်ကြရမည်ဖြစ်ကြောင်း သိရ သည်။

အဆိုပါ ပုဂ္ဂလိက လက်ယက် တွင်း (တွင်းတိမ်) ရေနံစိမ်းထုတ် လုပ်ခွင့်ရရှိသူ လုပ်ငန်းပိုင်ရှင်များ အနေနှင့် လျှောက်လွှာစိစစ်ပေး သည့် ဝန်ဆောင်ခ၊ တူးဖော်လုပ် ကိုင်ခွင့်ပြုမိန့်လိုင်စင်အသစ်နှင့် တူးဖော်လုပ်ကိုင်ခွင့်သက်တမ်းတိုး ခွင့်ပြုမိန့်ကြေးများနှင့် တူးဖော် လုပ် ကိုင်ခွင့်ရရှိသည့်မြေနေရာငှားရမ်း ခများကို သတ်မှတ်နှုန်းထားများအ တိုင်း ပေးဆောင်ကြရမည်ဖြစ် သည်။ ထို့အပြင် ထွက်ရှိလာ  သည့် ရေနံစိမ်းများနှင့် စပ်လျဉ်း၍ နိုင်ငံတော်မှ သတ်မှတ်ထားသည့် ခိုင်ကြေးနှုန်းထားမျာျးွသပေူအပ ကို သက်ဆိုင် ရာ ပြည်နယ်နှင့် တိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ မပျက်မ ကွက် ပေးဆောင်ကြရမည်ဖြစ်ပြီး အဆိုပါ ရေနံစိမ်းများရောင်းချရမှု ပေါ်တွင် စည်းကြပ်ကောက်ခံ သည့် အမြတ်ခွန်ကိုလည်း မပျက် မကွက် ပေးဆောင်ကြရမည်ဖြစ် သည်။ ထို့အပြင် အဆိုပါ လက် ယက်တွင်း (တွင်းတိမ်) လုပ်ငန်း များအနေနှင့် နေ့စဉ်ရေနံစိမ်း ထုတ်လုပ်မှုပမာဏကို စာရင်း ဇယားများပြုစုထားရမည်ဖြစ်သည်။ အဆို ပါ ပြုစုထားသည့် စာရင်း ဇယားများကို တစ်လလျှင် တစ်ကြိမ် သက်ဆိုင်ရာတိုင်းဒေသကြီး နှင့် ပြည်နယ်အစိုးရထံ တင်ပြရ မည်ဖြစ်သည်။ ထို့အပြင် ရေနံစိမ်း တူးဖော် ထုတ်လုပ်စဉ် သဘာဝ ဓာတ်ငွေ့များ ထွက်ရှိလာပါက လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသို့ ချက်ချင်း အကြောင်းကြား သတင်း ပို့ရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပုဂ္ဂလိက ရေနံ စိမ်းလက်ယက်တွင်း (တွင်းတိမ်) များကို ဒေသန္တရဖွံ့ဖြိုးရေးအတွက် လုပ်ကိုင်ခွင့်ပြုပေးထားခြင်းဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေး တိုင်းဒေသကြီးတွင် အများဆုံး လုပ်ကိုင်ခွင့်ပြုပေးထားခြင်းဖြစ် သည်။

ဒသမ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.