6 - 4 - 2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အင်းလေးကန်အတွင်း ရေပေါ်ဈေးသစ် တစ်ဈေး မေလတွင် စတင် အကောင်အထည်ဖော်ရန် စီစဉ်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1008
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
တီးတိန် -ကျီခါးမြို့ အကြားရှိ မဏိပူရမြစ်ကူးတံတားကို ၂ဝ၁၇ နှစ်ဆန်းပိုင်းတွင် အပြီး တည်ဆောက်မည်

ပွင့်လင်းရာသီရောက်သည့်တိုင် သွားလာရေးခက်ခဲနေသော တီးတိန်-တွန်းဇံ-ကျီခါးမြို့အကြားရှိ မဏိပူရမြစ်ကူးတံတား ကိုနိုင်ငံ တော် မှ ကျပ်သန်း ၁၂ဝဝ အကုန် အကျခံ၍ လာမည့် မိုးရာသီမတိုင် မီ အပြီးတည်ဆောက်သွား မည်ဖြစ် ကြောင်း ဆောက် လုပ်ရေးဝန်ကြီး ဌာန တံတားဦးစီးဌာနတည် ဆောက်ရေးအဖွဲ့ ၂ မှ တာဝန်ရှိ တစ်ဦးက ပြောသည်။

''၂ဝ၁၅ သဘာဝဘေး ကြောင့် မဏိပူရမြစ်ကူးတံတား ပျက်စီးသွားတာ ဖြစ်ပါတယ်။ မိုး ရာသီကာလ တစ်လျှောက်လုံး စက်ဘီးကြိုးပုခက်နဲ့ ဟိုဘက် ဒီ ဘက်ကမ်းကူးသွားကြရတာပါ။ ကျီခါးမြို့ကိုသွားမယ့် ကုန်သည်။ခရီးသည်တွေဟာ အဆင့်ဆင့်ကူး သွားကြရတဲ့ အပြင်စရိတ်စကတွေ ပိုမိုကုန်ကျနေတဲ့အတွက် အမြန် ဆုံး တံတားကြီးပြီးစီးအောင် ဆောင်ရွက်ပေးကြပါလို့ ပြောချင် ပါတယ်''ဟု ကျီခါးတွင် တာဝန် ထမ်းဆောင်နေသည် ကျောင်း ဆရာမတစ်ဦးက ပြောသည်။

ယခုတည်ဆောက်ရေးအဖွဲ့ ၂ မှ တည်ဆောက်နေသော မဏိပူရ မြစ်ကူး တံတားမှာ အလျားပေ ၄၅ဝ ရှိပြီး အကျယ် ၂၄ ပေရှိ သံ ပေါင် ဘေလီတံတားအမျိုးအစား ဖြစ်ကြောင်း သိရသည်။ တံတား တည်ဆောက်ရေးအဖွဲ့များအနေ ဖြင့် တံတားကြီးအမြန် ဆုံးပြီးစီး ရန် နေ့ဆိုင်းညဆိုင်းများဖြင့် ဆောင် ရွက်လျှက်ရှိကြောင်းနှင့် ယခုတံ တားပြီးပါက တီးတိန်-တွန်းဇံ- ကျီခါးမြို့အထိ ကား တိုက်ရိုက်ဖြတ် သန်းသွားလာနိုင်မည်ဖြစ်သည်။ တီးတိန်-တွန်းဇံ ၂၈ မိုင်၊ တွန်းဇံ- ကျီခါး ၅၃ မိုင်ရှိရာ ယခုမဏိပူရ မြစ်ကူးတံတား တည်ဆောက်နေမှု မှာ တွန်းဇံမြို့နှင့် ကျီခါးမြို့အကြား ဖြစ်သည်။

''ကျွန်တော်တို့လာမယ့် မိုးရာ သီမတိုင်ခင် အပြီးတည်ဆောက် သွားမှာဖြစ်ပါတယ်။ တံတားတည် ဆောက်ရာမှာ လုပ်ငန်းကြာတာ က တံတားအောက်ပိုင်းတည်ဆောက် မှုကို အချိန်ယူရပါတယ်။ အပေါ် ပိုင်းတည်ဆောက်တာက မကြာပါ ဘူး''ဟု တံတား တည်ဆောက်ရေးမှ တာဝန်ရှိတစ်ဦးက ပြောသည်။

ကြာကြာကွတ်
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.