23 - 3 - 2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
လေးမြို့မြစ်ရေ တိုက်စားမှုကြောင့် မင်းပြားမြို့နယ် လက်မ(ရခိုင်) ကျေးရွာမှ နေအိမ် ၈ဝ ကျော် ဘေးလွှတ်ရာသို့ပြောင်း
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1006
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
ချင်းပြည်နယ်တွင် ၂ဝ၁၆ ခုနှစ် ဘိန်းစိုက်ပျိုးမှု မရှိသလောက် နည်းပါးဟု ဆို

ချင်းပြည်နယ်တွင် တစ်နှစ် ထက်တစ်နှစ် ဘိန်းစိုက်ပျိုးမှုနည်း ပါးလာပြီး အစားထိုးသီးနှံစိုက်ပျိုး မှုများလာသည့်အတွက် ဘိန်းအ များဆုံး စိုက်ပျိုးမှုရှိသည့် ဖလမ်းခရိုင်အတွင်းတွင် ယခုနှစ်ဘိန်း ခင်းများ နှိမ်နင်းဖျက်ဆီးရေးရာသီ တွင် ဘိန်းစိုက်ပျိုး သည့်နေရာ ဒေသများကို ရှာဖွေလျက်ရှိရာ ဘိန်းစိုက်ပျိုးမှုမတွေ့ရဘဲ အစား ထိုး သီးနှံစိုက်ပျိုးမှုများသာ တွေ့ရ ကြောင်း ဖလမ်းခရိုင် ရဲတပ်ဖွဲ့မှူးရုံး မှ တာဝန်ရှိတစ်ဦးက ဒီဇင်ဘာလ ၂၈ ရက်နေ့က ပြောသည်။

''ကျွန်တော်တို့နှစ်စဉ်ဘိန်း စိုက်ပျိုးမှုကို စုံစမ်းပြီး ဒီဇင်ဘာလ ဘိန်းပွင့်ချိန်မှာ ဖျက်ဆီးမှုတွေ ဆောင်ရွက်ပါတယ်။ အခုနှစ်မှာ တော့ ဖလမ်းခရိုင်အတွင်း ဘိန်း စိုက်ပျိုးမှုကို လွန်ခဲ့တဲ့ ပွင့်လင်းရာ သီက စတင်ပြီး စုံစမ်းမှုတွေ ဆောင်ရွက်ခဲ့ရာမှာ ဘိန်းစိုက်ပျိုး မှု မတွေ့ရသလောက်ပါပဲ''ဟု  ယင်း က ပြောသည်။

ဖလမ်းခရိုင်ရဲတပ်ဖွဲ့၏ တရား ဝင်ထုတ်ပြန်ချက်များအရနှစ်စဉ် ဘိန်းခင်းများ ဖျက်ဆီးမှုတွင် ၂ဝ၁၃ ခုနှစ်က တွန်းဇံမြို့နှင့် ကျီခါးမြို့နယ်အတွင်း ဘိန်းခင်း ၆၇၂ ဒသမ ၈၆ ဧကကိုလည်း ကောင်း၊ ၂ဝ၁၄ ခုနှစ်တွင် ယင်း မြို့နယ်များအတွင်းမှာပင် ဘိန်း စိုက်ခင်း ၅၆၆ ဒသမ ၈၁ ဧကကို လည်းကောင်း၊ ၂ဝ၁၅ ခုနှစ်တွင် လည်း ယင်းမြို့နယ်အတွင်းမှာ ပင်ဘိန်းခင်း ၈၇၆ ဧကကိုလည်း ကောင်းဖျက်ဆီးခဲ့ကြောင်း သိရ သည်။

ကြာကြာကွတ်
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.