19 - 1 - 2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ရန်ကုန် မန္တလေး အမြန် လမ်းမကြီးတွင် ဆိုင်ကယ် မတော်တဆ ဖြစ်ပွားနေမှုများမှာ ခရိုင်ကျေးရွာ ချင်းဆက် လမ်းများ၊ ဆိုင်ကယ်လမ်းများ မဖောက် လုပ်နိုင်သေးခြင်းနှင့် စည်းကမ်းမဲ့ မော်တော် ဆို
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 997
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
The Remarkable OF THE WEEK

အားစိုက်ကြိုးပမ်းမှု၏ အသီးအပွင့်များ

တိုင်းရင်းသားပေါင်းများစွာနဲ့ ဆောက် တည်ထားတဲ့ ကျွန်မတို့ ပြည်ထောင်စုရဲ့ ဂုဏ် ယူတန်ဖိုးအထားရဆုံး အရာတစ်ရပ်ကတော့ ချစ်ဖွယ်ကောင်းလှတဲ့ အမျိုးမျိုးအဖုံဖုံသော ရိုး ရာယဉ်ကျေးမှု အစဉ်အလာလေးတွေ ဖြစ်ပါ တယ်။ အစဉ်အလာ အလေ့ အကျင့်ကောင်းတွေ ကို လေ့လာ၊ သတိရခြင်းဟာ ကျွန်မတို့တွေရဲ့ ပြည်ထောင်စု စိတ်ဓာတ်ကို မြှင့်တင်ပေးပြီး ကျွန်မတို့နိုင်ငံရဲ့ အင်အားတွေကြီးထွားစေပါ တယ်။

 ရှေးယခင်ကစပြီး ကောက်သစ်ပေါ်ချိန်မှာ မိသားစုတွေ အတူတကွ ကောက်သစ်စားပွဲများ ကျင်းပလာရာမှ ကရင်နှစ်သစ်ကူးပွဲတော် ဆင်း သက်လာတယ်လို့ ပြောလို့ရပါတယ်။ ဒါကြောင့် နှစ်သစ်ကူးချိန်ဟာ နှစ်ဟောင်းက အားစိုက် ကြိုးပမ်းမှုတွေရဲ့ အသီးအပွင့်တွေ ကို ရယူပွေ့ ပိုက်နိုင်ခြင်းအတွက် ကျေနပ်ကြည်နူးရတဲ့ အ ချိန်အခါပါ။ ဇွဲ၊ လုံ့လ၊ ဝီရိယနဲ့ လုပ်ခဲ့ရသမျှနဲ့ အကျိုးကျေးဇူးတွေ ကို တစ်နေ့တော့ ခံစား၊ စံစား ရမှာပဲဆိုတဲ့ မျှော်လင့်ချက်ကို ရှင်သန်စေတဲ့ ပွဲ တော်ပါ။

 နှစ်ပေါင်း ၆ဝ ကျော် လွတ်လပ်ရေးရစဉ်က စပြီး လောင်ခဲ့တဲ့ ပြည်တွင်းစစ်မီး မကြာမီ ကာလမှာ ငြိမ်းစေရမယ်ဆိုတဲ့ မျှော်လင့်ချက် ရှင် သန်ရုံသာမက အကောင်အထည်ပေါ်လာဖို့အ တွက် ဇွဲ၊ လုံ့လ၊ ဝီရိယတို့နဲ့ ကျွန်မတို့ တိုင်းရင်း သားများ အားလုံးအကြား အပြန်အလှန်နား လည်မှု၊ ယုံကြည်လေးစားမှုတွေ ပြုစုပျိုးထောင် ကြပါစို့။ ယခုနှစ် စိုက်လိုက်တဲ့ ငြိမ်းချမ်းရေးပျိုး ပင်လေးတွေ ဟာ နောက်နှစ်မှာ ငြိမ်းချမ်းရေး ကောက်သစ်စားပွဲကြီးကို ပြည်ထောင်စုတစ်ဝန်း ဆင်နွှဲနိုင်ကြပါစေလို့ ကရင်အမျိုးသားနှစ်သစ် ကူး အထူးမင်္ဂလာဆုတောင်းပို့သလိုက်ပါတယ်။

အောင်ဆန်းစုကြည်
(၂ဝ၁၆ ခုနှစ်၊ ဒီဇင်ဘာ ၂၉ ရက်နေ့တွင် ကျရောက် သည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အတွက် ပေးဖို့ သော သဝဏ်လွှာမှ)

-
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.