အမှတ် - ၆၈၁ ။ စက်တင်ဘာလ - ၉ရက်၊ ၂၀၁၀ ခုနှစ်၊ ကြာသပတေးနေ့
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မန္တလေးတက္ကသိုလ် ဓမ္မာရုံကြီးတွင် ဝါတွင်သီလပွဲများကျင်းပ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... ၆၈၁
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
စာပေနှင့် အနုပညာ
ပိုက်သင်ဆရာတော် အသျှင်ကလျာဏဓဇ မထေရ်မြတ် ရေးသားစီရင်အပ်သော စွယ်စုံကျော်ထင် အဖြေကျမ်း(၉)

ယခင်အပတ်မှ အဆက်
၁း၂း၂၉။ ။ ဆီမီးတောက်ငယ်၊ စေ တီလယ်၊ ဘယ်မျှ ကလာပ် ရှိသနည်း ၏ အဖြေကား-

ဆီမီးရောင် ဖြစ်သော ရူပါယတန၌ သုဒ္ဓဋ္ဌကလာပ် စေတီ၏ အရောင်ဖြစ်သော ရူပါယတန၌လည်း သုဒ္ဓဋ္ဌကလာပ် ဤနှစ်ပါးသော အရောင် ရောယှက်ခြင်းကြောင့် အရောင်ဖြစ်ရကား ရှစ်ပါးကိုတည်။ ရှစ်ခုမြှောက်။ ခြောက်ဆယ့်လေးခု ဖြစ်၏။ ထိုခြောက်ဆယ့်လေးခုသော ရုပ်သည် တစ်ခုသော ဝဏ္ဏာယတန ရုပ် ကလာပ်ဖြစ်၏။ ဥတုဇဝတ္ထု နှစ်ရပ်စပ်၍ဖြစ်သော အရောင်၌ ရုပ်ပေါင်း ခြောက်ဆယ့်လေးပါး ရှိ၏။ ထို့ ကြောင့် အဘိဓမ္မာဂဏ္ဌိ၌-

ဒွိန္နံ တိဏ္ဏံ ဗဟူနံဝါ ဝဏ္ဏနိဘာ န မိေဿတွာ နိရစ္ဆရဏောဘာသေ ဟေဋ္ဌိမန္တေန စတုသဋ္ဌိ ရူပါနိ ပါဋိ ကင်္ခိတဗ္ဗာနိ ဟု မိန့်အပ်ပြီ။

တစ်နည်းလည်း အနိနြ္ဒိယဗဒ္ဓ ဖြစ်သော တောတောင် ရေမြေသူ သေကောင်အစရှိသည်၌ နှစ်ပါးသော ဥတုဇကလာပ်ရုပ်တို့ကို ရအပ်ကုန် သကဲ့သို့ ဤအနိနြ္ဒိယဗဒ္ဓဖြစ်သော ဆီမီးတောက်၌လည်း နှစ်ပါးသော ဥတုဇ ကလာပ်ရုပ်တို့ကို ရအပ်ကုန် ၏။ ထို့ကြောင့် လက်သန်း အဋ္ဌ ကထာ၌-

တတ္ထသုဒ္ဓဋ္ဌကံ သဒ္ဒနဝကဉ္ဇေတိ ဒွေ ဥတု(ဂိ၊ ကျောစ) သမုဋ္ဌာနက လပါ ဗဟိဒ္ဓါပိလဗ္ဘန္တိ ဟုမိန့်အပ်၏။

အနက်ကား တတ္ထ၊ ထိုနှစ် ဆယ့်တစ်ပါးသော ကလာပ်တို့တွင်။ သုဒ္ဓဋ္ဌကဉ္ဇ၊ သုဒ္ဓဋ္ဌကလာပ်ကိုလည်း ကောင်း။ သဒ္ဒနဝကဉ္ဇ၊ သဒ္ဒနဝက ကလာပ်ကိုလည်းကောင်း။ ဣတိ ဤ သို့။ ဒွေ၊ နှစ်ပါးကုန်သော ဥတုသမု ဋ္ဌာန ကလာပါ၊ ဥတုကြောင့်ဖြစ်သော ရုပ်ကလာပ်တို့ကို ဗဟိဒ္ဓါပိ၊ တော တောင် ရေ မြေ သူသေကောင် အစ ရှိသော အနိနြ္ဒိယဗဒ္ဓရုပ်၌လည်း။ လဗ္ဘန္တိ ရအပ်ကုန်၏။

ဤသို့ လက်သန်းအဋ္ဌကထာ၌ ဆိုသည်ဖြစ်၍လည်း အနိနြ္ဒိယ ဗဒ္ဓ ဖြစ်သော ဆီမီးတောက်ငယ်မှာ သုဒ္ဓဋ္ဌ က ကလာပ် စေတီလယ်မှာ သဒ္ဒနဝ က ကလာပ် ဤနှစ်စည်းတို့ကို ရအပ်ကုန်၏ ဟုမှတ်ရမည်။

၎င်းပုစ္ဆာ၏ ဝိသဇ္ဇနာကားပြီး၏။

၁း၂း၃ဝ။ ။ လက္ခဏာ ရေးဝယ်၊ မဝင်ဖွယ်၊ ဘယ်မျှ ဒေသနာ ကြွင်းသနည်း ၏ အဖြေကား-

ဟောတော်မူအပ်သော ပိဋက သုံးပုံတည်းဟူသော ဒေသနာတော်သည် ဒေသနာ သာသနာကထာအားဖြင့် သုံးပါးအပြားရှိ၏။ ထို့ကြောင့် ဝိနည်းအဋ္ဌကထာ စသည်တို့၌

ဒေသနာ သာသနာ ကထာ ဘေဒံ တေသု ယထာရဟံ ဟုမိန့် အပ်၏။

အနက်ကား ထိုဒေသနာသည် လည်း အာဏာဒေသနာ ဝေါဟာရ ဒေသနာ ပရမတ္ထဒေသနာအားဖြင့် သုံးပါးအပြားရှိ၏။ ထို့ကြောင့် သုတ် သီလက္ခန် အဋ္ဌကထာ၌
ဧတာနိ ဟိ တီဏိ ပိဋကာနိ ယထာက္ကမံ အာဏာ ဝေါဟာရ ပရမတ္ထ ဒေသနာဟူ၍လည်းကောင်း
ဗုဒ္ဓဝံသ အဋ္ဌကထာ၌

ဗုဒ္ဓါနဉ္ဇ ဓမ္မဒေသနာ တိလက္ခဏ မုတ္တာနာမ နတ္ထိ ဟူ၍လည်းကောင်း မိန့်ပြီ။

အနက်ကား ဗုဒ္ဓါနံ ဘုရားရှင်တို့၏။ ဓမ္မဒေသနာ နာမတရား ဒေသနာမည်သည်ကား တိလက္ခဏ မုတ္တော နာမ။ လက္ခဏာရေးသုံးပါးမှ လွတ်သော တရားမည်သည်။ နတ္ထိ မရှိ။

သုတ်မဟာဝါ အဋ္ဌကထာ၌လည်း

ဗုဒ္ဓါနဉ္ဇ ဓမ္မဒေသနာ နာမ တိလက္ခဏမုတ္တာ နတ္ထိ၊ တေ တေသံ အနိစ္စံ ဒုက္ခ မနတ္တာတိ ကထေန္တာနံ ကိံ နာမေတံ ကထေန္တီတိ နေဝသော တုံ နသဒ္ဓဟိတုံမညန္တိ တတော အဘိ သမယောန ဟောတိ ဟူ၍လည်း ကောင်း မိန့်အပ်ပြီ။

အနက်ကား ဗုဒ္ဓါနဉ္ဇ ဘုရားတို့ ၏လည်း ဓမ္မဒေသနာ နာမ၊ တရား ဒေသနာ မည်သည်ကား တိလက္ခဏ မုတ္တာနာမ၊ လက္ခဏာရေး သုံးပါးမှ လွတ်သော တရားမည်သည်။ နတ္ထိ မရှိ။ အနိစ္စံ ဒုက္ခ မနတ္တာတိ အနိစ္စ ဒုက္ခ အနတ္တ ဟူ၍ ကထေန္တာနံ ဟောတော်မူကုန်သော။ တေ တေသံ ထိုထိုဘုရားရှင်တို့အား။ ကိံ နာမ အဘယ်ကြောင့်။ ဧတံ စဝနံ၊ ဤသို့ သော စကားကို ကထေန္တိ ဟော တော်မူကုန်သနည်း။ ဣတိ၊ ဤသို့ သောတုံ နာအံ့သောငှာ နေဝ န မညန္တိ မအောက်မေ့ကုန်။ သဒ္ဓဟိတုံ၊ ယုံ ကြည်အံ့သောငှာ။ နမညန္တိ မအောက် မေ့ကုန်။ တတော၊ ထိုသို့ မအောက် မေ့သောကြောင့် အဘိသမယော၊ တရားကို သိသည်။ န ဟောတိ မဖြစ်။

ဤသို့ သုတ်မဟာဝါ အဋ္ဌက ထာ၌ လာရကား လက္ခဏာရေးသုံး ပါးမှ လွတ်သောတရားမည်သည် မရှိ ဟု သတိ ပညာဖြင့် ကေင်းစွာမှတ်ရ မည်။
၎င်းပုစ္ဆာ၏ ဝိသဇ္ဇနာကားပြီး၏။

၁း၂း၃၁။ ။ မိဂဒါဝယ်၊ တောရပ် လယ်၊ ဘယ်သူ ဆောက် သည့် ကျောင်းပေနည်း ၏ အဖြေကား-

အကြင် လင်မယားစစ်ဖြစ်လင့် ကစား သဒ္ဓါ သီလတူမျှကြမှ နောက် နောင်သော ဘဝတူမျှသော အကျိုးကို

(ဂီ၊ဝမ်းစ) ခံရရာသော ဝတ္ထုကို ပြရာ၌ နန္ဒိယလုလင် မိဂါဒါဝုန်တော၌ ကျောင်းဆောက်၍လှူသော ကာ လရေစက်ချသည်နှင့် တပြိုင်နက် တာဝတိံသာနတ်ပြည်၌ ဘုံဗိမာန် ပေါက်လေသည်။ ပစ္စက္ခဘဝကပင် နတ်ပြည်၌ ဘုံပေါက်ကြောင်းကို အရှင်မောဂ္ဂလာန်မေးခဲ့၍ အထင် အရှား လူများသိရသည်။ မယား ရေဝတီသည် သဒ္ဓါ သီလ ညံ့ချေ၍ အသက် မသေခင်ကပင် ငရဲရွာသို့ ဘီလူးတို့ ဆွဲငင်ချချေသည်။

မြတ်စွာဘုရားသည် ဗာရာဏသီ မိဂဒါဝုန်တော၌ နေတော်မူသောအခါ ဗာရာဏသီပြည်၌ သဒ္ဓါတရားနှင့် ပြည့်စုံသော အမျိုးသားဖြစ်သော နန္ဒိယအမည်ရှိသော ဥပါသကာသည် သဒ္ဓါတရားနှင့် ပြည့်စုံ၏။ ရတနာသုံး ပါးကို ကြည်ညို၏။ ပေးလှူတတ် သော အလေ့ရှိ၏။ ဒါနရှင်ဖြစ်၍ သံဃာတော်အား လုပ်ကျွေး၏။ ထိုအခါ နန္ဒိယ၏ မိဘတို့သည် ရှေး ရှုဖြစ်သောအိမ်မှ ဦးရီး သမီးဖြစ်သော ရေဝတီကို နန္ဒိယထံ ပို့ဆောင်လိုကုန်၏။ ထိုရေဝတီကို သဒ္ဓါတရားမရှိ သော မိန်းမဖြစ်၍ နန္ဒိယ အလိုမရှိ။ နန္ဒိယ၏ အမိသည် ရေဝတီကို ရှင်မသင်သည် ဤအိမ်သို့လာ ၍ သံဃာတော်အား နေရာခင်းခြင်း အစရှိသော အလုံးစုံသော ဝတ်ကိုပြု လော့။ ယင်းသို့ ပြုသည်ရှိသော် သင့်အား ငါ့သားသည် နှစ်သက်လတ္တံ့ ဟုဆိုဆုံးမ၏။

ရေဝတီလည်း ဆုံးမတိုင်းလိုက် နာ၍ ပြု၏။ ထိုအခါ အမိသည် ရေဝတီကား ဆုံးမလွယ်၏ဟု သား အားကြားသော် သားလည်း ဆုံးမ လွယ်မူကားကောင်း၏ဟု ဝန်ခံ၍ ထို သူနှစ်ဦးတို့ကို နေ့ရက်အချိန်မှတ် သား၍ ထိမ်းမြားကုန်၏။ နန္ဒိယက ရေဝတီကို ရှင်မသည် အကယ်၍ ရဟန်း သံဃာ ငါ့မိ ငါ့ဘတို့ကို ရိုသေစွာ လုပ်ကျွေးငြားအံ့။ သင်ကား ဤအိမ် ၌နေခြင်းငှာရလတ္တံ့။ မမေ့မလျော့လင့်ဟု ဆုံးမ၏။ ရေဝတီလည်း ကောင်းပါပြီ ဟု ဝန်ခံ၏။

စိုးစင်းသော ကာလပတ်လုံး သဒ္ဓါကဲ့သို့ အစဉ်လိုက်လျက် သားနှစ် ယောက်တို့ကို ဖွားမြင်၏။ နန္ဒိယ၏ မိဘတို့သည်လည်း သေကုန်၏။ အိမ် ၌အလုံးစုံသော စည်းစိမ်သည် ရေ ဝတီအားသာဖြစ်၏။ နန္ဒိယလည်း အလှူရှင်ကြီးဖြစ်၍ သံဃာတော်အား လုပ်ကျွေး၏။ အထီးကျန် ခရီးသွား အစရှိသည်တို့ကိုလည်း အိမ်တံခါး၌ ချက်မြဲ ဝတ်ကို ဖြစ်စေ၏။ ဣသိ မိဂဒါဝုန်တော၌ လေးခုသော တိုက် ခန်းတို့ဖြင့် တန်ဆာဆင်အပ်သော မုခ် ထွက်လေးခုရှိသော ကျောင်းကို ဆောက်လုပ်ပြီးလျှင် အင်းပျဉ်ညောင် စောင်းအစရှိသည်တို့ကို ခင်း၍ ဘုရားအမှူးရှိသော သံဃာတော်အား လှူပြီးလျှင် ဘုရားသခင်လက်တော်၌ ရေစက်ချ၍ ဆောင်နှင်း၏။ အလှူရေစက်ချသည်နှင့် တပြိုင်နက် တာဝတိံသာနတ်ပြည်၌ အလျားအနံ တစ်ဆယ့်နှစ် ယူဇနာ၊ အစောက် ယူဇနာ တစ်ရာရှိသော ရတနာခုနစ် ပါးနှင့်ပြည့်စုံသော နတ်သမီးအပေါင်း ဖြင့် ကြွေးကြော်သံရှိသော နတ်ပြာသာဒ်သည် (ဂီ၊ ကျောစ) ပေါက်၏။ ရှင်မောဂ္ဂလာန်သည် နတ်ပြည်၌ ဒေသစာရီ လှည့်လည်လတ်သော် ထိုပြာသာဒ်ကိုမြင်၍ လာပြီးလျှင် ပရိ သတ်လေးပါးအလယ်တွင် ဘုရား သခင်ကို ဘုန်းတော် ကြီးလှသော အရှင် ဘုရား ပြုအပ်သော ကောင်းမှုရှိကုန် သော လူတို့၏ လူ့ပြည်၌တည်ကုန်စဉ် နတ်ဗိမာန်ပေါက်မည်လော ဟု လျှောက်၏။

သဗ္ဗညုဘုရားလည်း မောဂ္ဂလန် သင်သည် နန္ဒိယ၏ နတ်ဗိမာန်ကို ကိုယ်တိုင်ပင် မြင်အပ် သည် မဟုတ်တုံလော။ အဘယ်ကြောင့် ငါဘုရားကို လျှောက်ထား ပြန်သနည်း ဟု မိန့်တော်မူသော် ဤသို့ ဟုတ်ပေသည် အရှင် ဘုရား ဟု လျှောက်ထား၏။

ထို့နောင်မှ မောဂ္ဂလာန်အား သဗ္ဗညု ဘုရားသည် အရပ်တစ်ပါးသို့သွား၍ ကြာမြင့်မှ ပြန်သော ယောက်ျားကို အဆွေ ခင်ပွန်းတို့သည် ခရီးဦးကြိုဆိုလျက် နှစ်သက်စွာ ခံယူသကဲ့သို့ ထို့အတူ ပြုအပ်သော ကောင်းမှုရှိသော ဤပစ္စုပ္ပန်လောကမှ တမလွန်လောကသို့ သွားသောသူကို မိမိပြုအပ်သော ကောင်းမှုတို့သည် ဆီးကြိုလျက် နှစ်သက်စွာခံယူ၏ဟု တရားဟောတော် မူ၏။

နန္ဒိယလည်း ထိုစကားကို ကြား၍ အတိုင်းထက်အလွန် ကုသိုလ် ကောင်းမှုတို့ကိုပြု၏။

ဤသို့သော ဝတ္ထုသက်သေဖြင့် မိဂဒါဝုန်တော၌ လေးခုသော တိုက်ခန်းတို့ဖြင့် တန်ဆာဆင်အပ်သော မုခ်ထွက်လေးခုရှိသော ကျောင်းတော်ကို နန္ဒိယလုလင်နှင့် ရေဝတီတို့ဆောက် သော ကျောင်းတော်တည်းဟု မှတ်ရမည်။

၎င်းပုစ္ဆာ၏ ဝိသဇ္ဇနာကားပြီး၏။

၁း၂း၃၂။ ။ ယောက်ျား ဝမ်းဝယ်၊ သန္ဓေလွယ်၊ ဘယ်ပြု မီးမ နေသနည်း၏ အဖြေ ကား-

ယောက်ျားဝမ်း၌ သန္ဓေသည် သူတစ်ထူးက ပေးအပ်သော သန္ဓေ မဟုတ် သဘာဝဓမ္မ ယောက်ျားတို့၌ ရှိရင်း သန္ဓေဖြစ်သည်။ ယခုလောက ၌ တစ်စုံတစ်ယောက်သောသူက ဤမည်သော ဝတ္ထုကို ဆောင်ပါလေဟူ သကဲ့သို့ မာတုဂါမတို့မှာ သူတထူး တို့ကပေးမှရသော သန္ဓေဖြစ်၍ အမြဲ ဆောင်ခြင်းငှာမတတ်နိုင်ရကား မီးနေ ခြင်းဆင်းရဲကိုခံရသည်။ ယောက်ျား တို့မှာ ဤကဲ့သို့ မီးနေခြင်း ဆင်း ရဲမရှိ၊ ၄င်းစကားသည် နှုတ်မဆိတ် ပြေလည်ရုံ စကားလှ စကားပြမှုဖြင့် ဆိုအပ်သော စကားဟု မမှတ်အပ်။

ထို့ကြောင့် သဠာယတန သံ ယုတ်ကျမ်းဝယ် မာတုဂါမသံယုတ်၌ ကမ္ဘာရှည်လျား ကျင်လည်ညားသော် လည်း ယောကျာ်းတို့နှင့် မဆက်ဆံ သော အာဝေနိကဖြစ်သော မီးနေခြင်း ဟုဆိုအပ်သော ဆင်းရဲ သားဖွားရ ခြင်းဆင်းရဲ၊ ကိုယ်ဝန်ဆောင်ရခြင်း ဆင်းရဲတို့ကို မိန်းမဖြစ်သော သူတို့ အားသာခံရကြောင်းကို ထင်ရှားစေလို ၍-

ပုနစ ပရံ ဘိက္ခဝေ မာတုဂါမော ဂဗ္ဘိနီ ဟောတိ၊ ဣဒံ ဘိက္ခဝေ မာတု ဂါမဿ တတိယံ အာဝေနိယံ ဒုက္ခံ၊ ယံ မာတုဂါမော ပစ္စနုဘောတိ၊ အည တြေဝ ပုရိသေဟိ။ ပုနစ ပရံ ဘိက္ခ ဝေ မာတုဂါမော ဝိဇာယတိ၊ ဣဒံ ဘိက္ခဝေ မာတုဂါမဿ စတုတ္ထံ အာ (ဂု၊ ဝမ်းစ) ဝေနိကံ ဒုက္ခံ ယံ မာတု ဂါမော ပစ္စနုဘောတိ အညတြေဝ ပုရိသေဟိ။ ပုနစပရံ ဘိက္ခဝေ မာတုဂါမော ပုရိသဿ ပါရိစရိယံ ဥပေတိ ဣဒံ ခေါ ဘိက္ခဝေ မာတုဂါမဿ ပဉ္စမံ အာဝေ နိကံ ဒုက္ခံ ယံ မာတုဂါမော ပစ္စနု ဘောတိ၊ အညတြေဝ ပုရိသေဟိ။ ဣမာနိ ခေါဘိက္ခဝေ ပဉ္စ မာတုဂါ မဿ အာဝေနိကဿ ဒုက္ခာ ယာနိ မာတုဂါမော ပစ္စနုဘောတိ အည တြေဝ ပုရိသေဟီတိ ဟု မိန့်တော် မူပြီ။

အနက်ကား ဘိက္ခဝေ ရဟန်း တို့၊ ပုနစပရံ တစ်ပါးတုံ၊ မာတုဂါ မော မာတုဂါမသည်။ ဂဗ္ဘိနီ ကိုယ်ဝန် ဆောင်ရခြင်းသည် ဟောတိ ဖြစ်၏။ ဘိက္ခဝေ ရဟန်းတို့။ ဣဒံ ဤကိုယ် ဝန်ဆောင်ရခြင်းသည် မာတုဂါမဿ မာတုဂါမအား။ တတိယံ သုံးခု မြောက်သော အာဝေနိကံ ယောက်ျား တို့နှင့် မဆက်ဆံသော ယံဒုက္ခံ အကြင်ဆင်းရဲသည်။ အတ္ထိ ရှိ၏။ တံ ဒုက္ခံ ထိုဆင်းရဲကို ပုရိသေဟိ ယောက်ျားတို့မှ အညေတြေဝ ကြဉ် ၍သာလျှင် မာတုဂါမော မာတုဂါမ သည် ပစ္စနုဘောတိ ခံရ၏။ မာတု ဂါမော မာတုဂါမသည် ဝိဇာယတိ ဖွားရ၏။ မာတုဂါမော မာတုဂါမ သည် ပုရိသဿ ယောက်ျား၏ ပါရိ စရိယံ အလုပ်အကျွေး အဖြစ်သို့ ဥပေတိ ရောက်၏။ ဘိက္ခဝေ ရဟန်း တို့။ ဣမာနိ ခေါ ပဉ္ဇ ဤငါးပါး တို့သည် မာတုဂါမဿ မာတုဂါမ အား အာဝေနိကာ အသီးအခြား ဖြစ် ကုန်သော ယောက်ျားတို့နှင့် မဆက် ဆံကုန်သော၊ ယာနိ ဒုက္ခာနိ အကြင် ဒုက္ခတို့သည် ဟောန္တိ ဖြစ်ကုန်၏။ တာနိ ထိုဆင်းရဲခြင်းတို့ကို ပုရိသေ ဟိ ယောက်ျားတို့မှ အညတြေဝ ကြဉ်၍သာလျှင် မာတုဂါမော၊ မာတု ဂါမသည် ပစ္စနုဘောတိ ခံရ၏။

ဤသို့ စသည်ဖြင့် သင်္ဂါယနာ သုံးတန်တင်သော ကျမ်းတို့၌ တိုက် ရိုက်လာသည်လည်း တစ်ချက်။ လောက နီတိ၌လည်း
ပတိကုလင်္ကတာ ဥာတိ၊ ဝိယောဂေါစ ဒဟရိဝ။

ဥတုနိ ဂဗ္ဘိနီ ဇာယိ၊ သာဒရံ ပါရိစာရိယာ။

ပုရိသေဟိ အညတြေဝ၊ ဒုက္ခာ မာတုဂါမဿိမေ ဟုမိန့်ပြီ။

အနက်ကား ဒဟရိဝ ငယ်ကတည်းကလျှင် ပတိကုလင်္ကတာ၊ လင်၏အိမ်သို့ လိုက်ရခြင်းကြောင့် လည်းကောင်း။ ဥာတိဝိယောဂါစ၊ ဆွေမျိုးတို့နှင့် ကွေကွင်းရခြင်းကြောင့် လည်းကောင်း။ ဥတုနိ၊ ဥတုဟူသော အညစ်အကြေးကို ဆောင်ရခြင်း ကြောင့်လည်းကောင်း။ ဂဗ္ဘိနီ၊ ကိုယ်ဝန်ဆောင်ရခြင်းကြောင့်လည်းကောင်း။ ဇာယိ ဖွားရခြင်းကြောင့်လည်းကောင်း။ သာဒရံ ရိုသေစွာ ပါရိစရိယာ၊ လင်ကိုလုပ်ကျွေးရခြင်းကြောင့် လည်းကောင်း။ မာတုဂါမဿ၊ မာတု ဂါမအား ဣမေ ဒုက္ခာ ဤဆင်းရဲ တို့သည် ပုရိသေဟိ ယောက်ျားတို့မှ အညေတြေဝ၊ ကြဉ်၍ သာလျှင် ဟောန္တိ ဖြစ်ကုန်၏။

ဤသို့ ကျမ်းဂန်တို့၌ ဆိုသော ကြောင့် မီးယပ်နေသော ဆင်းရဲ ကိုယ်ဝန်ဆောင်ရသော ဆင်းရဲတို့ကို ယော(ဂု၊ ကျောစ)က်ျားတို့အား မဆက်ဆံ မိန်းမတို့သာခံရသည်။ ထို့ကြောင့် ရှင်မဟာသီလဝံသ အကျော်သည် နှစ်သစ်တစ်ရာ၊ ကမ္ဘာရှည်လျား၊ ကျင်လည်ငြားလည်း၊ ယောက်ျား တရံ၊ မဆံဘူးလေ၊ မီးယပ်နေသား၊ အသေတတန်၊ ကိုယ်ဝန်လည်းစွဲ၊ ဆင်းရဲတိုင်ထိ၊ သားသည်မိတို့ ဟူ၍ စပ်လေသည်။

ဤသို့ စပ်ရာ၌ နှစ်သစ်ဟူသည်ကား တဖန်ဆိုလိုသည်၊ အဖန်အရာ အဖန်အထောင် ကမ္ဘာများစွာ ကျင် လည်ငြားလေသော်လည်း ယောက်ျား တို့နှင့် တဖန်တဆစ်မျှ မဆက်ဆံ ဟူလိုသည်၊ ယောက်ျားတို့၌ရှိသော သန္ဓေသည် သူတစ်ပါးကပေး၍ရ သော သန္ဓေမဟုတ်။ ဓမ္မတာ သဘော အားဖြင့် ရှိရင်းသန္ဓေဖြစ်သောကြောင့် မီးမနေသည်ဟု မှတ်ရမည်။
၎င်းပုစ္ဆာ၏ ဝိသဇ္ဇနာကားပြီး၏။

၁း၂း၃၃။ ။ နှစ်ရာကျော် ကယ်၊ စွန်းလေးဆယ်၊ ဘယ့်နှယ် နို့ထိန်း တိုက်သနည်း ၏ အဖြေကား-

အလွန်ရှည်သော မိန်းမ၊ အလွန် နိမ့်သောမိန်းမ၊ အလွန်ကြုံသောမိန်းမ၊ အလွန်ဆူသော မိန်းမ၊ သားမြတ်ရှည် သောမိန်းမ၊ အလွန်မည်းသော မိန်းမ၊ အလွန်ဖြူသော မိန်းမ၊ ချောင်းဆိုး သောမိန်းမ၊ ကုတ်ဟီးရှိသော မိန်းမ ဤသို့ အတိဒီဃ အစရှိသော အပြစ် တို့ကို ကြဉ်၍မရှည်သော သားမြတ်ရှိ သော မြိန်မြတ်သော နို့ရည်ရှိသော နှစ်ရာ့လေးကျိပ်သော နို့ထိန်းတို့ကို ပေး၍ တိုက်စေသည်ဟု မူဂပက္ခ ဇာတ်၌ လာသည်။

အဘယ်သို့ နှစ်ရာ့လေးကျိပ် သော မိန်းမတို့ကို တိုက်စေသနည်း။ တစ်နေ့တညဥ့် နာရီ ၆ဝ ရှိသည်။ တစ်နာရီသော် နို့ထိန်းလေးယောက် အလှည့်လှည့် စောင့်ရှောက်ထိန်းသိမ်း ရသည်ဖြစ်ရကား ၆ဝ တည်၍ ၄ ယောက်နှင့် မြှောက်။ နှစ်ရာ့လေးကျိပ် ဖြစ်လေသည်။ ထို့ကြောင့် မူဂပက္ခ ဇာတ်၌ စတုသဋ္ဌိ ဓာတိယော ဟု ဆိုလေသည်။

စတုသဋ္ဌိဓာတိယောကား ဂုဏိ တသင်္ချာဖြစ်၍ နှစ်ရာ့လေးကျိပ်သော မောင်းမတို့ကိုဟု နိဿယဆရာများ မြန်မာပြန်တော်မူကြသည်။ ဤဆို အပ်ခဲ့ပြီးသည့်အတိုင်းပင် မှတ်ရမည်။

၎င်းပုစ္ဆာ၏ ဝိသဇ္ဇနာကားပြီး၏။

၁း၂း၃၄။ ။ တခြား ကျွန်းဝယ်၊ တို့ကျွန်းနှယ်၊ အိုင့်ကျယ် နော တတ် ရှိလိမ့်နည်း ၏ အဖြေကား-
မဟာခေါ ဘိက္ခူ ဇမ္ဗုဒီပေါ ပုရတ္ထိမ ဗာဟာ ဒွိယောဇနသဟ ဿနိ ပစ္ဆိမဗာဟာ ဒွိယောဇန သဟ ဿာနိ ဥတ္တရဗာဟာ ဒွိယောဇန သဟဿာနိ ဒက္ခိဏဗာဟာ စတ္တာရိ ယောဇန သဟဿာနိ သော ပရိက္ခေ ပေန ဒသယောဇနသဟဿာနိ သကဋမုခေါ အယံဒီပေါ ဟု ဟော တော်မူသည်။

အနက်ကား ဘိက္ခူ ရဟန်း ဇမ္ဗူ ဒီပေါ ဇမ္ဗူဒီပါကျွန်းသည် မဟာ အလွန်ကျယ်၏။ ပုရတ္ထိမ ဗာဟာ အရှေ့ပြင်တို့သည် ဒွိယောဇနသဟ ဿာနိ ယူဇနာနှစ်ထောင်တို့သည် ဟောန္တိဖြစ်ကုန်၏။ ပစ္ဆိမ ဗာဟာ အနောက်ပြင်တို့သည် ဒွိယောဇတသ ဟဿာနိ ယူဇနာနှစ်ထောင်တို့သည် ဟောန္တိ ဖြစ်ကုန်၏။ ဥတ္တရ ဗာဟာ မြောက်ပြင်တို့သည် ဒွိယောဇန (ဂူ၊ ဝမ်းစ) သဟဿာနိ ယူဇနာနှစ် ထောင်တို့သည် ဟောန္တိ ဖြစ်ကုန်၏။ ဒက္ခိဏဗာဟာ တောင် အပြင်တို့ သည် စတ္တာရိယောဇနသဟဿာနိ ယူဇနာ လေးထောင်တို့သည် ဟောန္တိ ဖြစ်ကုန်၏။ အယံဒီပေါ ဤကျွန်း သည် သကဋ မုခေါ လှည်းဦး သဏ္ဌာန်ရှိ၏။

ဤကျွန်းတည်ဟန်ကား အရှေ့ အပြင်သည် ယူဇနာနှစ်ထောင်၊ အနောက်အပြင်သည် ယူဇနာနှစ် ထောင်၊ မြောက်အပြင်သည် ယူဇနာ နှစ်ထောင်စီရှိ၏။ တောင်အပြင်သည် ယူဇနာလေးထောင်ရှိ၏။ အဝန်းအား ဖြင့် ယူဇနာတစ်သောင်းရှိ၏။ ကျွန်း ၏ သဏ္ဌာန်ကား လှည်းဦးကင်း သဏ္ဌာန်ရှိ၏ဟူသတည်း ထိုကျွန်း၏ အပြင်၌ အာယာမ ဝိတ္ထာရတော တိသ ဟဿ ယောဇန ပမာဏေ ဟိမဝါ ပဗ္ဗတော ပတိဋ္ဌိတော ဟု မိန့်ပြီး ဤသို့ အဋ္ဌကထာတွင် လာ သည် ဖြစ်သောကြောင့် ဟိမဝန္တာ တောင်မင်းသည် ဇမ္ဗူဒီပါကျွန်း၏ မြောက်ကျွန်းဦး၌ အလျား အနံအား ဖြင့် ယူဇနာသုံးထောင်အတိုင်းအရှည် ရှိသော ပမာဏ၌တည်၏။ အစောက် အားဖြင့် ယူဇနာငါးရာရှိ၏။ ရှစ် သောင်းလေးထောင် အထွဋ်ရှိ၏။ ထက်ဝန်းကျင်မှစီးသော ငါးရာသော မြစ်ကြီးတို့ဖြင့် ဆန်းကျယ်ကုန်၏။ အနဝတတ်အိုင်မှထွက်သော ရေပွန် ကား ဇမ္ဗူဒိပ်ကျွန်းကို ယူဇနာ လေးထောင်အရပ်ကို လွှမ်းနိုင်၏။ ယူဇနာ သုံးထောင် အတိုင်းအရှည်ရှိသော အရပ်ကိုကား လူတို့နေကုန်၏။ ထို ဟိမဝန္တာတော၌ကား မြိန်မြက်သော အသီးကို ဆောင်သော သစ်ပင်၊ မွှေး ကြိုင်သော အနံ့ကိုဆောင်သော ပန်းမျိုးသစ်ပင်တို့ဖြင့် ပြည့်စုံကုန်၏။ တန်ခိုးကြီးသော နတ်တို့၏ နေရာ လည်းဖြစ်ကုန်၏။ မိုးဆီးနှင်းတို့ဖြင့် သည်းထန်စွာရွာကုန်၏။ ဟိမဝန္တာ တော၏ အာနုဘော်ကြောင့်လည်း ထို တောဝန်းကျင် အရပ်တို့ကို ဟိမဝန္တာ ဟုခေါ်ဝေါ်ကုန်၏။ ထိုဟိမဝန္တာတော အရပ်ကို လူနှင်နှင်တို့မရောက်နိုင်။ တန်ခိုးရှိသော ရဟန်းတို့သာ ရောက် နိုင်ကုန်၏။ ငါတို့ သဗ္ဗညုတဘုရား ရှင်သည် တာဝတိံသာ၌ ဝါတွင်းသုံး လအဘိဓမ္မာကို ဟောတော်မူသော အခါ နံနက်ကို ဥတ္တရကုရုကျွန်း၌ ဆွမ်းခံတော်မူ၍ အနဝတတ်အိုင်၏ အနီး ဆွမ်း ဘုဉ်းပေးတော်မူ၏။ နေ့အခါ ထိုအရပ် စန္ဒကူးတော၌ အသျှင်သာရိပုတ္တရာ တစ်ပါးသာလျှင် ခစားအပ်သည်ဖြစ်၍ နေတော်မူ၏။

ဤသို့လျှင် ငါတို့ ဇမ္ဗူဒီပကျွန်း ၌သာ အနဝတတ်အိုင် ရှိကြောင်းကို ကျမ်းဂန်တို့၌လာသည်။ တစ်ပါး သော ကျွန်းတို့၌ အနဝတတ်အိုင်ရှိ လျှင်လည်း သာရတ္ထဒီပဋီကာ လော ကဝိဒူအဖွင့် ဇိနာလင်္ကာရဋီကာ စသော ကျမ်းကြီး ကျမ်းခိုင်တို့၌ လာ ကောင်းသည်။ လာလည်း မလာသော ကြောင့် လည်းကောင်း၊ ထိုမှတစ်ပါး သော အာဒိ ကပ္ပကျမ်း ကပ္ပ ဝဏ္ဏ နာကျမ်း ပရိတ်ကြီး ဋီကာကျမ်းတို့၌ လည်း မလာ မဆိုဖြစ်၍ ငါတို့ ဇမ္ဗူ ဒီပါကျွန်းမှတစ်ပါး အခြားသော ကျွန်းတို့၌ အနဝတတ်အိုင် ရှိသည် ဟု အတတ်မယူသာ။

မုံရွေးဆရာတော်(ဂူ၊ ကျောစ)က တတ်စိန့်ထွေလာချီး၍ ကြည့်ကန်ရှင် နန္ဒဓဇကို -၅၅ပါး ပုစ္ဆာမေးရာ ၄င်း ဆရာသည် ထွေလာတတ်ဖွယ် ချီး၍ ဖြေဆိုသော မုံရွေးအမေး ကြည့်ကန် အဖြေတွင် ဇမ္ဗူကျွန်းသို့ သုံးကျွန်း တို့မှာ ဟိမဝါတော ရှိလှည့်သောရှင့် ဟု ဟိမဝါတော ရှိကြောင်းကို ဖြေ သောကြောင့် အနဝတတ်အိုင်လည်း ရှိသည်ဟု မှတ်သင့်သည်။

၎င်းပုစ္ဆာ၏ ဝိသဇ္ဇနာကားပြီး၏။
ဆက်လက်ဖော်ပြပါမည်။

(ဦးနန်းလှိုင်(ပုရိသ)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.