အမှတ် - ၆၈၁ ။ စက်တင်ဘာလ - ၉ရက်၊ ၂၀၁၀ ခုနှစ်၊ ကြာသပတေးနေ့
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မန္တလေးတက္ကသိုလ် ဓမ္မာရုံကြီးတွင် ဝါတွင်သီလပွဲများကျင်းပ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... ၆၈၁
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
စာပေနှင့် အနုပညာ
အစွယ်နှင့် အခြားကဗျာများ ဆူးသစ်နီ

ကဗျာစာအုပ်တွေ အထွက်ကျဲချိန် စာအုပ်ဆိုင်တွေပေါ်မှာ ကဗျာအတွက် သီးသန့်စင် တစ်ခုထားရှိတာ ရှားပါးနေချိန်မှာ ကဗျာလုံးချင်းစာအုပ် တစ်အုပ်ကို ရဲရဲဝံ့ဝံ့ ထုတ်ဝေလာတာက ကဗျာဆရာ ဆူးသစ်နီပါ။

ကိုယ်တိုင်ရေး အခရိုင်းလစ် ပန်းချီသရုပ်ဖော်ပုံများကို ကဗျာအပုဒ် တိုင်းလိုလိုမှာ ထည့်သွင်းထား၍ ကဗျာကို ပန်းချီဖြင့် ပြန်လည်ခံစား ထားခြင်းဟု နားလည်မိသည်။ ကဗျာအပုဒ် ၃ဝ လုံးလုံးတွင် ခံစားချက် များပုံအော၍ စကားလုံးအသုံးအနှုန်း ကျစ်လျစ်အောင် ကြိုးပမ်းထားသည်။

စာအုပ်ခေါင်းစဉ်ဖြစ်သော အစွယ်ကဗျာတွင် လျှပ်ပျက်လွန်းတင် စခန်းဝင် စံပယ်တင်မှဲ့ အိုးခွက်အရုပ်ထင် ဝါရင့်ခိုဝင်လှည့်။ ကဲ့သို့သော အဖွဲ့မျိုးကို တွေ့ရသကဲ့သို့ နာဂစ် ၂ဝဝ၈ တွင် ကံကြမ္မာ၏ ရက်စက်မှု လှိုင်းတံပိုးအောက်တွင် ကျေပြုန်း သွားခဲ့ရသော လူ့အသက်များစွာ မိသားစုဘဝများစွာကို ရင်နာစွာ ပြန်လည်မြင်ယောင်မိသည်။

ရန်ကုန် ပုရိသ ကဗျာအဆုံးတွင်
ရန်ကုန်ကို စုံကန်ဖို့ မဖြစ်နိုင် သေးတဲ့ဘဝမှာ
ရန်ကုန်ဟာ ငါ့အသိုက်
ကဗျာကို အပင်စိုက်ပြီး
(အခုမှ) ရန်ကုန်ဟာ ငါ့ဥစ္စာ တကယ်ဖြစ်လာတယ် ဟုဆိုရာ
ကဗျာဆရာကိုယ်တိုင်၏ ရင် တွင်းစကားကိုတွေ့ရှိသည်။

ဘာသာစကားကို စမ်းသပ်ထားသော ဘာသာစကားကဗျာ ပုံစံမျိုးလည်း တွေ့ရသည်။ တချို့ကဗျာက နူးညံ့သိမ်မွေ့ပြီး တချို့ကဗျာက ကြမ်းရှသည်။ တချို့ကဗျာက စိတ္တဇဆန် ပြီ တချို့ကဗျာက ဘဝဆန်သည်။ တချို့ကဗျာက မြို့ပြခံစားမှု၊ တချို့ ကဗျာက သဘာဝတွင် ကြည်နူးမှုကို ပေးစွမ်းသည်။

ကဗျာကိုချစ်သော၊ ကြည်နူးမွေ့လျော် လိုသူများအတွက် ကဗျာစာအုပ် ကောင်းတစ်အုပ်ဖြစ်ကြောင်း ညွှန်းဆို ရပါမည်။

စာမူခွင့်ပြုချက်အမှတ် ၆၂ဝဝ၂ ၇ဝ၄၁ဝ။ ပထမအကြိမ်။ ဇွန်လ ၂ဝ၁ဝ။ စာမျက်နှာ ၇၁ မျက်နှာ။ တန်ဖိုး ၁ဝဝဝ ကျပ်။ ဖြန့်ချိရေး ဆုစာပေ။

ဝန်ဇင်း
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.