အမှတ် - ၆၈၁ ။ စက်တင်ဘာလ - ၉ရက်၊ ၂၀၁၀ ခုနှစ်၊ ကြာသပတေးနေ့
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မန္တလေးတက္ကသိုလ် ဓမ္မာရုံကြီးတွင် ဝါတွင်သီလပွဲများကျင်းပ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... ၆၈၁
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
စာပေနှင့် အနုပညာ
ပိုက်သင်ဆရာတော် အသျှင်ကလျာဏဓဇ မထေရ်မြတ် ရေးသားစီရင်အပ်သော စွယ်စုံကျော်ထင် အဖြေကျမ်း(၇)

ယခင်အပတ်မှ အဆက်

၁း၂း၂၃။ ။ စို့သက် တန့်နွယ်၊ ကောင်းကင်လယ်၊ ဘယ်အကြောင်းကြောင့် ဖြစ်သနည်း ၏ အဖြေကား-

အနောက်က နေကျောက်၍ အရှေ့က တိမ်၌ အထူးထူးအပြားပြား အဆင်းအရောင်ထင်သည်ကို 'သက် တန့်'ရေး အရှေ့က နေကျောက်၍ အနောက်က တိမ်၌ အဆင်းအရောင် အထူးထူးအပြားပြား ထင်သည်ကို စို့ ဟုခေါ်ဝေါ်သည်။ သိကြား (ခါး၊ ကျောစ) မင်းလက်နက်နှင့်တူသောကြောင့် ဣန္ဒာဝုဓ၊ ဣန္ဒဓနု ဟုလည်း သမိုက်၏။ ထို့ကြောင့် သာရသင်္ဂဟ၌ သူရိယ ရံသိယောစ မေဃဝ လာဟက မာဂမ္မ သုဝဋ္ဋာ ဟုတွာ အာလောကနိ ပညာယန္တိ၊ တံလောကာ ဣန္ဒစာပေါတိ ဝဒန္တိ၊ တထာဟိ သော ပုဗ္ဗဏှေ ပညာယမာနေ ပစ္ဆိမ ဒိသာယံ ပညာယတိ၊ သာယဏှေ ပုရတ္ထိမ ဒိသာယံ ဟုမိန့်ပြီ။

အနက်ကား သူရိယရံသိယော စ၊ နေ၏အရောင်တို့သည်လည်း မေဃဝလာဟကံ၊ မိုးတိမ်လွှာသို့ အာဂမ္မ ရောက်လတ်၍ (ဝါ) စွဲ၍။ သုဝဋာ ကောင်းစွာ လုံးကုန်သည်။ ဟုတွာ ဖြစ်၍ အာလောကာနိ နီပြာ ဝါအရောင်တို့သည် ပညာယန္တိ ထင်ကုန်၏။ တံ ထိုမိုးတိမ်တောင်၌ နေရောင်ဟပ်၍ ထင်လတ်သော အရောင်ကို ဣန္ဒစာပေါတိ နတ်လေး သက်တန့်ရေး ဟူ၍ လောကာ လူတို့ သည် ဝဒန္တိ ဆိုကုန်၏။ တထာဟိ ထို့ကြောင့်သာလျှင် သော ထိုအရောင် သည် ပုဗ္ဗဏှေ နံနက်အခါ၌ ပညာယ မာနေ ထင်လတ်သော် ပစ္ဆိမ ဒိ သာယံ အနောက်မျက်နှာ၌ ပဉ္ဇာယတိ ထင်၏။ သာယဏှေ ညချမ်းအခါ၌ သဉ္ဇာယမာနေ ထင်လတ်သော် ပုရတ္တိမဒိသာယံ အရှေ့မျက်နှာ၌ ပညာယတိ ထင်၏။

သည်ကိုရည်၍- ငလျင် တော်လည်း စနည်း တဘောင် တိမ်တောက် နီပြောက် စို့ရောက် တံခွန်၊ လှည့်ဖန် နက္ခတ် နေကြတ် စန္ဒာ ဥက္ကာ ပျံသန်း၊ လဝန်း တာရာ ချဉ်းနင်းလာသား၊ သုဘာ သုဘ ဖတ်ထ နိမိတ် စသည်ဖြင့် စပ်လေသည်။

ထို့ကြောင့် နေရောင်သည် မိုး တိမ်လွှာသို့ရောက်၍ အထူးထူးထင် မြင်သည်ကို စို့သက်တန့်ဟု မှတ်ရမည်။
၎င်းပုစ္ဆာ၏ ဝိသဇ္ဇနာကားပြီး ၏။

၁း၂း၂၄။ ။ ရှေ့နောက် သွယ်သွယ်၊ တန်း၍ နွယ်၊ နေစွယ်ထွက်ကြောင်း ဘယ်သို့ နည်း ၏ အဖြေကား-
အဋ္ဌသာလိနီ အဋ္ဌကထာ၌

ဥတုတော သမုဋ္ဌိတံ သုဒ္ဓဋ္ဌကံ ဥတုသမုဋ္ဌာနံ နာမ။ တသ္မိံဥတု အညံ အဋ္ဌကံ သမုဋ္ဌာပေတိ ဣဒံ ဥတု ပစ္စယံနာမ။ တသ္မိံပိ ဥတု အညံ အဋ္ဌကံ သမုဋ္ဌာပေတိ၊ ဣဒံ ဥတု ပစ္စယဥတုသသမုဋ္ဌာနံ နာမ။ ဧဝံ တိေဿာယေဝ သန္တတိယော ဃဋ္ဋေတုံ သက္ကောတိ၊ န တတော ပရံ။ ဣမ မတ္ထံ အနုပါဒိန္န ကေနာပိ ဒီပေတုံ ဝဋ္ဋတိ။ ဥတုသမုဋ္ဌာနော နာမ ဝလာ ဟကော။ ဥတုပစ္စယာ နာမ ဝုဋ္ဌိ ဓာရာ။ ဒေဝေ ပန ဝုဋ္ဌေ ဗီဇာနိ ဝိရူဟန္တိ ပထဝီ ဂန္ဓံ မုဉ္ဇတိ၊ ပဗ္ဗတာ နီလာ ခါယန္တိ သမုဒ္ဒေါ ဝုဍ္ဎုတိ၊ ဧတံ ဥတုပစ္စယဥတုသမုဋ္ဌာနံ နာမ။ (ပ) အာကာသေ အန္တလိက္ခေ ဟတ္ထိမ္ပိ ဒေဿတိ အဿမ္ပိ ဒေဿတိ၊ ရထမ္ပိ ဒေဿတိ၊ ဝိဝိဓမ္ပိ သေနာ ဗျူဟံ ဒေဿတီတိ ဣဒံ စိတ္တပစ္စယ ဥတုသမုဋ္ဌာနနံ နာမ ဟူ၍ မိန့်ပြီ။

အနက်ကား ဥတုတော ဥတု ကြောင့် သမုဋ္ဌိတံ ဖြစ်သော သုဒ္ဓ ဋ္ဌကံ သက်သက်သော အဋ္ဌကလာပ် သည် ဥတုသမုဋ္ဌာနံ နာမ ဥတုလျှင် ဖြစ်ကြောင်း ရှိသည် မည်၏။ တသိံ္မ ထိုဥတုသမုဋ္ဌာန်၌ ပဝတ္တံ ဖြစ်သော ဥတုပိ ဥတုသည်လည်း အညံ တစ် ပါးသော အဋ္ဌကံ ရှစ်ပါးသော ရုပ်ကို သမုဋ္ဌာပေတိ ဖြစ်စေ၏။ ဣဒံ ဤနှစ် ဆင့်မြောက်သောရုပ်သည် ဥတုပစ္စယံ နာမ ဥတုသမုဋ္ဌာန်လျှင် အကြောင်း ပြုသည် မည်၏။ တသ္မိံပိ ထိုနှစ်ခု မြောက်သော ရုပ်လည်း ပဝတ္တံ ဖြစ် သော ဥတု၊ ဥတုသည် အညံ တစ် ပါးသော ရုပ်ကို သမုဋ္ဌာပေတိ တစ် ဖန်ဖြစ်စေ၏။ ဣဒံ ဤသုံးဆင့် မြောက်သော ရုပ်သည် ဥတုပစ္စယ ဥတုသမုဋ္ဌာနံ နာမ ဥတုကြောင့် ဖြစ် သောရုပ်လျှင် အကြောင်းရှိသော ရုပ် မည်၏။ ပ၊ ဧဝံ ဤသို့ တိေဿာ ယေဝသန္တတိယော၊ သုံးပါးကုန်သော ဖြစ်စဉ်တို့သည်သာလျှင် ဃဋ္ဋေ တုံ စပ်ခြင်းငှာ။ သက္ကောတိ တတ် နိုင်၏။ တတော ပရံ ထို့ထက် အလွန် န သက္ကောတိ မတတ်နိုင်။ ဣမမတ္တံ ဤသို့သော အနက်ကို အနုပါဒိန္နကေနပိ ကံကြောင့်ဖြစ်သော ရုပ်ဖြင့်လည်း ဒီပေတုံ (ဂ၊ ဝမ်းစ) ပြခြင်းငှာ ဝဋ္ဋတိ သင့်၏။

ဥတု သမုဋ္ဌာနော နာမ၊ ဥတု သမုဋ္ဌာန်မည်သည်ကား။ ဝလာဟ ကော မိုးတိမ်တိုက်တည်း။ ဥတု ပစ္စယာ နာမ၊ ဥတုပစ္စယတို့ မည် သည်ကား။ ဝုဋ္ဌိဓာရာ မိုးရေ အယာဉ် တို့တည်း။ ဒေဝေ၊ မိုးသည် ဝုဋ္ဌေ ပန ရွာသည်ရှိသော်ကား။ ဗီဇာနိ မြက် မျိုး သစ်ပင်မျိုးတို့သည် ဝိရူဟန္တိ ပေါက်ကြကုန်၏။ ပထဝီမြေကြီး သည် ဂန္ဓံ၊ အနံ့ကို မုဉ္စတိ၊ လွတ်၏။ ပဗ္ဗတာတောင်တို့သည် နီလာစိမ်းညို ကုန်လျက် ခါယန္တိ ထင်ကုန်၏။ သမုဒ္ဒေါ သမုဒ္ဒရာ သည် ဝဍ္ဎုတိ ကြီးပွား၏။ ဧတံ ဤ သဘောသည် ဥတုသမုဋ္ဌာနံနာမ ဥတုကြောင့် ဖြစ် သော ရုပ်လျှင်အကြောင်းရှိသော ရုပ်မည်၏။ (ပ) အာကာသေ ကောင်း ကင်၌။ အန္တလိက္ခေ မြေမိုး အကြား ၌။ ဟတ္ထိမ္ပိ၊ ဆင်ရုပ် ကိုလည်း ဒေဿတိ ပြ၏။ အဿမ္ပိ မြင်းရုပ်ကို လည်း ဒေဿတိ ပြ၏။ ရထမ္ပိ ရထားရုပ်ကိုလည်း ဒေဿတိ ပြ၏။ ဝိဝိဓံ အထူးထူးအပြားပြားသော သေနာဗျူဟမ္ပိ စစ်ဗျူဟာကိုလည်း ဒေဿတိ ပြ၏။ ဣတိ ဣဒံ ဤသို့ ထင်ပြခြင်းသည် စိတ္တပစ္စယဥတုသမု ဋ္ဌာနံ နာမ စိတ်ကြောင့် ဖြစ်သော ဥတုသမုဋ္ဌာန်မည်၏။

ဤသို့ တိမ်တောင် တိမ်ငုတ် ၌ ဥတုကြောင့် ဖြစ်သော နေခြည် ရောင် ဟပ်သောကြောင့် အညို အပြာ အဝါ အနက် စသော အထူး ထူးသော ဥတုသမုဋ္ဌာန် ထင်ရကား သုံးဆင့်သောအကြောင်းဖြင့် နေစွယ် ထွက်သည်ဟု မှတ်ရမည်။

၎င်းပုစ္ဆာ၏ ဝသဇ္ဇနာကား ပြီး၏။

၁း၂း၂၅။ ။ ချမ်းအေး စံပယ်၊ လေညင်း သွယ်၊ လေဝယ် ဓာတ်ပေါင်း ဘယ်မျှနည်း ၏ အဖြေကား-

ကြို့တက်ခြင်း အထက်သို့ ဆန် တက်ခြင်းကို ဖြစ်စေတတ်သော ဥဒ္ဓင်္ဂ မ ဝါယောဓာတ်လည်းတစ်ပါး၊ ကျင် ကြီးကျင်ငယ်တို့ကို ထုတ်စေတတ် သော အောက်သို့ စုံတတ်သော အဓောဂမ ဝါယောဓာတ်လည်း တစ်ပါး၊ အအူတို့၏ အပြင်၌ တည်သော ကုစ္ဆိသယ ဝါယောဓာတ်လည်း တစ်ပါး၊ အအူအတွင်း၌တည်သော ကော ဋ္ဌာသယ ဝါယောဓာတ်လည်း တစ်ပါး ကွေးခြင်း ဆန့်ခြင်း သွားခြင်း ရပ်ခြင်း ထိုင်ခြင်း အိပ်ခြင်းကို ဖြစ်စေတတ်သော အင်္ဂါကြီးငယ်တို့ကို လျှောက်သော အင်္ဂမင်္ဂါနုသာရီ ဝါ ယောဓာတ်လည်း တစ်ပါး၊ ထွက် သက် ဝင်သက်ကို ဖြစ်စေတတ်သော အဿာသ ပဿာသ ဝါယောဓာတ် လည်း တစ်ပါး၊ ဤခြောက်ပါး သော အစုသည် အကြောင်းတစ်ပါး ဖြစ်သောကြောင့် ဧကဇမည်၏။ အဋ္ဌသာလိနီ အဋ္ဌကထာ၌လည်း ဥဏှသမယေ ဝါတပါနံ ဝိဝရိ တွာ၊ ဝါတေန သရီရံ ပဟာရာပေန္တာ ဋ္ဌိတော မန္ဒမန္ဒေ ဝါတေန ပဟရာန္တော ကိဉ္ဇာပိ တတ္ထ ပထဝီပိ အတ္ထိတေ ဇောပိ အတ္ထိ ဝါ တမေဝ ပန အာဘုဇတိ။ ဧဝံ အာဘုဝသေန အာရမ္မဏံ ကရောတိ နာမ ဟု မိန့် ပြီ။

အနက်ကား ဥဏှ သမယေ၊ ပူသောအခါ၌။ ဝါတပါနံ လေလွှတ် တံခါးကို ဝိဝရိတွာ ဖွင့်၍ ဝါတေန လေဖြင့် သရီရံ (ဂ၊ ကျောစ) ကိုယ် ကို ပဟာရာပေန္တော၊ ခတ်စေ၍။ ဋ္ဌိတောတည်၏။ မန္ဒမန္ဒေဝါ ညှင်း ညှင်းသော ယပ်လေတို့ကိုလည်း ပဟာရာန္တော ခပ်စေလျက်။ ဋ္ဌိတော တည်၏။ တတ္ထ ထိုလေ၌ ပထဝီပိ ပထဝီ ဓာတ်သည်လည်း ကိဉ္ဇာပိ အတ္ထိ အကယ်၍ ရှိ၏။ တေဇောပိ တေဇော ဓာတ်သည်လည်း။ ကိဉ္ဇာပိ အတ္ထိ အကယ်၍ ရှိ၏။ ပန ထိုသို့ ရှိသော်လည်း ဝါတမေဝ လေဟူ၍ သာလျှင် အာဘုဇတိ နှလုံးသွင်း၏။ ဧဝံ ဤသို့။ အာဘုဇနဝသေန နှလုံးသွင်းခြင်း၏ အစွမ်းဖြင့် အာရမ္မဏံ အာရုံကို ကရောတိ နာမ ပြုသည် မည်၏။

ဤသို့ အဋ္ဌကထာ၌ ပထဝီ တေဇော ဝါယော ဓာတ်သုံးပါးကိုသာ လာသည်။ ကြွင်းသောရုပ် တို့မလာ။ ယင်းသို့ မလာသော် လည်း အဝိနိဗ္ဘောဂရုပ်သည် မကင်း ကောင်းရကား ၄င်းရှစ်ပါးလုံး ရှိ သည်ဟု မှတ်ရမည်။

၎င်းပုစ္ဆာ၏ ဝိသဇ္ဇနာကား ပြီး၏။

၁း၂း၂၆။ ။ ကမျဉ်းနီ ငယ်၊ ဆင် ကြီး ကျယ်၊ ဘယ်သူ စိတ်ရ များသနည်း။ ၏ အဖြေ ကား-

အဘိဓမ္မတ္ထ ဝိဘာဝနီကျမ်း၌ ဒွိဟေတုကာဟေတုကာနံ ဥာဏသမ္ပယုတ္တဝိပါကအပ္ပနာဇဝန ဝဇ္ဇိတာနိ ဧကစတ္တာလီသ၊ အပါယိ ကာနံ တာနေဝ ဒွိဟေတုက ဝိပါက ဝဇ္ဇိတာနိ သတ္တတိံ္တသ ဝီထိ စိတ္တာနီ တိ ဒဋ္ဌဗ္ဗံ ဟု မိန့်ပြီ။

အနက်ကား ဒွိဟေတုကာဟေ တုကာနံ ဒွိဟိတ်ပုဂ္ဂိုလ် သုဂတိ အဟိတ် ပုဂ္ဂိုလ်တို့အား ဥာဏ သမ္ပယုတ္တ ဝိပါက အပ္ပနာဇဝနဝဇ္ဇိ တာနိ၊ ဥာဏသမ္ပယုတ် မဟာဝိပါက် လေးခု အပ္ပနာဇောသည် ကြဉ်အပ် ကုန်သော။ ဧကစတ္တာလီသ လေးဆယ့်တစ်ခုသော စိတ်တို့သည် ဘဝန္တိ ဖြစ်ကုန်၏။ အပါယိကာနံ အပါယ်ပုဂ္ဂိုလ်တို့အား။ တာနေဝ ထို လေးဆယ့်တစ်ခုသော စိတ်တို့တွင် ဒွိဟေတုကဝိပါကဝဇ္ဇိတာနိ ဒွိဟိတ် ဝိပါက်လေးခုသည် ကြဉ်အပ်ကုန် သော သတ္တတ္တိံသ ဝီထိ စိတ္တာနိ သုံးဆယ်ခုနစ်ခုသော ဝီထိစိတ်တို့ သည် ဘဝန္တိ ဖြစ်ကုန်၏။ ဣတိ ဤသို့ ဒဋ္ဌဗ္ဗံ မှတ်အပ်၏။

ဒုဂ္ဂတိအဟေတုကာနံ သတ္တတ္တိံ သလဗ္ဘန္တိ ဟူ၍လည်း မိန့်ပြန်ပြီ။

အနက်ကား ဒုဂ္ဂတိ အဟေတု ကာနံ ဒုဂ္ဂတိအဟိတ် ပုဂ္ဂိုလ်တို့အား သတ္တတ္တိံသ အကုသိုလ်စိတ် တစ်ဆယ့်နှစ်ခု ဟသိတုပ္ပါဒ် ကြဉ်သော အဟိတ်စိတ် သတ္တရသ မဟာကု သိုလ်စိတ် ရှစ်ခုအားဖြင့် သုံးဆယ် ခုနစ်ခုသောစိတ်တို့ကို လဗ္ဘန္တိ ရအပ် ကုန်၏။

ဤသို့ သင်္ခေပဋီကာ၌ လာသော ကြောင့်လည်းကောင်း။ ဆလံ ကဝံ။ ဆလံ ဒုဂ္ဂတိအဟိတ်ပုဂ္ဂိုလ်၌ အကု သိုလ်စိတ်ဒွါဒါသ၊ ဟသိတုပ္ပါဒ်ကြဉ် သော အဟိတ်စိတ် သတ္တရသ မဟာ ကုသိုလ်စိတ် ရှစ်ခုအားဖြင့် သုံးဆယ့် ခုနှစ်ခုသော စိတ်တို့ကို ရအပ်ကုန်၏။ ကဝံ သုဂတိ အဟိတ်ပုဂ္ဂိုလ် ဒွိဟိတ် ပုဂ္ဂိုလ်တို့၌ အကုသိုလ်စိတ် ဒွါဒသ ဟသိတုပ္ပါဒ် ကြဉ်သော အဟိတ်စိတ် သတ္တရသ မဟာကုသိုလ်စိတ်ရှစ်ခု မဟာဝိပါတ်ဥာဏ သမ္ပယုတ်လေးခု အားဖြင့် လေးဆယ်တစ်ခုသော စိတ် တို့ကို ရအပ်ကုန်၏။

ဤသို့ (ဂါ၊ ဝမ်းစ) ပရမတ္တဗိန္ဓု ဝစီသာရတ္ထစသော ကျမ်းတို့၌ လာသောကြောင့်လည်းကောင်း။ အတိခုဒ္ဒ က ကာယရှိသော ကမြင်းနီ၌လည်း သုံးဆယ့်ခုနစ်ခုပင်။ အတိမဟန္တ ကာယရှိသော ဆင်၌လည်း သုံးဆယ့် ခုနစ်ခုပင် မှတ်ရမည်။ အသျှင် ကောက္ကဋမထေရ်ကား ကြက်တမော့သာ အရပ်တော်ရှိသည်။ အသျှင် ကောက္ကဋမထေရ်မှ တစ်ပါးသော မထေရ်တို့သည် ကြီးသောကိုယ်တော် ရှိသော်လည်း စိတ်ငါးဆယ့်လေးခုစီသာ ရသကဲ့သို့ ပုဂ္ဂိုလ်သည် ဒုဂ္ဂတိ အဟိတ်ပုဂ္ဂိုလ် ချည်းဖြစ်၍ ဆင်နှင့်ကမျဉ်းနီသည် စိတ် မထူးခြား သော အဖြစ်ကို သိအပ် မှတ်အပ် သည်။

၎င်းပုစ္ဆာ၏ ဝိသဇ္ဇနာကား ပြီး၏။

၁း၂း၂၇။ ။ လူနတ် ကိုးကွယ်၊ သီဟိုဠ်ဝယ် ဘယ်သို့စက်ဦး ရှိသနည်း၏ အဖြေ ကား-

ဗောဓိတော အဋ္ဌဝေဿ ကလျာဏိယံ မဟိအက္ခိကနာဂရာ ဇေန နိမန္တိတော ဘဂဝါ ပဉ္ဇဟိ ဘိက္ခုသတေဟိ ပရိဝုတော လင်္ကာဒီ ပမာဂမ္မ ကလျာဏီစေတိယဋ္ဌာနေ ကတေ ရတနာမဏ္ဍပေ နိသိန္နော ဘတ္တကိစ္စံ ကတွာ သမန္တကုဋေ ပဒံ ဒေဿတွာ အဂမာသိဟု မိန့်ပြီ။ အဓိပ္ပာယ်ကား မဟာဗောဓိမှ ရှစ်ဝါမြောက်သော ဝါတော်၌ ကလျာ ဏီမြစ်နား၌ မဟိအက္ခိက အမည်ရှိ သော နဂါးမင်းသည် ပင့်ဖိတ်အပ် သည်ဖြစ်၍ မြတ်စွာဘရားသည် ငါးရာသော ရဟန်းအပေါင်းခြံရံလျက် လင်္ကာဒီပမည်သော သီဟိုဠ်ကျွန်းသို့ ကပ်တော်မူ၍ ကလျာဏီ စေတီတည်ရာအရပ်၌ ဆောက်လုပ်အပ်သော ရတနာမဏ္ဍပ်၌ နေတော်မူပြီး၍ ဆွမ်းစားခြင်းကိစ္စကိုပြုလျှင် သမန္တ ကူဋတောင်ထိပ်၌ ပါဒစေတီ တော်ကိုပြ၍ ကြွတော်မူသည်ဟု သာမညသာ လာသည်။ လာဟန် ကား-

တတ္ထ သတ္တာဟံ ဝသိတွာ ဝါဏိဇ္ဇဂါမေ ပိဏ္ဍာယ စရိတွာ တွံ ဣဓေဝ ဝဿာဟီ တိ ပုဏ္ဏတ္ထေရံ နိဝတ္တေတွာ အန္တရေ နမ္ပဒါနဒီနာမ အတ္ထိ တဿ တီရံ အဂမာသိ နမ္ပဒါနာဂရာဇာ သတ္ထု ပစ္စုဂ္ဂမနံ ကတွာ နာဂဘဝနံ ပဝေသေတွာ တိဏ္ဏံ ရတနာနံ သက္ကာရံ အကာသိ သတ္တာ တာသဓမ္မံ ကထေတွာ နာဂ ဘာဝနာ နိက္ခမိသော မယှံ ဘန္တေ ပရိစရိတဗ္ဗံ ဒေထာတိ ယာစိ ဘဂဝါ နမ္ပဒါနဒီတိရေ ပါဒစေတိယံ ဒေဿ တိတံ ဝိစီသု အာဂတာသု ပိဒီယတိ တေသု ဝိဝရီယတိ မဟာ သက္ကာရ ပတ္တံ အဟောသိ သတ္တာ တတော နိက္ခမိတွာ သစ္စဗန္ဓပဗ္ဗတံ ဂန္တွာ သစ္စဗန္ဓံ အာဟ တယာ မဟာဇ နော အပါယမဂ္ဂေ သြတာရီတော တွံ ဣဓေဝ ဝသိတွာ ဧတေသံ လဒ္ဓိံ ဝိသဇ္ဇာပေတွာ နိဗ္ဗာနမဂ္ဂေ ပတိဋ္ဌာဟီ တိ သောပိ ပရိစရိတဗ္ဗံ ယာစိ သတ္တာ ဃနပိဋ္ဌိ ပါသာဏေ အလ္လမတ္တိ ကပိဏ္ဍမှိ လဉ္ဇနံဝိယ ပါဒစေတိယံ ဒေဿတိ ဟူ၍ဖြစ်၏။

ဤငါတို့ ဇမ္ဗူဒိပ်ကျွန်း၌ ပါဒ စေတီတော်သည်လည်း စက်ဦးဘယ် သို့ချသည်ဟု မလာ။ သာမညသာ လာသည်။ (ဂါ၊ ကျောစ) ထိုပါဌ် ဝယ် အဓိပ္ပာယ်ကား ထိုတန်ဆောင်း ဝန်းသဏ္ဍာန်ဆောက်သော ကျောင်း၌ ခုနစ်ရက် နေတော်မူ၍ ဝါဏိဇ္ဇဂါမ၌ ဆွမ်းအလို့ငှာ ကြွတော်မူ၍ သင်သည် ဤဝါဏိဇ္ဇဂါမ၌ နေ ရစ်လော့ဟု ပုဏ္ဏထေရ်ကို ပြန်စေ၏။

ခရီးအကြား၌ နမ္ပဒါ မြစ်သည် ရှိ၏။ ထိုနမ္ပဒါမြစ်၏ ကမ်းသို့ကြွတော်မူ၏။ နမ္ပဒါမည်သော နဂါးမင်း သည် မြတ်စွာဘုရားကို ခရီးဦးကြို ပြု၍ နဂါးပြည်သို့ ဝင်လေပြီးလျှင် သုံးပါးသော ရတနာတို့ဖြင့် ပူဇော် ခြင်းကိုပြု၏။ မြတ်စွာဘုရားသည် ထို နဂါးမင်းအား တရားဟောတော်မူ၍ နဂါးပြည်မှ ထွက်ခဲ့၍ အရှင်ဘုရား အကျွန်ုပ်အား ကိုးကွယ်ဆည်းကပ်ရာ ပေးတော်မူပါ ဟု တောင်းပန်၏။

မြတ်စွာဘုရားသည် နမ္ပဒါမြစ်၏ ကမ်းထိပ်၌ ပါဒစေတီကိုပြတော်မူ၏။ ထိုပါဒစေတီတော်သည် လှိုင်းတန်ပိုးတို့ လာကုန်သည် ရှိသော် ဖုံးကွယ် လေ၏။ ထိုလှိုင်းတန်ပိုးတို့ကို ဖွင့်၍ ကြီးစွာသော ပူဇော်ခြင်းသို့ ရောက် သည် ဖြစ်၏။ မြတ်စွာဘုရားသည် ထိုနမ္ပဒါမြစ်မှ ထွက်ခဲ့၍ သစ္စဗန္ဓ တောင်ထိပ်သိြု့<ွကတော်မူ၍ သစ္စဗန္ဓ ရသေ့ကို သစ္စဗန္ဓ သင်သည် လူများ အပေါင်းကို အပါယ်ခရီးသို့ချ၏။ သင်သည် ဤအရပ်၌ နေ၍ ထိုလူတို့၏ အယူကို စွန့်စေ၍ နိဗ္ဗာန်ခရီး ကို တည်စေလော့ဟု မိန့်တော်မူ၏။

ထိုသစ္စဗန္ဓရသေ့သည်လည်း ကိုးကွယ် ဆည်းကပ်ရာ ပေးတော်မူပါဟု တောင်းပန်ပြန်၏။ မြတ်စွာဘုရားသည်လည်း တခဲနက်သော ကျောက်ဖြာ၌ စိုသော မြေစိုင်ခဲ၌ ရေးသကဲ့သို့ ပါဒစေတီတော်ကို ပြတော် မူ၏။

ဤသို့လျှင် ငါတို့ ဇမ္ဗူဒီပါ ကျွန်း နမ္ပဒါမြစ်နား၌ပြတော်မူသော ပါဒစေတီတော် သစ္စဗန္ဓတောင်ထိပ်၌ ပြတော်မူသော ပါဒစေတီတော် နှစ်ဆူ တို့ကို စက်ဦး မည်သည့်အရပ်သို့ လှည့်၍ ချတော်မူသည်ဟုမလာ။ သီဟိုဠ်ကျွန်း သမန္တ ကူဋတောင်ထိပ်၌ ပြတော်မူသော ပါဒစေတီ၌ အရပ်ဝိသေသ စက်ဦး လှည့်ကြောင်းကိုမလာ။ ဤသို့ မလာသော်လည်း ငါတို့ ဇမ္ဗူဒီပါကျွန်း နမ္ပဒါမြစ်နား၌ ပါဒစေတီတော် သစ္စဗန္ဓတောင်ထိပ်၌ ပါဒစေတီတော်နှစ်ဆူတို့သည် အရှေ့သို့ စက်ဦးလှည့်၍ အထင်အရှား ရှိသည်။ သီဟိုဠ်ကျွန်း သမန္တ ကုဋတောင်ထိပ်၌ ပါဒစေတီတော်၏ အမြွက်ကို စာစောင်ငယ်တွင် တောင် နှာမောင်းပေါ်၌ စိမ်းညိုသော ကျောက် ဖြာကြီးထက်တွင် အနောက်သို့ စက်ဦးလှည့်၍ လက်ဝဲ စက်တော်ရာ ရှိသည်ဟု သီဟိုဠ်ရောက် စာများတွင် လာသည်။

၎င်းပုစ္ဆာ၏ ဝိသဇ္ဇနာကားပြီး၏။

၁း၂း၂၈။ ။ နေမီး လ ကြယ်၊ ရောင်ခြည် သွယ်၊ ဘယ် သည့် ရုပ်ဟု ဆိုမည်နည်း ၏ အဖြေကား-
စန္ဒမဏ္ဍလဿ ဝဏ္ဏနိဘာ၊ သူရိယမဏ္ဍလဿ ဝဏ္ဏနိဘာ၊ တာရကရူပါနံ ဝဏ္ဏနိဘာ၊ အာဒါသ မဏ္ဍလဿ ဝဏ္ဏနိဘာ၊ မဏိသင်္ခ မုတ္တဝေဠုရိယဿ ဝဏ္ဏနိ(ဂိ၊ ဝမ်းစ) ဘာ မိန့်ပြီ။

လဝန်း၏ အရောင် နေဝန်း၏ အရောင် နက္ခတ်တို့၏ အရောင် ကြေးမုံဝန်း၏ အရောင် ခရုသင်း ပုလဲ ကျောက်မျက်ရွဲတို့၏ အရောင်တို့သည် ရူပါယတနချည်းဖြစ်သည်ဟု ဟောတော်မူသောကြောင့် မီးရောင်တိုက်ရိုက် မပါသော်လည်း သွင်းသဖြင့် ရူပါယတန ရူပဓာတ်ပင်ဟု ဆိုအပ်သည်။ သစ္စာသံခိပ်၌လည်း- ကမ္မစိတ္တနလန္ဓေဟိ ပိဏ္ဍာ နဝ စ သတ္တ စ။

စတ္တာရော ဒွေစ ဝိညေယျာ သဇိဝေ ဒွေ အဇီဝကေဟု မိန့်အပ်၏။

အနက်ကား ကမ္မစိတ္တနလန္ဓေ ဟိကံစိတ် ဥတု အာဟာရတို့ကြောင့် ဇာတာ ဖြစ်ကုန်၏။ ပိဏ္ဍာ ကလာပ်တို့ကို နဝစ ကိုးစင်းတို့ကို လည်းကောင်း။ သတ္တစ ခုနစ်စင်း တို့ကိုလည်းကောင်း။ စတ္တာရောစ လေးစင်းတို့ကိုလည်းကောင်း။ ဒွေစ  နှစ်စင်းတို့ကိုလည်းကောင်း။ သဇီဝေ အသက် ရှိရာ၌ ဝိညေယျာ သိအပ် ကုန်၏။ အ ဇီဝကေ အသက်မရှိရာ ၌ ဒွေနှစ်စင်းတို့ကို ဝိညေယျာ သိအပ်ကုန်၏။

ကလာပ်ဟူသည်ကား တစ်ချက်တည်းသော ရုပ်တို့၏ အပေါင်းအစည်းတည်း။ အသက်ရှိသော သတ္တဝါတို့၏ သန္တာန်၌ကား ကမ္မဇ ကလာပ် ကိုးစည်း၊ စိတ္တဇကလာပ် ခုနစ်စည်း၊ ဥတုဇကလာပ် လေးစည်း၊ အာဟာရဇကလာပ် နှစ်စည်းအားဖြင့် နှစ်ဆယ့်နှစ်စည်းသော ကလာပ်တို့ကို ရကုန်၏။ အသက်မရှိသော တောတောင် ရေမြေမီး အစရှိသည်တို့၌ကား ဥတုဇ ကလာပ်နှစ်စည်းကိုသာ ရ၏။

ထို့ကြောင့် နေရောင် မီးရောင် လရောင် ကြယ်ရောင်တို့သည် သုဒ္ဓဋ္ဌ ဥတုဇရုပ်ကလာပ်ဟုမှတ်ရ မည်။

၎င်းပုစ္ဆာ၏ ဝိသဇ္ဇနာကားပြီး၏။
ဆက်လက်ဖော်ပြပါမည်။

ဦးနန်းလှိုင်(ပုရိသ)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.