1051_Cov.jpg
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အကြမ်းဖက်မှုနောက်ပိုင်း မောင်တောနယ်စပ်မှ ကုန်သွယ်မှု ဆောင်ရွက်နေသည့် ကုမ္ပဏီ ဆယ်ခုလျော့ကျသွား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1051
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
စာပေနှင့် အနုပညာ
ပင်လယ်နှစ်သွယ်

၁၉ဝ၅ ခုနှစ်က လန်ဒန်မှာ စတင်ထုတ်ဝေခဲ့ပြီး ၁၉ဝ၆ ခုနှစ်မှာ ဒုတိယအကြိမ် ထပ်မံထုတ်ဝေခဲ့တဲ့ Mrs.M.Chan-Toon ရဲ့ A Marriage In Burmah စာအုပ်ကို ဆရာတင့်ဇော်က ဘာသာပြန်ဆိုထားတာဖြစ်ပါတယ်။ နှစ်ပေါင်း ၁ဝဝ ကျော်မှ မြန်မာဘာသာနဲ့ ဒီကနေ့အချိန်မှာ စတင် ထုတ်ဝေလိုက်တာ ဖြစ်ပါတယ်။

ဥရောပတိုက်သူတစ်ဦးနဲ့ မြန်မာတိုင်းရင်းသားရခိုင်လူမျိုး မောင်ကျော်တို့ရဲ့ အိမ်ထောင်ရေးဘဝခရီးကြမ်းအကြောင်း ဖြစ်ပါတယ်။ ခြားနားတဲ့ ပတ်ဝန်းကျင်မှာ မွေးဖွားလာကြပြီး ယဉ်ကျေးမှုမတူ၊ အတွေးအခေါ် မတူတာကြောင့် အဆင်မပြေတဲ့ အိမ်ထောင်ရေးခရီးလမ်းမှာ ကြေကွဲရင်နင့် စိတ်ပြိုလဲစရာတွေနဲ့ ရင်ဆိုင်ခဲ့ရ ပုံအကြာင်းကို မောင်ကျော်ရဲ့ဇနီး ဥရောပသူလေးက ပြန်လည်ရင်ဖွင့် ပြောပြနေပုံမျိုး ရေးသားတင်ပြထား တာပါ။

အင်္ဂလိပ် လက်အောက်ကာလ ရန်ကုန်ရဲ့အထက်တန်းလွှာလို့ဆိုသူ လူမှုအသိုင်းအဝိုင်း မြင်ကွင်းတွေ၊ သူတို့ရဲ့ တွေးခေါ်ယူဆပုံတွေ၊ ကြွားချင်ဝါချင်၊ လူအထင်ကြီးခံချင်စိတ်နဲ့ လှုပ်ရှားရှင်သန်နေတဲ့လူမှု အသိုင်း အဝိုင်းတွေကို နောက်ခံပြုရင်း လင်ယောက်ျားဖြစ်သူနဲ့အတူ ရန်ကုန်က အထက်တန်းလွှာ လူမှုအသိုင်းအဝိုင်းနဲ့ပါ အဆင်မပြေဖြစ်ရရှာသူ ဥရောပသူလေးရဲ့ ခံစားမှု၊ တစ်နည်းအားဖြင့် လင့်မျက်နှာ တစ်ရွာထင်ပြီး လန်ဒန်ကနေ ရန်ကုန်ထိလိုက်လာသူ အမျိုးသမီး တစ်ယောက်ရဲ့ ခံစားမှုဒိုင်ယာရီလို့ ဆိုနိုင်ပါတယ်။

ပေးမှကမ်းမှ၊ ကျွေးမှမွေးမှ လူရာဝင်တယ်လို့ထင်သူအသိုင်းအဝိုင်း၊ အထက်အရာရှိကို လာဘ်ပေးနိုင်မှ၊ အထက်အရာရှိ အသိုင်းအဝိုင်းနဲ့တည့်အောင်၊ လူဝင်ဆံ့အောင် နေနိုင်မှ ဆိုတဲ့အတွေးတွေနဲ့ အဆံမရှိဘဲ ဟန်လုပ်တာတွေကြောင့် အကြွေးပတ်လည်ဝိုင်းနေတဲ့ မောင်ကျော်ရဲ့ ဘဝထဲမှာ အစားအသောက်၊ အနေအထိုင်၊ အပြောအဆိုကအစ သိမ်ငယ်နေသူ၊ ခင်ပွန်းသည်ရဲ့ ချစ်ခင်ကြင်နာ နားလည်မှုကိုပါ ဆုံးရှုံးရပြီး စိတ်သောကဖီစီးနေရရှာသူ ဥရောပ သူလေးအကြောင်းကို ထို ခေတ်ကာလ ရန်ကုန် အထက်တန်းလွှာ ယဉ်ကျေးမှုနဲ့အတူ ဖတ်ရှုရမှာပါ။

ယဉ်ကျေးမှုချင်း၊ အမြင်ချင်းမတူတာ မဆန်းပေမယ့် အမြင်မှား အတွေးမှားတွေကို မပြင်နိုင်သူ ယောက်ျားတစ်ယောက်ကြောင့် ဘဝကြေကွဲခဲ့ရတဲ့ မိန်းမတစ်ယောက် အကြောင်းလို့ ဆိုနိုင်ပါတယ်။

မူရင်းစာရေးသူ Mrs.M.ChanTon ကတော့ 'အရှေ့တိုင်းနှင့် အနောက်တိုင်းအကြားတွင်ရှိသည့် ယဉ်ကျေးမှု၊ အတွေးအခေါ်၊ အယူအဆ ကွာဟချက်ကြီးက မည်မျှကြီးမားသည်ဖြစ်ကြောင်း ရေးရေးမျှ ဖော်ပြလိုက်ခြင်းသာဖြစ်ပါသည်။ အကျင့်စာရိတ္တ၊ ကိုယ်ကျင့်တရား ဆိုသည်များနှင့် ပတ်သက်သည့် ရှုထောင့်ကို ကျွန်မအနေဖြင့် မည်သို့မျှ မပြောလိုပါ။ မည်သည့်ဘက်မျှလိုက်ပါပြီး အသေးစိတ် ရှင်းလင်းခြင်းမျိုးဖြင့် ဖမ်းယူဆုပ်ကိုင်ထားမည် မဟုတ်ပါ။ တကယ်အမှန် ဖြစ်ပျက်ခဲ့သည့် ဖြစ်ရပ်များကို မှတ်တမ်းတင် ဖော်ပြခြင်းမျှသာ ဖြစ်ပါသည်'လို့ ဝတ္ထုနိဒါန်းမှာ ရေးသားထားပါတယ်။

ဆုရောင်စဉ်စာအုပ်တိုက်ကနေ တန်ဖိုး ၄ဝဝဝကျပ်နဲ့ ဖြန့်ချိလိုက်ပါပြီ။

တင့်ဇော်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.