1051_Cov.jpg
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အကြမ်းဖက်မှုနောက်ပိုင်း မောင်တောနယ်စပ်မှ ကုန်သွယ်မှု ဆောင်ရွက်နေသည့် ကုမ္ပဏီ ဆယ်ခုလျော့ကျသွား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1051
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
စာပေနှင့် အနုပညာ
ထူးခြားထင်ပေါ် ပထမကျော်များ

''ပုထုဇဉ်ဆိုတာ အတော်ခက်တယ်။ အဆင့်မြင့်စာမေးပွဲ အောင်လာရင်၊ ရာထူးဂုဏ်အဆင့်အတန်း မြင့်တက်လာရင်၊ နဂိုထက် ဗြုန်းစားကြီး စီးပွားတက်လာရင် အောက်ခြေ လွတ်တတ်တယ်။ ငါလိုလူ ဇမ္ဗူရှိသေးလားလို့ ထင်တတ်တယ်။ မိုးအောက်လျှော့၍ မကြည့်ချင်တဲ့မာနမျိုး တဖြည်းဖြည်း ဝင်လာတတ်တယ်။ ဒါကြောင့် ကြိုးစားခြင်းရဲ့နောက်မှာ ရိုးသားပြီး စိတ်ကြီးမဝင်၊ ဘဝင်မမြင့်၊ မာနမကြီးဖို့ လိုတယ်''

မစိုးရိမ်ဆရာတော် ဦးသူရိယာ ဘိဝံသဆောင်းပါးထဲက ကောက် နုတ်ချက်ဖြစ်ပြီး ဆရာတော်ဦးသူရိ ယာဘိဝံသ မိန့်ကြားခဲ့တဲ့ သြဝါဒဖြစ်ပါတယ်။ သီပေါမင်းနန်းတက်ပြီး တစ်နှစ်ကျော်အကြာမှာ မွေးဖွားခဲ့တဲ့ ဆရာတော်ရဲ့ငယ်ဘဝ အတ္ထုပ္ပတ္တိ အကျဉ်းနဲ့အတူ ဆရာတော်ရဲ့ သာမဏေဘဝ၊ ရဟန်းဘဝ ပညာသင်ကြား ထူးချွန်ခဲ့ပုံတွေ၊ ကျောင်းထိုင် ဆရာတော်ဘဝ၊ စာသင်စာချဆရာ တော် ဘဝနဲ့ ပရိယတ်ပရိပတ်အကျိုး သယ်ပိုးထမ်းရွက်ခဲ့ပုံတွေ၊ ဘာသာသာသနာအတွက် ဆောင်ရွက်ချက်တွေ၊ မှတ်သားကျင့်ကြံဖွယ်ရာ ဆရာတော်ရဲ့ သြဝါဒတွေကို ပြုစုရေးသား တင်ပြထားတာပါ။

ဆရာတော် ဦးသူရိယဟာ လှူဒါန်းလို့ရတဲ့ လာဘ်လာဘကိုလည်း ကိုယ်တိုင်သိမ်းဆည်းခြင်းမရှိဘဲ တပည့်တစ်ဦးနဲ့သာ လွှဲအပ်ထားလေ့ရှိပြီး ဘယ်သူလှူတာလဲ၊ ဘယ်တုန်းကလဲ၊ ဘယ်ရွေ့၊ ဘယ်မျှရှိလဲ၊ ဘာရှိသေးရဲ့လား ... ဆိုတာကို မေးရိုး ထုံးစံမရှိဘူးလို့ ဆိုပါတယ်။ ရသမျှဝတ္ထု၊ ပစ္စည်းတွေကိုလည်း စာသင်တိုက် တစ်တိုက်လုံးမှာရှိတဲ့ သံဃာတွေကို မဲချခွဲဝေပြီး ပြန်လည်လှူဒါန်း လေ့ရှိတာကြောင့် လာဘ်လာဘ ဝတ္ထုပစ္စည်းနဲ့ပတ်သက်ရင် ကပ်ငြိတွယ်တာစိတ် ကင်းမဲ့သူဖြစ်ကြောင်း ရဟန်းငယ်ဘဝက အပြုအမူတွေကစလို့ တင်ပြထားတာကို ကြည်ညိုဖွယ် ရာဖတ်ရှုရမှာပါ။ သက်တော်ငါးဆယ် အရွယ်လောက်က သီဟိုဠ်နဲ့ အိန္ဒိယကနေ ဘုရားဖူးပြန်အလာမှာ အင်္ဂလိပ်စာမတတ်လို့ ဒုက္ခရောက်ခဲ့ပုံကို သတိမူမိပြီး မြန်မာပြည် ပြန်ရောက်တဲ့အခါ အင်္ဂလိပ်စာကို ကျွမ်းကျင်အောင်သင်ယူတတ်မြောက် ခဲ့ပုံအကြောင်းဖတ်ရတော့ အဲဒီအချိန်၊ အဲဒီခေတ်ကာလကတည်းက ဆရာတော်ရဲ့ ပညာနဲ့ပတ်သက်ပြီး အမြော် အမြင်ကြီးမားပုံကို မြင်နိုင်ပါတယ်။  ဝန်ကြီးချုပ်ဦးနုလက်ထက် ဆဋ္ဌသင်္ဂါ ယနာတင်ပွဲ ပြုလုပ်တဲ့အခါ ဆရာတော် ဥက္ကဋ္ဌနေရာကို တင်မြှောက်ခံရပုံတွေ၊ ဆရာတော်ရဲ့ ပညာဥာဏ်ကြီးမားပုံတွေ၊ ပညာရှိသူကို ဂုဏ်ပြုချီးကျူးတတ်ပုံတွေကိုလည်း တင်ပြ ထားပါတယ်။

ဒီဆောင်းပါးမှာ မစိုးရိမ်ဆရာ တော်ဦးသူရိယရဲ့ ဘဝ၊ ပညာဂုဏ်၊ သိက္ခာသမာဓိဂုဏ်ကိုသာ ကြည်ညို အားကျဖွယ်ရာ ဖော်ပြထားရုံမက မစိုးရိမ်ကျောင်းတိုက်ကြီး ဘယ်လို စတင်ဖြစ်ပေါ်လာသလဲ၊ မစိုးရိမ် ကျောင်းတိုက်လို့ ဘာကြောင့် အမည်ပေးခဲ့သလဲဆိုတာတွေနဲ့အတူ မစိုးရိမ်ကျောင်းဒကာ ဦးသက်ရှည်ရဲ့ ဘဝဖြတ်သန်းမှုကိုပါ အားကျအတုယူဖွယ် တင်ပြထားတာကို တွေ့ရမှာပါ။ ဆရာတော်ဦးသူရိယ သတင်းသုံးခဲ့ရာ နှစ်ဌာနဖြစ်တဲ့ မစိုးရိမ်တိုက်ဟောင်းနဲ့ မစိုးရိမ်တိုက်သစ်တို့ရဲ့ သမိုင်းကြောင်းအစကို တင်ပြထားတဲ့ ဆောင်းပါးလို့လည်း ဆိုနိုင်ပါတယ်။

ပထမကျော် လယ်တီဦးကောဝိဒ ဆောင်းပါးကတော့ ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး ပြုစုမွေး ထုတ်ပေးခဲ့တဲ့ ထူးချွန်ထင်ရှားတပည့်များထဲမှာ တစ်ဦးအဖြစ် ပါဝင်သူ လယ်တီဦးကောဝိဒ(သို့မဟုတ်) ပုပ္ပါးဦးကျော်ရင်ရဲ့ ဘဝထုပ္ပတ်အကြောင်း တင်ပြထားတာဖြစ်ပါတယ်။

ဆရာတော်ဦးကောဝိဒဟာ တစ်နိုင်ငံလုံးရှိ ရဟန်းသံဃာတွေထဲက တစ်နှစ်မှာတစ်ပါးသာ ချီးမြှင့်လေ့ရှိတဲ့ ပထမကျော်ဘွဲ့ကိုရရှိခဲ့ပြီး ပရိယတ်ပဋိပတ်စာပေတွေကို ကျွမ်းကျင် တတ်မြောက်ခဲ့ရုံမက သက္ကတ၊ ဟိန္ဒူ၊သီဟိုဠ်၊ ယိုးဒယားဘာသာတွေကိုလည်း သင်ယူတတ်မြောက်ခဲ့တဲ့အပြင် အင်္ဂလိပ်စာကိုလည်း ပြောနိုင်၊ ရေးနိုင်တဲ့အထိ တတ်မြောက်ခဲ့ပုံတွေ အကြောင်း တင်ပြထားတာဟာ ယနေ့ခေတ် ပညာသင်ယူနေကြတဲ့ လူငယ်တွေအတုယူစရာပါ။

ဦးကောဝိဒဟာ လယ်တီပဏ္ဍိတဦးမောင်ကြီး ဦးစီးထုတ်ဝေတဲ့ ဒဂုန်မဂ္ဂဇင်းမှာ ပုပ္ပါးဦးကျော်ရင်ကလောင် အမည်အပြင် သလ္လာဝတီတင့်အုံ၊ မန္တလေးမောင်မြသန်းစတဲ့ အခြား ကလောင်ခွဲတွေနဲ့ စာတွေရေးခဲ့သလို အနယ်အနယ်အရပ်ရပ်က လှမ်းမေးကြတဲ့ လောကအရေး၊ ဓမ္မအရေး အမေးပုစ္ဆာ အရပ်ရပ်ကိုလည်း ဖြေကြားခဲ့တယ်လို့ဆိုပါတယ်။ ၁၉၃၉ မှာတော့ ဦးကောဝိဒဟာ ဒဂုန်မဂ္ဂဇင်းမှာ ကိုယ်တိုင် အယ်ဒီတာချုပ်အဖြစ် ဆောင်ရွက်ပြီး စာပေပေါင်းများစွာ၊ ကျမ်းပေါင်းများစွာ ရေးသားပြုစုခဲ့ပါသတဲ့။ ဒုတိယ ကမ္ဘာစစ်ကာလအတွင်း သူ့တပည့်တွေကို ဆရာတော် ဦးကောဝိဒက 'ခေတ်ကြီးက ပျက်စီးနေတော့ လူတွေရဲ့စိတ်ဓာတ်တွေလည်း ပျက်စီးကုန်တယ်။ ပျက်စီးနေတဲ့ စိတ်ဓာတ်တွေ ပြန်ကောင်းလာဖို့ အတွက် စာဖတ်ရမယ်။ လောကီ စာအုပ်တွေ ဖြစ်ဖြစ်၊ လောကုတ္တရာ စာအုပ်တွေကိုပဲဖြစ်ဖြစ် စိတ်ရဲ့ တည်ငြိမ်မှုရှိအောင် ကြည့်ရှုနေရ မယ်။ ခန္ဓာကိုယ်ကို အလကားမထားရဘူး။ အလကားထားရင် ကန်းတတ်တယ်' လို့ မိန့်ဆိုခဲ့ပုံကလည်း မှတ်သားစရာ ကောင်းလှပါတယ်။

၁၉၄၆ ခုနှစ်မှာ လူဝတ်လဲခဲ့ပြီး အိမ်ထောင်ပြုခဲ့တဲ့ ဦးကောဝိဒ(သို့ မဟုတ်) ဦးကျော်ရင်ဟာ အသက် ၃၈ နှစ်အရွယ်မှာတော့ ဓားပြတွေရဲ့ သေနတ်နဲ့ ပစ်ခြင်းခံရပြီး သေဆုံးခဲ့ရပါသတဲ့။ ဦးကျော်ရင် နောက်ဆုံးပြော သွားတဲ့စကားကတော့ ''ငါသေရမှာ မကြောက်ဘူး။ ငါတတ်ထားတဲ့ ပညာတွေကို အသုံးချမသွားရမှာကိုသာ နှမြောတယ်''လို့ဖြစ်ပါသတဲ့။ ဦးကောဝိဒဟာ မီးထဲပါသွားတဲ့ ကျမ်း၊ မထုတ်ဝေလိုက်ရတဲ့ ကျမ်းတွေအပါအဝင် ကျမ်းပေါင်း ၅ဝ ကျော် ရေးသားပြုစုခဲ့တယ်လို့ ဆိုပါတယ်။

ဒီစာအုပ်မှာ ပထမကျော် ကျော်အောင်စံထားဆရာတော်၊ ပထမကျော် လယ်တီဦးဝါယမ၊ ကမ္ဘာ့ သာသနာပြု အရှင်သေဋ္ဌိလ၊ အရှင်အာဒိစ္စဝံသ၊ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၊ မင်းကွန်းတိပိဋကဓရ ဆရာတော်၊ အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)၊ မကွေးမြို့ ခေမာ သီရိစာသင်တိုက်မှ ပထမကျော် မသီရိစန္ဒာစတဲ့ ပထမကျော်ရဟန်း၊ ပထမကျော် သီလရှင် (၄၁)ပါးရဲ့ အကြောင်းတွေ ပါဝင်ပါတယ်။

လင်းလွန်းခင်စာပေကနေ တန် ဖိုး ၃၅ဝဝ ကျပ်နဲ့ ဖြန့်ချိလိုက်ပါပြီ။

ဦးစန္ဒိမာ(စလင်း)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.