1051_Cov.jpg
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အကြမ်းဖက်မှုနောက်ပိုင်း မောင်တောနယ်စပ်မှ ကုန်သွယ်မှု ဆောင်ရွက်နေသည့် ကုမ္ပဏီ ဆယ်ခုလျော့ကျသွား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1051
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
စာပေနှင့် အနုပညာ
Weekly Book Review

ဒီခေတ်မျိုးဆက်ရဲ့ပန်းတိုင် အက်ဆေးများ၊ သုံးသပ်ချက်များ၊ နိုင်ငံတကာများ

လူထုစိန်ဝင်း

ပေါ့ပ်ရဲ့ အဓိကလက္ခဏာဟာ အချိန်ကာလရဲ့ အနှစ်သာရကိုအရ အမိဖမ်းဆုပ်ဖို့ ဖြစ်တယ်။ အချိန်ကာလဟာ အမြဲတမ်းပြောင်းလဲနေသလို ပေါ့ပ်ယဉ်ကျေးမှုကလည်း အမြဲပြောင်းလဲနေရမယ်။ ပေါ့ပ်ယဉ်ကျေးမှုဟာ ကောက်ချက်မဆွဲဘူး။ ဝေဖန်ချက်မပေးဘူး။ အဖြေထုတ်မပြဘူး။ အတိတ်ကိုဝန်မခံသလို အနာဂတ်ကိုလည်း တာဝန်မခံဘူး။

ပေါ့ပ်ယဉ်ကျေးမှုဆိုတာဘာလဲ စာစုထဲက ကောက်နုတ်ချက်ဖြစ်ပါတယ်။ ၁၉၅ဝ နှစ်ဦးပိုင်းကာလမှာ စတင်ပေါ်ပေါက်ခဲ့တဲ့ ပေါ့ပ်ယဉ်ကျေးမှု၊ ပေါ့ပ်ဂီတအကြောင်း တင်ပြထားတာပါ။ ပေါ့ပ်ဆိုတဲ့စကား လုံးဘယ်လိုဖြစ်တည်လာသလဲ၊ ပေါ့ပ်ယဉ်ကျေးမှု၊ ပေါ့ပ်ဂီတဟာ ဘယ်လိုခေတ်အခြေအနေမျိုးက ဘယ်လို လူ တန်းစားတွေကနေ မြစ်ဖျားခံလာသလဲဆိုတာကို တင်ပြရင်း ပေါ့ပ်ယဉ်ကျေးမှုရဲ့ အားသာချက်၊ အားနည်းချက်တွေကို သုံးသပ်ဝေဖန် ထားတာဖြစ်ပါတယ်။

ဒုတိယကမ္ဘာစစ်ကြီးပြီးစမှာ ပေါ်ထွန်းလာတဲ့ပေါ့ပ်ဟာ စည်းတွေဘောင်တွေ တင်းကျပ်တဲ့ လူ့အဖွဲ့အစည်းရဲ့ လူတန်းစားခွဲခြားမှုကို ဆန့်ကျင်တိုက်ဖျက်ရာကနေပြီး တည်ရှိနေတဲ့ အစဉ်အလာယဉ်ကျေးမှုကိုပါ ဆန့်ကျင်လာတဲ့အပြင် သမိုင်းဆိုတာ အမှိုက်ပုံကြီးပဲလို့ ကြွေးကြော်ခဲ့လေတော့ အသက် ၁၄ နှစ်နဲ့ ၂ဝ ကြား လူငယ်လေးတွေရဲ့ သည်းခြေကြိုက် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ပေါ့ပ်ရဲ့ အားနည်းချက်တစ်ခုကတော့ ရိုးရာယဉ်ကျေးမှု အမွေအနှစ်တွေကို ငြင်းပယ်ကန့်ကွက်ပြီး တီထွင်ဆန်းသစ်မှုကိုသာ အဓိကထားလွန်းတာလို့ ဆိုပါတယ်။ ဒါ့အပြင် ပေါ့ပ်ပါရမီရှင်တွေဟာ သူတို့ရဲ့ အနုပညာဗီဇ၊ သူတို့ရဲ့ ဖန်တီးတီထွင်မှုပါရမီကိုသာ လုံးဝအားထားကြပေမယ့် အခြေခံပညာ မပြည့်စုံသေးတဲ့ အရွယ်တွေဖြစ်နေကြလေတော့ ရှေ့ကို တိုးသွားရင်း တိုးသွားရင်းနဲ့ အုတ်တံတိုင်းကြီးကို တွေ့လိုက်တဲ့အခါ ကျော်တက်ဖို့ လှေကားပါမလာတဲ့ အဖြစ်မျိုးလည်း ဖြစ်ခဲ့ကြ တယ်လို့ ဆိုပါတယ်။ ဥပမာအနေနဲ့ ပေါ့ပ်ယဉ်ကျေးမှုရဲ့ အမြင့်ဆုံးသရဖူကို ဆောင်းနိုင်ခဲ့သူ ဂျွန်လင်နွန်နဲ့ သူ့လိုတခြားပါရမီရှင်တွေဖြစ်တဲ့ မစ်ဂျက်ဂါး၊ မာရီယန်း၊ ဂျော့ဟယ်ရီဆင်၊ ရင်ဂိုစတားတို့ဟာ ပေါ့ပ်ယဉ်ကျေးမှုက တစ်ဆင့်တက်ဖို့ ကြိုးစားရင်းနဲ့တံတိုင်းကြီးကို မကျော်နိုင်တော့ဘဲ လိင်နဲ့မူးယစ်ဆေးကြားမှာ ဝမ်းနည်းစရာ ကောင်းလောက်အောင် ကျဆုံးသွားခဲ့ရတယ်လို့ ဆိုပါတယ်။

ရော့ခ်ဂီတနဲ့ စီးပွားရေး စာစုကတော့ ပေါ့ပ်ဂီတ၊ ရော့ခ်ဂီတ လူငယ်တွေကြားထဲ ဘာကြောင့်ပျံ့နှံ့လာရ သလဲ၊ ဘာကြောင့်လူငယ်တွေ နှစ်သက်စွဲလမ်းခဲ့ရသလဲဆိုတဲ့ အကြောင်းကို သုံးသပ်တင်ပြရင်း အောင်မြင်လာတဲ့ ဂီတသမား လူငယ်တွေဟာ သူတို့ဆီကို ငွေလုံးငွေရင်းနဲ့ ဝင်ရောက်လာတဲ့ စီးပွားရေးသမားတွေရဲ့ လက်အောက်ကျရောက်ခဲ့ပုံအကြောင်း တင်ပြထားတာပါ။ စီးပွားရေးသမားတွေရဲ့ ကြိုးကိုင်ခြယ်လှယ် မှုတွေအောက်မှာ တဖြည်းဖြည်းနဲ့ ရော့ခ်ဂီတဟာ ခံစားမှုအနုပညာ အဆင့်ကနေ လူထုဖျော်ဖြေရေးအဆင့်ကို လျော့ကျသွားပုံ၊ အောင်မြင်ကျော်ကြားပြီး စည်းစိမ်ဥစ္စာ ခြွေရံသင်းပင်းတွေ ပေါများကြပေမယ့် သူတို့ရင်ထဲ ကိန်းအောင်းနေတဲ့ အနုပညာစိတ်က မကြည်နူးနိုင်တဲ့အခါ တဒင်္ဂ စိတ်ပျော်ရာရှာတဲ့အနေနဲ့ သုံးစွဲကြရင်း မူယစ်ဆေးနွံထဲ နစ်ကုန်ကြပုံ စတဲ့ အနုပညာဂီတသမား လူငယ် တွေရဲ့ အဖြစ်ဆိုးကို တင်ပြထားပါ။

မွန်ရိုးတို့၊ ပရက်စလေတို့၊ ဂျွန်လင်နွန်တို့ ငယ်ငယ်ရွယ်ရွယ်နဲ့ သေခဲ့ကြရတဲ့ လက်သည်တရားခံအစစ်ဟာ ငွေသာလျှင်အဓိက၊ ငွေရရင်ဘာလုပ်ရလုပ်ရဆိုတဲ့ စနစ်ဆိုးကြီးကြောင့်ဖြစ်တယ်လို့ ကောက်ချက် ဆွဲတင်ပြထားပါတယ်။ ပညာမပြည့်စုံသေးတဲ့ ခပ်ငယ်ငယ်အရွယ်မှာ အောင်မြင်မှုအထွတ်အထိပ် ရောက်ခဲ့ကြသူ ဂီတအနုပညာသမား လူငယ်တွေကို မိုးမမြင်လေမမြင်ဖြစ်အောင် အနုပညာလုပ်ငန်းကို စီးပွားရေး လုပ်ငန်းအဖြစ် ပြောင်းပစ်ခဲ့သူ စီးပွားရေးသမားတွေက ဘယ်လိုထောင်ချောက်ဆင်ခဲ့ကြသလဲဆိုတာကို ဖတ်ရမှာ ဖြစ်ပါတယ်။

မျိုးဆက်သစ် ကိုရီးယားလူငယ်တွေရဲ့ အမြင်သစ်၊ အတွေးသစ်စာစုကတော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၅ဝကျော် က အမေရိကန်စစ်ဗိုလ်ချုပ်ကြီး မက်အာသာဟာ ကုလသမဂ္ဂဆိုင်းဘုတ် တပ်ဆင်ထားတဲ့ အမေရိကန်စစ်သား ခုနစ်သောင်းကို ခေါင်းဆောင်ပြီး တောင်ကိုရီးယားနိုင်ငံ၊ အင်ခြုံဆိပ်ကမ်းမြို့ကလေးထဲ ဝင်ရောက်လာပုံ၊ အဲဒီကတစ်ဆင့် တောင်ကိုရီးယားနယ်နိမိတ်ထဲ ဝင်ရောက်လာတဲ့ မြောက်ကိုရီးယားတပ်တွေကို တိုက် ခိုက်နှင်ထုတ်ခဲ့ပုံ၊ စစ်ကြီးပြီးသွားတော့ အင်ခြုံမြို့မှာ မက်အာသာရဲ့ ဧရာမရုပ်တုကြီး စိုက်ထူခဲ့တဲ့အပြင် တောင်၊မြောက်စစ်ပြီးခေတ် သမိုင်းစာအုပ်တွေထဲမှာ မက်အာသာကို ကယ်တင်ရှင်ကြီးအဖြစ် ရေးသား ဂုဏ်ပြုခဲ့ပုံတွေအကြောင်း  ပြန်ပြောင်းပြောပြရင်း ဒီကနေ့ခေတ် ကိုရီးယားလူငယ်တွေကတော့ အဲဒီတုန်းက မက်အာသာအင်ခြုံကို ဝင်ရောက်လာတဲ့နေ့ဟာ ကြေကွဲဖွယ်နေ့ကြီး တစ်နေ့အဖြစ် ခံယူလာပုံအကြောင်း တင်ပြထားတာဖြစ်ပါတယ်။

ဒီကနေ့ ကိုရီးယားလူငယ်တွေဟာ မက်အာသာကို ကယ်တင်ရှင်မဟုတ်။ အမေရိကန်တို့ရဲ့စစ်ပွဲကြီးကို ကိုရီးယားလူမျိုးများ အသက်နဲ့စတေးပြီး တိုက်ခိုက်ပေးတဲ့ သွေးဆာနေသူတစ်ဦး။ ကိုရီးယားနိုင်ငံကို နှစ်ပိုင်း ခွဲပစ်တဲ့သူ၊ ဒီလိုကွဲပြားနေမှုကြီးကို ထာဝရဖြစ်အောင် ဆောင်ရွက်ခဲ့သူလို့ မြင်ပါသတဲ့။ ဒီမိုကရေစီခေတ် ကိုရီယားလူငယ်တွေဟာ ကိုရီးယားစစ်ပွဲကြီးနဲ့ ကိုရီးယားနှစ်ပိုင်းကွဲသွားမှုဟာ ဆိုဗီယက်နဲ့ အမေရိကန်တို့ရဲ့ စစ်အေးတိုက်ပွဲနယ်ပယ်လုမှုကြီးရလဒ်လို့ သုံးသပ်ကြပါသတဲ့။ အမေရိကန် လူမျိုးပါမောက္ခ မြကခန ဃကာငညျါ ကလည်း သူရေးတဲ့စာအုပ်တစ်အုပ်ထဲမှာ ဆိုဗီယက်နဲ့ အမေရိကန်ဟာ ကင်အီဆွန်းကို စစ်ပွဲစတိုက်အောင် ဆွပေးခဲ့ကြတယ်လို့ ရေးသားခဲ့ပါသတဲ့။ သမိုင်းပညာရှင်သစ်တွေကလည်း မြောက်ကိုရီးယားကို အနုမြူဗုံးကြဲပြီး တိုက်ခိုက်ဖို့အထိကြံရွယ်တဲ့ မက်အာသာရဲ့လုပ်ရပ်ကို ရှုတ်ချခဲ့ကြပါသတဲ့။ ဒီမိုကရေစီခေတ် ကိုရီးယား လူငယ်တွေဟာ ကိုရီးယားလူမျိုးအချင်းချင်း သွေးစည်းညီညွတ်တဲ့ သမိုင်းသစ်ကို ပြန်ရေးချင်နေကြပြီ ဆိုတဲ့အကြောင်း အတွေးပွားစရာကောင်းအောင် ရေးသားတင်ပြထား တာကို တွေ့ရမှာပါ။

ဒီစာအုပ်မှာ အက်ဆေးတွေ၊ နိုင်ငံတကာရေးရာအတွေးအမြင်တွေ၊ ငြိမ်းချမ်းရေးဆိုင်ရာ သုံးသပ်ချက်တွေ၊ သတင်းစာ၊ စာပေ၊ဂီတ၊ အနုပညာ အကြောင်း ဆိုင်ရာတွေကို ရေးသားထားတဲ့ စာစု ၆၁ ပုဒ်ပါဝင်ပါတယ်။

နှစ်ကာလများစာပေကနေ တန် ဖိုး ၃ဝဝဝ ကျပ်နဲ့ ဖြန့်ချိလိုက်ပါပြီ။

 

နှင်း

ဆွေရည်လင်း

ခံစားထိရှလွယ်သလောက် အရာရာကို ပြည်ဖုံးကားချ မေ့လျော့လိုက်ဖို့ အမြဲအဆင်သင့်ဖြစ်နေတတ်တဲ့ ကျွန်မမှာ သိမ်းဆည်းထားတဲ့ ဒိုင်ယာရီစာမျက်နှာများ ရှိမနေခဲ့ပါ။

ရင်နဲ့အမျှခံစားရလို့ တစ်စုံတစ်ရာ ပြောချင်လာတဲ့အခါ အတိတ်ဟောင်းရဲ့ စာမျက်နှာများဟာ စိတ်နဲ့ရေးတဲ့ ဒိုင်ယာရီ ...

နှင်းဝတ္ထုရဲ့ အဖွင့်စာမျက်နှာက ကောက်နုတ်ချက်ဖြစ်ပါတယ်။

မိုးနှင်းမြူဆိုတဲ့ မိန်းကလေး တစ်ယောက်ရဲ့ ဘဝဖြတ်သန်းမှု၊ စိတ်ခံစားမှုတွေကို မိုးနှင်းမြူက ပြန်ပြောပြနေပုံမျိုး ရေးဖွဲ့တင်ပြထားတဲ့လုံးချင်းဝတ္ထုဖြစ်ပါတယ်။

ငယ်စဉ်ကတည်းက မိဘတွေဆုံးပါးခဲ့လေတော့ အဒေါ့်အိမ်မှာ မှီခိုနေထိုင်ရင်း စိတ်ဒဏ်ရာတွေ ခံစား ခဲ့ရတဲ့ မိုးနှင်းမြူရဲ့ငယ်ဘဝ၊ စိတ်ဒဏ်ရာတွေရပေမယ့် အားမလျှော့ဘဲ ဘဝကိုရင်ဆိုင်ခဲ့တာကြောင့် ဆေးကျောင်းတက်ခွင့်ရခဲ့တဲ့ မိုးနှင်းမြူရဲ့ ဆေးကျောင်းသူဘဝ၊ ဆေးတက္ကသိုလ် နောက်ဆုံးနှစ်မှာ အဒေါ့် ယောက်ျားရဲ့တူဖြစ်သူက အပိုင်ကြံဖို့ အဓမ္မကြိုးစားတာကြောင့် ချစ်သူနဲ့လိုက်ပြေးရင်း အိမ်ထောင်သည်ဘဝ ရောက်ခဲ့သူ မိုးနှင်းမြူရဲ့ဘဝ၊ အိမ်ထောင်သည်ဘဝ ရောက်ခဲ့ချိန်မှာလည်း ချစ်သူမိုးသစ်က  ကြင်နာခဲ့ပေမယ့် မကြည်ဖြူတဲ့ မိုးသစ်ရဲ့ မိသားစုအဝန်းအဝိုင်းမှာ မျက်နှာငယ်နေရရှာတဲ့ မိုးနှင်းမြူရဲ့ဘဝတွေကို ခံစားရင်ဖွင့် တင်ပြထားတာပါ။

မိုးသစ်ကလည်း သူ့အပေါ်ချစ်၊ သူကလည်း မိုးသစ်အပေါ်ချစ်ပေမယ့် မခွဲချင်ကြဘဲ မိုးသစ်နိုင်ငံခြား ထွက်သွားရပုံတွေ၊ မိုးသစ်နိုင်ငံခြားမှာ အိမ်ထောင်ကျသွားပုံတွေ၊ ဘဝအခြေအနေ ခေတ်အခြေအနေရ မိုးသစ်နဲ့ ဝေးသွားပေမယ့် မိုးသစ်ကို မိုးနှင်းမြူ တမ်းတနေပုံတွေကို အထူးပြုခံစား ရေးဖွဲ့ထားတာကို တွေ့ရမှာပါ။

ယောက်ျားတစ်ယောက်ရဲ့ လှည့်ဖြားမှုကို ယုံကြည်မိပြီး နောက်အိမ်ထောင်ပြုခဲ့မိလို့ အိမ်ထောင်ရေးဒဏ်ရာ ဒဏ်ချက်တွေ ခံစားနေရရှာသူ ဆရာဝန်မလေး မိုးနှင်းမြူရဲ့ ခံစားချက်ကိုလည်း အိမ်ထောင်ရေးကံ မကောင်းရှာသူ အမျိုးသမီးတွေရဲ့ ကိုယ်စား ရင်ဖွင့်တင်ပြထားပါတယ်။

ငယ်ဘဝကစလို့ လူကြီးပိုင်း အရွယ်ရောက်တဲ့အထိ မိုးနှင်းမြူရဲ့ ဘဝဖြတ်သန်းမှု၊ စိတ်ခံစားချက်တွေကို ၁၉၆၂ စစ်အာဏာသိမ်းပြီး နောက်ပိုင်းကာလ ခေတ်သမိုင်းပုံရိပ်တွေ၊ ၁၉၈၈ အရေးတော်ပုံ မြင်ကွင်းနောက်ခံတွေနဲ့ တင်ပြထားတာကို တွေ့ရမှာပါ။ ခက်ခဲကျပ်တည်းတဲ့ခေတ်စနစ်ကြီးထဲ၊ မေတ္တာတရား ခေါင်းပါးသူတချို့နဲ့ တွေ့ကြုံခဲ့ရတဲ့ အခြေအနေတွေထဲကနေ ကိုယ့်ကိုယ်ကိုယ် ရှင်သန်နေအောင် ဖြတ်သန်းခဲ့ရသူ အမျိုးသမီးတစ်ယောက်ရဲ့ ရင်ထဲက ဒိုင်ယာရီတွေကို စိတ်ခံစားမှု ဝတ္ထုအသွင် ဖန်တီးရေးဖွဲ့ထားခြင်းဖြစ်ပါတယ်။

စိတ်ကူးချိုချိုအနုပညာကနေ တန်ဖိုး ၂ဝဝဝ ကျပ်နဲ့ ဖြန့်ချိလိုက်ပါပြီ။

ကိုဝိုင်း
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.