25-1-2018
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အကြမ်းဖက်မှုနောက်ပိုင်း မောင်တောနယ်စပ်မှ ကုန်သွယ်မှု ဆောင်ရွက်နေသည့် ကုမ္ပဏီ ဆယ်ခုလျော့ကျသွား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1047
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
စာပေနှင့် အနုပညာ
ဇော

ဒီရုပ်ရှင်ဇာတ်ကားဟာ ဂျာမန်ဇာတ်ကားသစ်တစ်ကားဖြစ်ပါတယ်။ ကိန်းရုပ်ရှင်ပွဲတော်မှာ ဆုရရှိခဲ့ပြီး၊ ဇာတိနိုင်ငံ ဂျာမနီမှာ ၂ဝ၁၇ နိုဝင်ဘာ ၂၃ ရက်နေ့ကပြသပြီး နိုင်ငံတကာရုံတွေမှာ မပြသသေးပါဘူး။

ဂျာမန် ဒါရိုက်တာ 'ဖက်တီအကင်း' ရိုက်ကူးတာဖြစ်ပြီး ဂျာမန်မင်းသမီး 'ဒိုင်ယာနေးကရူဂျာ'က အဓိက ဇာတ်ကောင်အဖြစ် သရုပ်ဆောင်ပေးထားပါတယ်။  ဒီဇာတ်လမ်းထဲမှာ သူမရဲ့အဓိက ဇာတ်ကောင်နာမည်က 'ကတ်ဂျာ' ဖြစ်ပါတယ်။

သူမဟာ ကျောင်းသူတစ်ယောက်ဘဝနဲ့ အခြားသောဘဝတွေကိုပါ ပူးတွဲဖြတ်သန်းနေသူ တစ်ယောက်ပါ။ ငယ်ရွယ်နုပျိုလတ်ဆတ်ခြင်း၊ သွက်လက်ခြင်းတွေနဲ့ မိန်းကလေးတစ်ယောက်ရဲ့ လွတ်လပ်မှုတွေနဲ့ နေထိုင်ပါတယ်။ ကျောင်းသူတစ်ယောက်လည်းဖြစ်ပြီး မူးယစ်ဆေးဝါးကို မိမိကိုယ်တိုင်လည်း သုံးစွဲသလို ရောင်းချသူတွေနဲ့လည်း ပတ်သက်ပါတယ်။ သူမ အဓိကနှစ်သက် တာကတော့ ဆေးခြောက်ရှူခြင်းပါပဲ။

တစ်နေ့တော့ မူးယစ်ဆေးဝါးရောင်းဝယ်တဲ့ လောကထဲက ကာ့ဒ်လူမျိုး 'နူရီဆီကာချီ' ဆိုသူနဲ့ သံယောဇဉ်တွယ်ပြီး နှစ်ဦးသဘောတူလက်ထပ်ကာ 'ဟမ်ဘူမြို့'မှာ နေထိုင်ကြပါတယ်။ 'နူရီဆီကာချီ' ဟာ 'ကတ်ဂျာ'နဲ့ လက်ထပ် မိတဲ့အချိန်ကစပြီး မူးယစ်ဆေးဝါး မှောင်ခိုလုပ်တဲ့ ဒုစရိုက် အသက်မွေးမှုကို စွန့်လွှတ်လိုက်ပါတယ်။ တကယ်တော့ သူတို့နှစ်ယောက် ဒီလိုလက်ထပ်ပေါင်း သင်းဖို့ကို မိန်းကလေးဘက်ကရော၊ ယောက်ျားလေးဘက်ကပါ နှစ်ဘက်မိဘတွေက သဘောမတူကြပါဘူး။ အဲဒါတွေကို ဆန့်ကျင်ပြီး မိန်းကလေး 'ကတ်ဂျာ' ဟာ 'နူရီဆီကာချီ' ထောင်ကျနေဆဲမှာပဲ လက်ထပ်ယူလိုက်တာ ဖြစ်ပါ တယ်။

မနက်ဖြန်ပေါင်းများစွာရဲ့ အနာဂတ်အသစ်တွေအတွက် မိသားစုဘဝ ရပ်တည်ဖို့ဆိုပြီး အဲဒီရည်ရွယ်ချက်နဲ့ 'နူရီဆီကာချီ'ဟာ ထောင်ထဲမှာကတည်းက ဘဝအတွက် မှန်ကန်အသက်မွေးဝမ်းကျောင်းဖြစ်မယ့် စီးပွားရေးဆိုင်ရာ ဘာသာရပ်တွေကို လေ့လာသင်ယူခဲ့ပါတယ်။ ဒီလိုနဲ့ သူအပြင်ရောက်ပြီး ချစ်ဇနီးလေး 'ကတ်ဂျာ' နဲ့ ဟမ်ဘုမြို့မှာ နေထိုင်တဲ့အခါမှာ ဘာသာပြန်ဌာနနဲ့ အခွန်ဆိုင်ရာ ဌာနမှာအလုပ်ရပြီး 'ရော့ကို' ဆိုတဲ့ သားလေးတစ်ယောက် မွေးဖွားပြီး ပျော်မဆုံးဘဝနဲ့ နေကြပါတယ်။

ဒီလိုနဲ့ နေ့တစ်နေ့ရဲ့ နေ့လယ်ခင်းတစ်ခုမှာ 'ကတ်ဂျာ'ဟာ ငါးနှစ်သား အရွယ်သားလေးဖြစ်သူ 'ရော့ကို'ကို ယောက်ျားဖြစ်သူ နူရီဆီကာချီရဲ့အလုပ်က ရုံးခန်းထဲမှာထားခဲ့ပြီး သူမအလုပ်ကို သွားခဲ့ပါတယ်။ ညနေရောက်တော့ သားဖြစ်သူကို ပြန်ခေါ်ဖို့အလာမှာ အဆောက်အအုံ ပတ်လည်မှာ ရဲကားတွေနဲ့ လမ်းတွေပိတ်ထားတာတွေ့လို့ မေးလိုက်တော့ ''အမျိုးသားတစ်ယောက်နဲ့ ကလေးငယ် တစ်ယောက် ဗုံးကွဲမှုကြောင့်သေသွား''လို့ ဆိုပြီး ရဲတစ်ဦးက ပြန်ဖြေပါတယ်။ နောက်စစ်ဆေးမှု တွေပြုလုပ်ပြီးတဲ့အခါမှာတော့ 'ကတ်ဂျာ'ဟာ သူမရဲ့ ယောက်ျားနဲ့သားဖြစ်တယ်ဆိုတာ သေချာသွားပါတယ်။

'ကတ်ဂျာ' ဟာ သူမရဲ့အတွေးထဲမှာ ပုံရိပ်တစ်ခုပြန်ပေါ်လာတယ်။ သားလေးကို ရုံးခန်းမှာထားပြီး ပြန်ထွက်လာခဲ့တုန်းက ရွှေရောင်ဆံပင်နဲ့ အမျိုးသမီးတစ်ဦးကိုတွေ့ခဲ့တယ်။ အဲဒီအမျိုးသမီး စက်ဘီးကို သော့မခတ်လို့တောင် စက်ဘီးပျောက်သွားနိုင်တယ် လို့ သူမသတိပေးခဲ့သေးတယ်။ ပြီး တော့ စက်ဘီးပေါ်ကခြင်းထဲမှာလည်း အနက်ရောင် အထုပ်တစ်ထုပ်ကို တွေ့လိုက်တယ်။  ဒါတွေကို ရဲကိုပြောပြတော့ မူးယစ်မှောင်ခိုသမားတွေက လက်စားချေတာဖြစ်မယ်လို့ ရဲတွေက သုံးသပ်ပြပါတယ်။

သူမရဲ့ ယောက်ျားဟာ ကာ့ဒ်လူမျိုးဖြစ်တာကြောင့် အဲဒီသမိုင်းနဲ့ ဆက်စပ်လိမ့်မယ်လို့ သူမတွေးတော ယူဆလိုက်ပါတယ်။ ရဲတွေက  'နီယို နာဇီဝါဒီ' လူငယ်တွေဖြစ်တဲ့ သံသယရှိသူ လူငယ်နှစ်ယောက်ကို ဖမ်းဆီးပြီး ရုံးတင်ခဲ့ပါတယ်။ ရုံးတော်နာကြားမှုတွေမှာ သိပံ္ပပညာရှင်သက်သေများကလည်း ဒီဗုံးခွဲမှုနဲ့ ပတ်သက်ပြီး အတတ်နိုင်ဆုံး ပြည့်စုံအောင် ဖော် ထုတ်ကြပါတယ်။

'ကတ်ဂျာ'ကို 'ဒယ်နီလိုဖာဗာ'ဆိုတဲ့ ရှေ့နေက ကူညီနေပါတယ်။ ဒါပေမယ့်  သူတို့နှစ်ယောက်ဟာ နာဇီ အက်စ်အက်စ် အရာရှိလို သွေးအေးပြီး ကောက်ကျစ်ရက်စက်တဲ့အတွင်း   သဘောမျိုးရှိတဲ့ 'ဟာဘေဘက်'ဆိုတဲ့ ရှေ့နေနဲ့ ရင်ဆိုင်နေကြရပါတယ်။ ပြီးတော့  'ကတ်ဂျာ'ဟာ တရားခံနှစ်ဦးအဖြစ်  ရင်ဆိုင်နေကြရတဲ့ 'အန်ဒရေ' နဲ့  'အက်ဒါမွိုင်လာ'  တို့ရဲ့ ဖခင်တွေနဲ့ သွားရောက် တွေ့ဆုံခဲ့ပါတယ်။ သူတို့က 'ကတ်ဂျာ' ကို ကော်ဖီသောက် ကိတ်မုန့်စားဖို့ ဖိတ် ခေါ်ပါတယ်။ အဲဒီမှာ အမှတ်မထင် ရေချိုးခန်းထဲက ပင်လယ်ဓားပြလှေလေးကို မြင်တွေ့လိုက်တော့ ကတ်ဂျာဟာ သားဖြစ်သူနဲ့ လင်ယောက်ျားကို ပိုပြီး သတိရလွမ်းဆွေးသွားပါတယ်။

ပြီးတော့ အဲဒါတွေကိုမြင်ပြီး ကတ်ဂျာတစ်ယောက် လောကကြီးထဲက လူအမျိုးမျိုးတွေရဲ့ ကောက်ကျစ် ယုတ်မာမှုတွေ၊ ရက်စက်ကြမ်းကြုတ်မှုတွေ၊ လိမ်လည်လှည့်ဖြားမှုတွေကို  မြင်ယောင်လာပြီး ရင်ထဲမှာ အရမ်းနာကြဉ်းစိတ်တွေဝင်လာနေသလို၊ စိတ်ပျက်စရာ လောကကြီးမှာလည်း သူမဆက်မနေချင်တော့လောက်တဲ့ အထိကိုပဲ ဖြစ်လာနေပါတော့တယ်။

တရားခံတွေဖြစ်ကြပြီး သံသယနဲ့  အဖမ်းခံထားရတဲ့ 'အန်ဒရေ'နဲ့ 'အက်ဒါမွိုင်လာ'တို့နှစ်ယောက်ရဲ့ ဘက်ကနေလိုက်ပေးတဲ့ရှေ့နေက  အထောက်အထားခိုင်ခိုင်လုံလုံနဲ့တင် ပြလာနိုင်ခဲ့လို့ဆိုပြီး (ဒီတရားခံတွေနဲ့ ဒီပြစ်မှုဟာ အမှန်တကယ် အပြစ်ရှိ ကြောင်းအားလုံးအတွက် သိသာထင် ရှားနေပေမယ့်လည်း) ရုံးတော်က ဒီအမှုကို ပြစ်ဒဏ်ကျခံစေခြင်း မရှိခဲ့ ပါဘူး။

အဲဒီတော့ မိန်းမသားတစ် ယောက်ဖြစ်တဲ့ ကတ်ဂျာဟာသားလေးရော့ကိုနဲ့ လင်ယောက်ျားဖြစ်သူ နူရီဆီကာချီတို့နှစ်ယောက်အတွက် အတော်ကိုခံပြင်းသွားပါတယ်။ တရားမျှတမှုကိုရအောင် ပြန်ယူမယ်။ ငါလက်စားချေပစ်မယ်ဆိုပြီး ရင်ထဲမှာ ကြုံးဝါးဆုံးဖြတ်လိုက်ပါတော့ တယ်။

အဲဒီလိုနဲ့ ဗုံးကွဲပြီးတဲ့ နောက်ပိုင်း ရဲတွေလည်း အထောက်အထားတစ် စုံတစ်ရာမရမတွေ့ရှိဘဲ အရာရာအတွက် ယောင်ဝါးဝါးဖြစ်နေကြတဲ့ အချိန်မှာ ကတ်ဂျာဆိုတဲ့  ဒီအမျိုး သမီးလေးခမျာမှာ လောကအလယ် ကူကယ်ရာမဲ့ပြီး စိတ်ဓာတ်တွေကျ ဆင်းနေပုံကို သရုပ်ဆောင်တဲ့အခန်း ဟာ ကင်မရာရဲ့ အပေါ်စီးက ရိုက် ချက်တွေနဲ့ ကြည့်မိသူတိုင်းအတွက် တအံ့တသြဖြစ်စေပါတယ်။

အဲဒီမှာ နောက်ဆုံး အရာရာ အားလုံးကို အရှုံးပေးလိုက်တဲ့ ပုံစံမျိုး နဲ့ ရေချိုးကန်ထဲမှာ ကတ်ဂျာဟာ လက်ကသွေးကြောကိုဖြတ်ပြီး ကိုယ့်ကိုယ်ကို သတ်သေဖို့ ကြိုးစားလိုက်တာကို တွေ့ကြရမှာဖြစ်ပါတယ်။ အဲဒီ အချိန်မှာ တယ်လီဖုန်းက အသံမြည်လာပါတယ်။ ကတ်ဂျာဟာ ဖြည်း ဖြည်းချင်းအားယူကာ ထလာခဲ့ပြီး ဖုန်းကို ကိုင်လိုက်ပါတယ်။

ဝင်လာတဲ့ဖုန်းက ရဲတွေဆီကပါ။ ရဲတွေက ရုံးတော်က ပြစ်ဒဏ်ချမှတ် ခြင်းမရှိဘဲ လွှတ်ပေးလိုက်တဲ့ သံသယတရားခံ 'အက်ဒါမွိုင်လာ'ကို ကျွန်တော်တို့ရဲတွေက ပြန်ဖမ်းလိုက်ပါပြီဆိုတဲ့စကားပါပဲ။ အဲဒါကို ရဲတွေ မပြောခင်အမှန်တကယ်ပြောလိုက်သူကတော့ သူမကို ကူညီနေတဲ့ ရှေ့နေ 'ဒယ်နီလိုဖာဗာ' ဖြစ်ပါတယ်။

သူမချက်ချင်းဆိုသလို ခန္ဓာကိုယ်ထဲမှာ ခွန်အားတွေ ပြန်ဝင်လာတယ်။ အလင်းရောင်တစ်ခုကို ဖမ်း ဆုပ်နိုင်သလိုလည်း ခံစားလိုက်ရတယ်။ တယ်လီဖုန်းရဲ့ စကားအဆုံးမှာပဲ  သူမရဲ့ သွေးတွေအလိမ်းလိမ်း ပေကျံနေတဲ့ ခန္ဓာကိုယ်ကို ပြတ်သားတဲ့ စိတ်ဓာတ်နဲ့ ရေချိုးကန်ထဲကနဲ့ ထလိုက်ပါတယ်။

အလျင်တုန်းက စိတ်ပျက်လက်ပျက်နဲ့ ဘဝကို အရှုံးပေးတော့မယ့် သူမဟာ ဖုန်းဝင်လာပြီးတဲ့ နောက် ...

အရမ်းကောင်းတဲ့ ရုပ်ရှင်ကားတစ်ကားဖြစ်လို့ ဈေးကွက်ထဲရောက်  လာရင်မဖြစ်မနေကြည့်ကြစေချင်ပါ တယ်။

'ကိန်း' ရုပ်ရှင်ပွဲတော်ဆုနဲ့အတူ နိုင်ငံတကာက ရုပ်ရှင်ပညာရှင်တွေက ဒါရိုက်တာရဲ့ ဝှက်ဖဲတစ်ခုကို အမျိုးမျိုးဝေဖန်နေကြတယ်လို့ ဆိုပါတယ်။ သူတို့ ဝေဖန်နေတာက ''ကတ်ဂျာတို့ လင်မယားဟာ လက်လုပ် လက်စားဖြစ်ပါလျက်နဲ့ ခြံအကျယ်ကြီးမှာ အိမ်အကြီးကြီးနဲ့ အကောင်း စားကားတစ်စီးကို ဘာကြောင့် စီးပြီး နေနိုင်ကြတာလဲ'' ဆိုတဲ့ အချက်တွေပါပဲ။

ဝင်းကိုမောင်

ဝင်းကိုမောင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.